သတင်းထောက် မှတ်စု (၁)
တနေ့ တနေ့ သတင်းရဖို့ သတင်းချူရ၊ သတင်းနှိုက်ရ၊ မေးရ မြန်းရ စနည်းနာရ၊ မျက်စိနဲ့နားကို အကုန် ဖွင့်ထားရတဲ့ သတင်းထောက်ရဲ့ ဘ၀။
ပြည်ပကနေ ဖုန်းဆက်လို့ သတင်းဌာန နာမည်ပြောလိုက်တယ်ဆိုရင်ပဲ အစိုးရ ဌာနတွေက “ဂွပ်” ဆိုတဲ့ ဖုန်းချသံနဲ့ တုံ့ပြန်မှု ...။ သတင်းကို အချိန်မီ အော်ဒီတာ အဲယောင်လို့ အယ်ဒီတာဆီ မပြနိုင်ရင်လည်း အဟီး ... ရင်မောစရာ။
ရန်ကုန် အခြေစိုက် အစိုးရမဟုတ်သော လူမှုရေး အဖွဲ့အစည်း Myanmar Egress ကနေပြီး iVote စာတန်း ပါတီရှပ်တွေ ပြန်နေတာ သူတို့လက်ချက်လားလို့ ဒီနေ့ မေးဖြစ်တယ်။ သတင်းကို ဘယ်သူပြောတယ်ဆိုတာ အသေး စိတ်မပြောမချင်း ဖြေပိုင်ခွင့်မရှိဘူးဆိုတာရယ်၊ ဒီကိစ္စကို ဖြေဖို့ အထက်က သက်ဆိုင်ရာ လူကြီးတွေနဲ့ တိုင်ပင်ရအုံးမယ်ဆိုတဲ့ တုံ့ပြန်မှုလေးနဲ့ ရင်မောခဲ့ရတဲ့ သတင်းထောက် ဘ၀ကို နားလည်နိုင်ဖို့ ဗျူးထားတဲ့ အသံဖိုင်ကို ဧရာဝတီ ဘလော့ဂ် ပရိသတ်များ အတွက် ဝေမျှလိုက်ပါတယ်။
ကိုထွေး
I Vote by thargyi74
We understand you all. Thanks for your news.
ReplyDeleteပထမဦးဆုံးပြောချင်တာက ဒါက ပုဂ္ဂိုလ်ရေးကိစ္စမဟုတ်တဲ့အတွက် အီးဂရက်စ် အနေနဲ့ လုပ်ရင်လုပ်တယ် မလုပ်ရင်မလုပ်ဘူးလို့ ပြောရင်ဖြစ်ပါတယ်။ ဒီလိုအဖွဲ့အစည်းမျိုးက ကိုယ့်အဖွဲ့အစည်းရဲ့လှုပ်ရှားမှုတွေကို ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ထားသင့်ပါတယ်။ နောက်တစ်ခု မသိင်္ဂီဟာ သတင်းသမားတွေရဲ့ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို နားလည်ပုံမပေါက်ပါဘူး။ ဒါကြောင့် သူကပဲပြန်ပြီး သတင်းသမားကို ဒီသတင်းဘယ်ကရတာလဲတွေ ဘယ်သူပြောတာလဲတွေ မေးနေတာပါ။ သတင်းကမပြည့်စုံရင် မဖြေနိုင်ဘူးတဲ့။ သတင်းက မပြည့်စုံသေးလို့ပဲ၊ အတည်မပြုနိုင်သေးလို့ပဲ သူ့တို့တွေဆီက အတည်ပြုချက်ယူတာကို။ သူ့အနေနဲ့ မဖြေနိုင်ရင် ဖြေနိုင်မဲ့သူတစ်ယောက်ကို လမ်းညွှန်ပေးသင့်တယ်လို့ထင်တယ်။ ဝေငှပေးတဲ့ ဧရာဝတီကို ကျေးဇူးတင်ပါတယ်။ အင်းးးးး အီးဂရက်စ်လည်း ထင်သလောက်မဟုတ်ပါဘူး။
ReplyDeleteမေးတဲ့သူကလည်းရုပ်တည်ကြီးနဲ့ egress က လုပ်တဲ့ပုံနဲ့မေးနေတော့. ဖြေတဲ့လူက မဟုတ်ဘူးပြောရင်လည်း လိမ်တယ်ဖြစ်မယ်။ အဲတော့ မေးတဲ့လုကိုဘယ်သူပြောတာလည်းပြန်မေးတော့ သေချာမပြောနိုင်ဘူး။ ရှင်းရှင်းပြောရရင် ဘယ်သူလုပ်လဲသိချင်လိုအကျပ်ကိုင် စကားနှိုက်တဲ့ပုံစံကြီး။ ဟိုကလည်း ဧရာဝတီက ပြည်ပ အစိုးရဆန့်ကျင်ရေး site ဆိုတော့ ဘယ်သူကယုံမှာလဲ။ နည်းနည်းဆိုများများမကောင်းကြောင်းပြောတာသူတို့ကသိနေတာကို။
ReplyDeleteEconomy for Government မို့လို့ အင်တင်တင်လုပ်တာဖြစ်မှာပေါ့ဗျာ
ReplyDeleteနောက် တစ်ခါ အင်တာဗျူးထပ်လုပ်ပါ ဧရာဝတီ ခင်ဗျာ ..အဲ့ဒီ i vote တီရှပ်တွေက သူတို့ဆီကလုပ်တာပါ .. အထူးသဖြင့် နေ၀င်းမောင်ဦးဆောင်နေတာပါ .. အခု မသိင်္ဂီင်္ဖြေတဲ့ပုံစံက ကြောက်ကန်ကန်ပြီး ပြောနေတာပါ .. ဒီကိစ္စက တမင်သက်သက် တိုက်စစ် ဆင်တာပါ ..
ReplyDelete