Pages

Saturday, October 30, 2010

inter-pyet and ICT exhibitin 2010

ရန်ကုန်က အင်တာနက် သုံးသူတွေ ရေရေလည်လည် ဆဲနေကြပြီ။
အင်တာနက် နှေးလို့ မဟုတ်ဘူး။
အင်တာနက် ရပ်နေလို့။

တချို့က အင်တာပျက် လို့တောင် အမည် ပေးထားတယ်။
ဒီလိုအခြေအနေမှာ ဟောဒီသတင်း ဒီနေ့ သတင်းစာမှာ ပါလာတာပဲ။
အင်တာပျက်ကြောင့် အက်တာနက်ဆိုင်တွေ ပိတ်ထားရတယ် ဆိုတဲ့ အချိန်မှာ ဒီလို ပြပွဲ လုပ်တာ ဟာသရသ မမြောက်ဘူးလား)

အင်တာနက် သုံးတဲ့သူ တော်တော်များများက ဖုန်းဆက်ပြီး ပြောကြ ဆိုကြ ဆူကြတဲ့အခါ ဆာဗာအတိုက်ခံရတယ်၊ ပြည်ပက တိုက်တယ် ဒါကြောင့် အင်တာနက် ပျက်ရတယ် ဆိုတဲ့ အဖြေကို ရကြပါသတဲ့။

ဒီကနေ့ပဲ အင်တာပျက်သတင်းကို Eleven Media Group ၀က်ဆိုက်မှာ ရေးထား တင်ထားတာ ဖတ်လိုက်ရပါတယ်။ သတင်းမှာ ပါတဲ့ အသံ တခုက စိတ်ဝင်စားစရာ ကောင်းပါတယ်။ Eleven Media Group ရဲ့ CEO ဒေါက်တာသန်းထွဋ်အောင်ရဲ့ အသံပါ။

သူပြောတာက - "Cyber Attack ဖြစ်လို့ပါလို့ ခဏခဏအကြောင်းပြချက် မပေးပါနဲ့။ IT နားလည်တဲ့ Common Sense အသိဥာဏ်ရှိတဲ့သူတိုင်း သိပါတယ်။ မဖြစ်နိုင်ပါဘူး။ အင်တာနက်ကို Monopoly လုပ်ပြီး Freedom of Press ကို ထိပါးတာဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပါတဲ့ လူတစ်ဦးချင်းစီရဲ့ လွတ်လပ်စွာ ဖော်ထုတ်ပိုင်ခွင့်ကို ထိပါးရာ ရောက်ပါတယ်" တဲ့။


7 comments:

  1. မီဒီယာထဲမှာ EMG ဘဲ ရဲရဲဝံ၀ံထောက်ပြ နေတယ်လို့ ယုံကြည်မိတယ်...
    အင်တာနက်ကတော့ မျှော်လင့်မနေကြ ပါနဲ့ ... ရွေးကောက်ပွဲပြီးမှ ကောင်းလာမှာပါ....

    ReplyDelete
  2. ပြည်ပက မြန်မာ့အင်တာနက် ၀ဘ်ဆိုဒ်တွေကို တိုက်ခိုက်ဖို့ေ နနေသာသာ၊ အာဏာရူးတွေရဲ့ အရူးဇာတ်ခင်းနေတဲ့လုပ်ရပ်တွေကို ပြည်သူတွေ အမြန်ဆုံး သိရှိနိုင်ဖို့ 1000mbps အမြန်နုန်းလောက် နဲ့စီးဝင်နေအောင်ကို လုပ်ချင်နေကြတာဗျ။ အာဏာအလွဲသုံးစား လုပ်ပြီး မတရားပြုထားသမျှ ပေါ်မှာစိုးလို့ အမြန်နုန်းတွေလျော့၊ ဟိုဆိုဒ်ပိတ်၊ ဒီဆိုဒ်ပိတ်၊ ဟိုဟာမကြည့်ရ ဒီဟာမကြည့်ရလုပ် ထားတာနဲ့တင် ခင်ဗျားတို့ရဲ့ အင်တာနက်ကြီးက တိုက်ခိုက်စရာမလိုလောက်အောင်ကို ပျက်စီးနေပြီးသားပါဗျာ။ အင်တာနက်တိုက်ခိုက်ခံရတာတွေက ကမ္ဘာမှာ ဟိုနေရာ ဒီနေရာ ဟိုးလေးတကျော်ဖြ စ်လာတော့ ငါတို့လည်း ဒီလိုနည်းနဲ့အော်ကြည့်ရင်-ရမဟပေါ့။ ခက်တာက ခင်ဗျားတို့ ခြေ၊လက်၊ ပါးစပ် နည်းနည်းလှုပ်ရင် နည်းနည်းပေါ်၊ များများလှုပ်ရင် များများပေါ် - ရူးပုံနှမ်းပုံေ တွပြောပါတယ်။ ၀မ်းတွင်းရူးအာဏာငတိုတွေရေ-- တကယ်တော့ခင်ဗျား တို့နဲ့ ခင်ဗျားတို့ရဲ့မ ဟာမိတ်ကြီးမျာြး ဖစ်တဲ့ ပြည်သူတွေကို ဖိနှိပ်အုပ်ချုပ်နေတဲ့ တရုတ်၊ရုရှား၊ မြောက်ကိုရီးယား တို့ကသာ ပြည်သူပြည်သားကို ဦးထိပ်ထားတဲ့နိုင်ငံတွေရဲ့ဝဘ်ဆိုဒ်တွေကို Hack လို့တမျိုး၊ တိုက်ခိုက်လို့တ ဖုံ စုံအောင်နှောက်ယှက်နေတာ တကမ္ဘာလုံးက အသိပါဗျာ။ မဟုတ်မှလွဲရော -- ဆန်ကောလောက်မှ ဇောက်မနက်တဲ့ ဥာဏ်နီဥာဏ်နက်တွေနဲ့ ခင်ဗျားတို့နိုင်မယ်ထင်လို့ ကျင်းပတဲ့ရွေးကောက်ပွဲကို အမှောင်ချပြီး လုပ်မှဘဲ အနိုင်ရတော့မယ့် အနေအထားမို့ ကြံမိကြံရာ အော်မိအော်ရာ လုပ်မိလုပ်ရာ လုပ်လိုက်တာများ လား---လို့ဘဲ။

    ReplyDelete
  3. ဒေါက်တာသန်းထွဋ်အောင်မှန်ပါသည်။Cyber Attack တစ်ခုလုပ်ဖို့ဆိုသည်မှာလွယ်ကူသည့်ကိစ္စမဟုတ်ပါ။ရုပ်ရှင်ထဲမှဇာတ်လိုက်လိုခလုတ်သုံးလေးခုနှိပ်ရုံနှင့်တစ်နိုင်ငံလုံးမီးတွေမှောင်သွားအောင်လုပ်သ လောက်မလွယ်ပါ။
    Cyber Attack များ၏ရည်ရွယ်ချက်မှာ Internet ၏အဓိကရည်ရွယ်ချက်တစ်ခုဖြစ်သည့် ဆက်သွယ်ရေးစနစ်များနှောင့်နှေးကြန့်ကြာစေရန်ဖြစ်သည်။မြန်မာနိုင်ငံတွင် (အထူးသဖြင့်နိုင်ငံရေးနယ်ပယ်တွင်)အပြင်မှသတင်းအထဲရောက်ချင်းကထူးထူးခြားခြားအကျိုးသက်ရောက်မှုမရှိစေပါ။အထဲမှသတင်းအပြင်ရောက်ချင်းကသာအချို့ကိုထိခိုက်ဟန်ရှိပါသည်။ထို့ကြောင့်Internetချိတ်ဆက်မှုမရ ချင်းကိုနာမည်တပ်ရန်လိုလာသောအခါစီးပွားရေး၊စစ်ရေးအင်အားကြီးသော နိုင်ငံများတွင်အဖြစ်များနေသောCyber Attack ကြောင့်ဟုသာလူကြားကောင်းရုံပြောသည်ဟုထင်ပါသည်။

    ReplyDelete
  4. မသိရင် မသိသလိုနေတာ ကောင်းမယ်ထင်တယ်...Cyber Attack မခံရဘူးပြောရအောင် မင်းတို့ကိုယ်တိုင် သိလို့ပြောနေတာလား?ဘယ်လိုသက်သေ ပြချက်နဲ့ အတိုက်မခံရဘူးလို့ ပြောနိုင်မလဲ?

    ReplyDelete
  5. တနင်္သာရီတိုင်းဖက်မှ အင်တာနက် ကောင်းပါတယ်။ အင်း.. တခုခုပဲ

    ReplyDelete
  6. တနင်္သာရီမှာကောင်းမှာပေါ့ ယိုးဒယာ အင်တာနက်သုံးနေတာကို

    ReplyDelete
  7. "မသိရင် မသိသလိုနေတာ ကောင်းမယ်ထင်တယ်...Cyber Attack မခံရဘူးပြောရအောင် မင်းတို့ကိုယ်တိုင် သိလို့ပြောနေတာလား?ဘယ်လိုသက်သေ ပြချက်နဲ့ အတိုက်မခံရဘူးလို့ ပြောနိုင်မလဲ? "

    ဘယ်လိုသက်သေပြချက်နဲ့အတိုက်ခံရတယ်ကောပြောနိုင်သလဲ။?

    ReplyDelete