အထူးရဲသတင်း တပ်ဖွဲ့ (SB) ကနေပြီးတော့ ထောင်ထဲမှာ ရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို သွားတွေ့ပြီး အောက်တိုဘာ ၂၅ (ဒီနေ့) မှာ လွှတ်ပေးမယ်လို့ ပြောတယ်လို့ သိရပါတယ်။
အင်းစိန်၊ သာယာဝတီ၊ သရက်၊ မြင်းခြံ၊ တောင်ငူ၊ မန္တလေး စတဲ့ ထောင်တွေမှာပါ။ နိုင်ငံရေး အကျဉ်းသား တချို့အပါအဝင် အကျဉ်းသားတွေကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၀၁ (၁) အရ ၀န်ခံကတိစာချုပ်မှာ လက်မှတ်ထိုးစေပြီးမှ လွှတ်မယ်လို့ သိရပါတယ်။
တချို့ အကျဉ်းသားတွေကတော့ လွတ်ရက်စေ့ခါနီးနေပါပြီတဲ့။ ပြည်တွင်းက ပေးပို့လာတဲ့ သတင်းပါ။
ရွေးဂေါက်ပွဲနီးလို့လှည့်ကွက်တစ်ခုသာဖြစ်ပါသည်။သူတို့ဘက်ကအသာစီးမရလျှင်
ReplyDeleteအချိန်မရွေးထောင်ထဲသို့အဆင်ပြေသည့်ပုဒ်မဖြင့်ပြန်ထည့်ပါလိမ့်မည်။ထောင်က
လွတ်လာမည့်နိုင်ငံရေးသမားများ ၀ိပသနာတရားစခန်းသို့သာသွားသင့်ပါသည်။
ဒါမှမဟုတ်ထမင်းစားချိန်မှလွဲပြီးပါးစပ်တွင် ပလာစတာကပ်ပြီးနေသင့်ပါကြောင်း
နိုင်ငံရေးအကျဉ်းသားများအတွက် ၀န်ခံချက်ကတိစာချုပ်ဆိုသည်မှာ...
ReplyDelete၂၀၀၈ အခြေခံဥပဒေကို လက်ခံမလား..
၂၀၁၀ ရွေးကောက်ပွဲဟာ တရားမျှတမှုရှိသလား..
ဒါကို အိုကေ တယ်။ အားလုံး ဂွတ်တယ်လို့ ၀န်ခံလက်မှတ်ထိုးတဲ့သူသည် မုချမသွေ လွတ်မြောက်နိုင်ပါ၏။