King Than Shwe?
(ကာတွန်းဟန်လေးရဲ့ လက်ရာ။ ဒါက နာဂစ်တုန်းက ပုံပါ။
အခု ဂီရိ ဖြစ်တော့လည်း အဲဒီပုံထဲက အတိုင်းပါပဲ။ )
မနေ့က ဧရာဝတီ သတင်းတပုဒ် ဖြစ်တဲ့ ကြံ့ဖွံ့ အင်အားတောင့်လို့ နိုင်မယ် ဆိုတဲ့ သတင်းမှာ စာဖတ်သူ တယောက်က ကော်မန့် ရေးသွားတာ စိတ်ဝင်စားစရာပါ။ အင်္ဂလိပ်လို ရေးထားပါတယ် သူက။
ဗိုလ်သန်းရွှေ သမ္မတ မဖြစ်ချင်ဘူး လို့ သူက သုံးသပ်ပါတယ်။ သရော်တာလည်း ဖြစ်နိုင်သလို ထင်ရာစိုင်းနေတဲ့ ဗိုလ်သန်းရွှေရဲ့ စိတ်ကူးကို ခန့်မှန်းကြည့်တာလည်း ဖြစ်နိုင်ပါတယ်။
သူ ပြောတာက -
တရားတဲ့နည်းဖြစ်ဖြစ် တရားမ၀င်နည်းနဲ့ ဖြစ်ဖြစ် ကြံ့ဖွံ့က ရွေးကောက်ပွဲမှာ နိုင်အောင်လုပ်မယ်။ လွှတ်တော်မှာ နေရာ အများဆုံး ရမယ်။ အခြေခံဥပဒေကို ပြန်ပြင်နိုင်မယ်။ ပြင်လိုက်တဲ့အတွက် ဗိုလ်သန်းရွှေက ဘုရင်သန်းရွှေ ဖြစ်လာပါမယ်။ သူ့မိသားစုက ဘုရင်စနစ် ထူထောင်ချင်နေတာ တဲ့။
ကျွတ်ကျဲသွားပြီ.. သင်းအဲလိုမလုပ်ဖူးလို့ မပြောနိုင်ဘူးဗျ..
ReplyDeleteဒီလိုအတိုင်းသာ မှန်မယ်ဆိုရင် သင်းတို့ ဘုရင်စနစ် မထူထောင်နိုင်အောင်အတွက် လွတ်တော်ထဲမှာ ဒီမိုကရေစီ အင်အားစု ၂၅% ကျော်ရှိဖို့ လိုနေပြီ
၂၅%နှုန်း မပြောနဲ့၊ ၀.၂၅% တောင်ရဖို့ စိတ်မကူးလေနဲ့၊ ဒီမိုအင်အားစုဆိုတာတွေကို ၀င်ရောက်အရွေးခံခိုင်းထားတာက ၂၀၁၀ အောင်နိုင်ရေးအတွက် အရံခွေးသက်သက်လုပ်ခိုင်းထားတာသာဖြစ်တယ်၊ ဒီမိုအင်အားစုဆိုတာတွေကို နောက်ကွယ်ကနေ ငွေကြေးထောက်ပံ့နေတာတွေက သက်သေပဲ...
ReplyDeleteမင်းတို့ကြိုက်တာလေးတွေ ကွန်မန့်ပေးရင်တော့ သဘောကျမှာပေါ့ကွာ..မင်းတို့ကိုအန်တီပြန်လုပ်ရင်တော့ မင်းတို့လည်းမကြိုက်လောက်ပါဘူးမောင်ဧရာဝတီရာ...:P လူဆိုတာ ဒီလိုပါပဲ ကိုယ်နဲ့ဆန့်ကျင်ဘက်မကောင်းပြောကြတာ သဘာဝပါပဲကွာ..:))
ReplyDeleteကွန်မန့်ရေးထားတာလည်း ပေါ်မလာသေးပါလား....
ReplyDeleteဆင်ဖြူတော် တွေတောင် ရောက်နေပြီ... ယတြာ ဘုရင်ကြီး စီးဖို့... တိုင်းပြည်ကလည်း ဆင်ဖြူတော်တွေများလာမှ မုန်တိုင်းကြီးပဲ ဝင်နေတယ်... သီတဂူ ဆရာတော်ကြီး ဟောထားတဲ့ တရားတော် တပုဒ်ထဲကလို ဖြစ်လာတော့မယ်...
ReplyDeleteဗိုလ် သန်းရွှေ သမ္မတ မဖြစ်ချင်ဘူး ဆို တာဖြစ် နိုင်ပါတယ်။ အကြောင်းက
ReplyDeleteသူလုပ်သမျှတွေအားလုံးက သူနဲ.သူ မိသားစု လုံခြုံရေးအတွက် ကို ဦးတည်
ပြီးလုပ်နေတာပါ။ သူမရှိတဲ.နောက်သူ. မိသားစုလုံခြုံရေး အတွက် အရမ်းစိုးရိမ်ပါတယ်။ သူ.ဘုရင်စနစ် ထူထောင်ချင်နေ တယ် ဆိုတာတော.မဖြစ် နိုင်ပါဘူး ။ သူ သမ္မတ လုပ်မယ်ဆိုရင့် သူ အတွက်ပိုပြီးအ န္တ္တ္တ္နရယ်ရှိတယ်ဆို တာသူသိပါတယ်။ တပ်ထဲမှာ ရောတပ်ပြင်မှာပါရန် သူတွေ
ွဝိုင်းနေတာပါ။ သူအနေနဲ.ရွေးကောက် ပွဲမလုပ် ပေးပဲ စစ်တပ်အုပ်ချုပ်ရေး
နဲ.ပဲဆက်သွားမယ်ဆိုရင်လဲဖြစ်ပါတယ်။ အဲ.ဒါဆိုရင် သူရုတ် တရက်ဆုံးပါး
သွားရင် သူမိသားစုအတွက်ပိုပြီး န္တ္တရယ်ရှိပါတယ်။ ဒါကြောင့်တစ်ချက် ခုတ်သုံးချက်ပျက်အောင်ရွေးကောက်ပွဲဆိုတဲ.စတန်.ကိုထွင်လိုက် တာပါ။
ရွေးကောက်ပွဲပြီးလို. အစိုးသစ်တက်လာသည်.တိုင်အောင် အာဏာကိုချက်ချင်းလွဲပေးဦးမှာမဟုတ်ပါဘူး။ စိတ်ချရတဲ.အခြေအနေထိ ဆက်ပြီးနောက်ကွယ် ကနေ ဆက်ပြီး ထိန်းထားမှာပါ။ ဒါကြောင့်လွတ်တော်ထဲမှာပါမဲ.စစ်တပ်ကိုယ် စားလှက်တွေကို ဂရုတစိုက်နဲ.ရွေးနေ တာပါ။
အို အကိုရယ်။သတင်းလောကဆိုတာစပွန်ဆာထောက်ပံ့မှရပ်တည် ရတာဆိုတော့ကာ၊စပွန်ဆာမကြိုက်တဲ့ကွန်မန့်ကိုဖေါ်ပြလို့မရဖူးလေ...:p
ReplyDelete