Pages

Thursday, October 21, 2010

ယတြာသဘောနဲ့ အလံသစ်ပြောင်းတာလား နအဖ ရယ်



ဒီန့ ညနေ ၃ နာရီမှာ နအဖ စစ်အစိုးရဟာ အလံသစ်ပြောင်းလဲ လွှင့်တင်တဲ့ အခန်းအနား ကျင်းပပါမယ်။ သူ့အလံသစ်မှာ အစိမ်းအဝါအနီ သုံးရောင်ခြယ်ပေါ်မှာ ကြယ်ဖြူကြီးတလုံး တွေ့ရပါတယ်။ ဒီအလံဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ အလံပါ။ အလံဟောင်းကို အင်္ဂါသားသမီး တွေက ဖြုတ်ချရမယ်။ ဗေဒင်သဘောအရဆို ဒီနေ့ဟာ ရက်ရာဇာလည်း ကျသပေါ့။ တချို့ကတော့ အင်္ဂါသားသမီးတွေကို အလံဖြုတ်ချခိုင်းတာဟာ အင်္ဂါသမီး ဒေါ်အောင်ဆန်းစုကြည်ကို နာမ်နှိမ်ချင်တဲ့သဘော ဖြစ်နိုင်တယ်တဲ့။ လောလောဆယ်တော့ ဧရာဝတီ ဘလော့ဂ် ပရိသတ်အနေနဲ့ ဒီလောက်ပဲ အမြည်းသဘော ဖတ်ထားကြပါ။ သတင်းအပြည့်အစုံကို ဧရာဝတီ သတင်းစာမျက်နှာမှာ တွေ့ရပါမယ်။

5 comments:

  1. အ၀ါရောင်က ရဟန်းသံဃာ၊ အစိမ်းရောင်က ကျောင်းသူ/သား၊ အနီရောင်က ရဲရင့်ပြတ်သား ပြည်သူများ........ကြယ်နဲ့ အုပ်မယ်လား???

    ReplyDelete
  2. အလံပြောင်းတဲ့သူတွေသတိသာထားကြပေတော့..........မင်းတို့ အလောင်းပြန်ရရင် ကံကောင်းတယ်မှတ်ပါ......

    ReplyDelete
  3. အလံပြောင်း ရင် အလောင်းပျံ တယ် ဆိုတဲ့ ဘရာသာ ကြီးတွေရဲ့ ဆိုရိုး ကြားဘူးပါတယ်.. အတိတ် ၁၉၇၃-၇၄ ဖြစ်ရပ်များကိုကြည့်ရင် ဟုတ်သလိုလိုဗျို့..

    ReplyDelete
  4. အလံပြောင်းပြီးရင် ဗိုလ်ချုပ်မှုးကြီး နဲ့  သူ့ မိသားစု သူ့ နောက်လိုက် တပ်မတော်သားတွေ အလံခိုးကြပါတော့မယ် ခင်ဗျား ... :P

    ReplyDelete
  5. အရူးစိတ်ချမ်းသာရင် တိုင်းပြည်ကြီးအေးချမ်းတယ် လို့  ပဲ ကြားဖူးပါတယ်...အခုတော့ အရူးဂိုဏ်းချုပ်ကြီး သန်းရွှေ နေ၀င်ခါနီးအရူးရင့် ပြီး စိတ်ထင်တိုင်း ကျဲတော့ မြန်မာပြည်လည်း ဇောက်ထိုး မိုးမျှော် ဖြစ်ရှာပြီ ခင်ဗျာ.. ကိုယ့်နိုင်ငံတော် အလံ တောင် မှ အလွတ် မပေးပါ လား ရူးချုပ်ကြီးတို့ ရယ်.....

    ReplyDelete