Pages

Wednesday, October 27, 2010

ရယ်လိုက်ရတာ ဖတ်ဖတ်မော ရင်ဘတ်နောက်က ကျော

ဒီလအတွက် အကောင်းဆုံးဟာသဆိုပြီး ပြည်တွင်း အင်တာနက်သုံးစွဲသူတဦးက ပေးပို့လာလို့ ဖတ်ကြည့်မိပါတယ်။ အာလားလား ... တကယ့်ဟာသပါပဲဗျာ။ ရယ်လိုက်ရတာ ဖတ်ဖတ်မော ရင်ဘတ်နောက်က ကျော လို့သာ ဆိုလိုက်ချင်ပါတယ်။

ကိုင်း...ဧရာဝတီပရိသတ်ကြီးလည်း ရယ်မောလိုတယ်ဆိုရင်ဖြင့် ရတနာပုံတယ်လီပို့ရဲ့ သတင်းထုတ်ပြန်ချက် အပြည့်အစုံကိုသာ ရှုစားကြပါခင်ဗျား ...

အောက်တိုဘာ ၁ ရက်နေ့မှ စတင်၍ ပြည်တွင်း၊ ပြည်ပ အင်တာနက်အသုံးပြုသူများ သုံးစွဲ၍ မရနိုင်အောင် ပြည်တွင်း အင်တာနက် ၀န်ဆောင်မှု လုပ်ငန်းများဖြစ်သည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံ တယ်လီပို့ ISP များသို့ Cyber တိုက်ခိုက်မှု နည်းလမ်းတစ်ခုဖြစ်သည့် DDoS ( Distributed Denial of Services ) Attack ဖြင့် ပြည်ပမှ ၀င်ရောက် တိုက်ခိုက်နေသည့်အတွက် တိုက်ခိုက်မှုရှိသည့် အချိန်တွင် အင်တာနက်များ သုံးစွဲ၍ မရနိုင်သော အခက်အခဲနှင့် ကြုံတွေ့နိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိပါသည်။

DDoS Attack မှာ အင်တာနက်သုံးစွဲသူ အတုအယောင်များ သန်းနှင့်ချီ၍ ISP များသို့ ၀င်ရောက် Access လုပ်သည့် နည်းလမ်း ဖြစ်ပြီး အင်တာနက် Bandwidth အားလုံး အတုအယောင် သုံးစွဲသူများနှင့် ပြည့်နှက်နေသဖြင့် အမှန်တကယ် သုံးစွဲသူများ အသုံးမပြုနိုင်စေရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် အင်တာနက်အသုံးပြု ၍ လုပ်ငန်းဆောင်ရွက်နေသည့် IT ကုမ္ပဏီများ၊ လေကြောင်းလိုင်း နှင့် ဟော်တယ်များ၊ အခြား စီးပွားရေးလုပ်ငန်းများ လုပ်ငန်းအဆက်အသွယ် ပြတ်တောက်သည့် ထိခိုက် ဆုံးရှုံးမှုများ ရှိနေပြီး အင်တာနက် ကဖေးဆိုင် အများစုမှာ Games ဆိုင်မှ လွဲ၍ ပိတ်ထားရသည့် အခြေအနေမျိုး ဖြစ်နေကြောင်း သိရှိရသည်။

အဆိုပါ Attack ၀င်ရောက်မှုအား ရှာဖွေဖေါ်ထုတ်ရန်နှင့် ကာကွယ်ရန်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရတနာပုံတယ်လီပို့ နှင့် မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း တို့မှ တာဝန်ရှိသူများ ပါဝင်သော mm CERT အဖွဲ့ ၊ ပြည်တွင်း ပြည်ပ ပညာရှင်များ ၊ APNIC ( Asia Pacific Network ) မှ တာဝန်ရှိသူများ ပြည်ပရှိ CNCRT, JPCERT အဖွဲ့များ ပူးပေါင်း၍ ၀ိုင်းဝန်းဆောင်ရွက်လျက် ရှိသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ အင်တာနေရှင်နယ် Bandwidth များအား အဓိက ငှားရမ်းပေးသည့် ပြည်ပ ကုမ္ပဏီတစ်ခု၏ အဆိုအရ တိုက်ခိုက်မှု အဆိုးရွားဆုံး အချိန်တွင် Attack ပမာဏ 5 Gb ခန့် ရှိသဖြင့် မြန်မာ နိုင်ငံသို့ ဆက်သွယ်သည့် အင်တာနက် Bandwidth များ အားလုံး ပြည့်ကျပ်ကုန်ကြောင်း၊ ယခုတိုက်ခိုက်မှုမှာ ISP များ၏ DNS Server ကို အဓိက ဦးတည်တိုက်ခိုက်နေကြောင်း သိရပါသည်။

ဒါတင်ပဲလား ... ဟုတ်သေးဘူး ... ပေးပို့လာသူက ဒီလိုလေးလည်း ပြောသွားသေးသဗျ ...

တိုက်ခိုက်တဲ့လူတွေက
နောက်လအထိ
အငြိုးကြီးကြီးနဲ့ တိုက်ကြမှာ မြင်ယောင်သေး (ရွေးဂေါက်ပွဲရှိလို့ လိုင်းထပ်ဖြတ်ထားမှာကို ပြောနေတာဗျ)

အစိုးရခင်မျာလည်း လှိမ့်ပိန့် ခံနေရရှာမှာနော်
တနားပါဒယ်

ဟုတ်ကဲ့ ... သူကတော့ ရွဲ့ပြီး အစိုးရကို သနားသွားတာဖြစ်ပေမယ့် သတင်းထောက်လေး မောင်ငပွေးကတော့ အင်တာနက်လိုင်း ပြတ်တောက်မှုကြောင့် စီးပွားရေးထိခိုက်ရတဲ့ ဟိုတယ်လုပ်ငန်းရှင်တွေ၊ လေယာဉ်လိုင်းတွေ ၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းနဲ့ အလုပ်သမားအေဂျင်စီတွေ ၊ အင်တာနက်ဆိုင်ရှင်တွေကို အမှန်တကယ် သနားနေမိကြောင်းပါဗျား.....အစိုးရမကောင်းတော့လည်း စီးပွားရေးသမား ခေါင်း ပေါ့ဗျာနှော ...

မောင်ငပွေး

7 comments:

  1. ဘာမှလဲ မရီရဘူး... ဟာသတဲ့

    ReplyDelete
  2. ညပိုင်းလေးပဲဖွင့်ပေးတယ်
    တိုက်တဲ့သူတွေက အိပ်ကုန်လို့လား
    ဟီး

    ReplyDelete
  3. ဟိုတယ်လုပ်ငန်းရှင်တွေ ၊ လေယာဉ်လိုင်းတွေ ၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းနဲ့ အလုပ်သမားအေဂျင်စီတွေ ၊ အင်တာနက်ဆိုင်ရှင်တွေအပြင်၇ပ်ဝေးနယ်ခြားကမိသားစုနှင်.
    on line
    ပေါ်တွင်တွေ.ဆုံ.၇န်ဆောင်.ဆိုင်းနေကြသူများအားလည်း
    သနားသင်.ပါကြောင်း...........

    ReplyDelete
  4. အင်တာနက်ပေါ်တယ်ကိုတိုက်တာ မသင့်ပါ။
    ဆိုင်တဲ့ နေရာကိုသာရွေးတိုက်ာကပါဟရို့ ။
    ဆိုင်တဲ့ သူကိုသာရွေးတိုက်ာကပါဟရို့ ။

    ReplyDelete
  5. တော်သေးတာပေါ့ တိုက်ခိုက်တဲ့သူတွေကိုပြောလိုက်ပါ
    ဒေါ်ကွိုင်ကွိုင်ကြီးကိုပါ တိုက်ပါလို့

    ReplyDelete
  6. အင်း...ငပြူးကပြဲတို. သူခိုးကလူဟစ်တို. စတဲ.စကားပုံတွေကိုသာ ပြန်အမှတ်၇မိပါ၇ဲ. ၇တနာပုံတယ်လီပို.ေ၇...အေးလေ သူတို.လဲခိုင်းတာလုပ်၇တာနေမှာကိုး ။

    ReplyDelete
  7.ိသူခိုးကပဲလူဟစ်နေရသေး...
    သူ့ ကိုဘယ်သူကတိုက်မှာလဲ...
    လက်တောင်ညောင်းသေး...
    လိမ်ရင်လည်းပိရိအောင်လိမ်ပေါ့...

    ReplyDelete