ကျောက်ဖြူခရိုင် ဥက္ကဋ္ဌ ဦးအောင်ကျော်ဇောကို ဂီရိ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ အမျိုးသမီးတဦးက အောက်တိုဘာ ၂၈ ရက်နေ့က ခေါက်ဆွဲခြောက် ထုပ်နဲ့ ပစ်ပေါက်လိုက်တဲ့သတင်းကတော့ ရခိုင်ဒေသမှာ ဟိုးလေးတကျော်ကျော် ဖြစ်နေပါတယ်။
သူ့ခမျာတော်တော့်ကို စိတ်နာသွားလို့ ဒီလိုလုပ်ပုံရပါတယ်။
စိတ်နာမယ်ဆိုလည်း နာလောက်ပါရဲ့။ ဝန်ကြီးဌာနတွေက လေဘေးဒုက္ခသည် တွေအတွက် ပေးထားတဲ့ ထောက်ပံ့ပစ္စည်းတွေကို ဦးအောင်ကျော်ဇောက အကုန်မှမပေးပဲကိုး (သူလည်း ဒုက္ခသည်ကြီးဖြစ်မှာပေါ့နော်)
ဒီပုဂ္ဂိုလ်ကြီးက ကောင်းမွန် အသုံးတည့်တဲ့ ပစ္စည်းတွေကို ကျတော့ ပေးချင်ယောင်ဆောင် ဓာတ်ပုံလေးရိုက် (မော်ဒယ်လ်ဘွိုင်းလုပ်ဖို့ တော်တော် ဝါသနာကြီးခဲ့ပုံပဲ) ပြီးတော့ သူ့အိတ်ထဲထည့်။ တကယ်လည်း ပေးရော ခေါက်ဆွဲခြောက်တွေပဲ ပေးတော့ အဲဒီအမျိုးသမီးက စိတ်နာနာနဲ့ ဦးအောင်ကျော်ဇောကို ခေါက်ဆွဲခြောက်တွေနဲ့ ပစ်ပေါက်လိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီပြဿနာကြောင့် ဦးအောင်ကျော်ဇောခမျာ ပုသိမ်ဒေသကို ချက်ချင်း ပြောင်းရွှေ့ခံလိုက်ရသတဲ့။
သြော် အဲဒီအမျိုးသမီးနှယ် ဘာလို့များခေါက်ဆွဲခြောက်နဲ့ ပေါက်ရပါလိမ့်နော်။ မသကာ ငရုပ်ကျည်ပွေ့လောက်နဲ့ ပေါက်ရောပေါ့ :P
ခင်ဦးသာ
ငရုပ်ဆုံနဲ့ ဆို ပို သင့်တော်မယ်း)
ReplyDeleteပုံ
ဇာနည်ဝင်း
ထမီလှန် ကပ်ခွါဖြုတ်ယူပြီး ထုလိုက်ယင် ကမ္ဘာကျော် သတင်းတစ်ပုဒ်ဖြစ်နိုင်တယ်။ ဖိနပ်ထုသတင်းထက် နံမည်ကြီးနိုင်တယ်။
ReplyDeleteဒီအမျိုးသမီးလို လူတွေ အများကြီး လိုနေပြီ။
ReplyDeleteမှန်အောင် လုပ်ကြပါ။
ReplyDeleteရခိုင် အချင်းချင်း ခေါင်းပုံဖြတ်တာတော့ မကောင်းပါဘူး။ အမျိုးသီလ စောင့်ထိန်းရမဲ့ ဟာကို။
ReplyDelete