Pages

Monday, October 25, 2010

သီးညီနောင် နှင့် အမျိုးသမီးငယ် လူရွှင်တော်လေးများ...




သီးညီနောင် ညီအကိုများနဲ့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ အမျိုးသမီးငယ်လေးများ၏ အငြိမ့်အဖွဲ့တို့ ပူးပေါင်းပြီး၂၀၁၀ အနုပညာ စိန်ခေါ်သံ ဖျော်ဖြေမှု အစီအစဉ်ကို ၂၃.၁၀.၂၀၁၀ တွင် ချင်းမိုင်တက္တသိုလ် အနုပညာခန်းမ၌ တင်ဆက်ခဲ့ရာ ပရိတ်သတ် အမြောက်အများ အားပေးကြည့်ရှု ခဲ့ကြပါတယ်။

ယင်း အစီအစဉ်ကို အခက်အခဲနဲ့ မပြည့်စုံမှု အမျိုးမျိုးကြားထဲမှ စီစဉ်တင်ဆက် ခဲ့ရကြောင်း သိရပေမဲ့လည်း အစီအစဉ် ပထမပိုင်းတွင် သီးညီနောင်အဖွဲ့မှ ကိုဇီးသီးရဲ့အမေကို ရည်စူးပြီး ဖွဲ့ဆိုထားသော တေးသီချင်းလေးဖြင့် ပရိတ်သတ်၏ နှစ်ခြိုက်စွာ အားပေးမှုကို ရရှိခဲ့သည်။

ဆက်လက်ပြီး မင်းသမီး မြစပယ်ငုံရဲ့ ရုပ်သေးကဏ္ဍ တင်ဆက်မှု၊ နောက်ခံအဆိုနဲ့ အကပဒေသာ အပြီးတွင် (နှစ်ရှည် အကျဉ်းကျခံနေရသော ပြည်သူ့ အချစ်တော် ကိုဇာဂနာ၏ လက်ရာဖြစ်သည့်) လက်ရှိ မြန်မာပြည်လူထုရဲ့ ရင်တွင်းခံစားချက်များကို ဖေါ်ထုတ်ပြသထားသည့် ကြွပ်ကြွပ်အိတ် စစ်ဆင်ရေး တခန်းရပ် ပြဇာတ်ကို ပရိသတ်ကြီး သဘောခွေ့အောင် တင်ဆက်သွားခဲ့ပါတယ်။

တဖန် ကိုကြယ်သီး ကိုယ်တိုင် ရေးဖွဲ့ပြီး သီဆိုတင်ဆက်သော နွေမှာတေးဆို ခွပ်ဒေါင်းအို သီချင်းမှာလည်း ပရိသတ်ရင်ကို ထိမှန်ခံစားစေသည့် မြန်မာနိုင်ငံ အရေးအတွက် သတိပေး နိုးကြား စေလိုက်သော ပရိသတ် အကြိုက်သီချင်းလေး တပုဒ်ဖြစ်ပါတယ်။

ဒုတိယ ပိုင်းမှာတော့ အမျိုးသမီးငယ် လူရွှင်တော်လေးများနဲ့ မင်းသမီးလေး သဲသဲတို့ရဲ့ အငြိမ့်ခွင်ဟာလည်း အစီအစဉ် ပြီးဆုံးသည့် တိုင်အောင် ပရိသတ်ကြီးကို မငြီးငွေ့စေဘဲ လက်ရှိမြန်မာပြည်ရဲ့ အခင်းအကျင်း၊ မတရားတဲ့ ရွေးကောက်ပွဲ အကြောင်းနဲ့ ပြည်သူတို့ရဲ့ ခံစားချက်တွေကို ကွက်ကွက်ကွင်းကွင်း ထင်မြင်လာအောင် ဖန်းတီးထားတဲ့ ပျက်လုံးနှင့် ဇာတ်လမ်းလေးများမှာ တ၀ါးဝါးနဲ့ ဟားရအောင် အာပါးတရ မနားတမ်း တင်ဆက်သွားခဲ့ပါကြောင်း ...။



ဓါတ်ပုံ မင်ဦး (ဧရာဝတီ)၊ Ying Tzarm

မင်းဦး

8 comments:

  1. where can I see this movie?

    ReplyDelete
  2. သီးညီနောင်နဲ့  သီး၎သီး ဘာကွာလဲဟင်းးးးး ကွဲကြပြန်ပြီလာ?????

    ReplyDelete
  3. အရမ်းကြည့်ချင်လှပြီ... ဘယ်မှာ ကြည့်ရမလဲ၊ လုပ်ကြပါဦး။ ။

    ReplyDelete
  4.ုကိုကိုOctober 27, 2010 at 12:14 PM

    သီးလေးသီးကနေ တသီးပဲ့ထွက်သွားတော့ သီးညီနောင်ဖြစ်သွားပါတယ်ကွယ်

    ReplyDelete
  5. I was just wondering where could I find the video. Would you mind, please share this with us. Thanks for the information

    ReplyDelete
  6. ဘယ်မှာကြည့်လိုရမလဲမသိဘူး.....တကယ်လိုကြည့်လိုရမယ်ဆိုရင်ကြည့်ချင်ပါတယ်....ကျွှန်တော်တိုလည်းခံစားချင်လိုပါ.....သီးလေးသီးတင်ဆက်တဲ့လက်ရာမြောက်ပျက်လုံးတွေကိုပေါ့ဗျာ....

    ReplyDelete
  7. ကြည့်ချင်ပါတယ်သီးလေးသီးရဲ့ပျက်လုံးတွေကိုပါ...ကျွှန်တော်တို့လည်းခံစားချင်လိုပါ....သိခဲ့ရင်ပြောပြပေးပါနော်ဘယ်လိုကြည့်ရမလဲဆိုတာကိုကျေးဇူးတင်ပါတယ်...

    ReplyDelete
  8. i also really want to watch this video, how to watch? if there has
    video please send me .

    ReplyDelete