ထိုင်းနိုင်ငံ ဘန်ကောက်ကို ခိုးဝင်ဖို့ကြိုးစားခဲ့တဲ့ မြန်မာ နိုင်ငံသား ၅၈ ယောက်ကို ရဲနဲ့ စစ်တပ် ပူးပေါင်းပြီးတော့ ဒီနေ့ ဖမ်းဆီး လိုက်တယ်လို့ ထိုင်းသတင်း တပုဒ်မှာ ဖတ်ရပါတယ်။
မြန်မာနိုင်ငံသားတွေက ထိုင်း-မြန်မာ နယ်စပ် ကနေ မဲဆောက်မြို့ကို ၁၀ ဘီးကားနဲ့စီးလာတာဖြစ်ပြီးတော့ စစ်ဆေးရေး ဂိတ် တနေရာမှာ အဖမ်းခံလိုက်ရတာပါ။
အဖမ်းခံရတဲ့သူတွေက အမျိုးသား၂၇ ယောက် အမျိုးသမီး ၃၁ ယောက် ဖြစ်ပါတယ်။ သူတို့ကို မဲဆောက် ရဲစခန်း အချုပ် ကို ပို့ပြီး အရေးယူမယ်တဲ့။ ကားမောင်းသမားကတော့ ထိုင်းနိုင်ငံသား ဖြစ်ပါတယ်။ အဲဒီ ကားမောင်းသမား ထိုင်း ကတော့ ထိုင်း ဥပဒေ အရ လူမှောင်ခိုကူးတဲ့ အမှုနဲ့ တရားရင်ဆိုင်ရဖွယ် ရှိပါတယ်။
အခုလို မြန်မာပြည်သားတွေ ထိုင်းနိုင်ငံကို ထွက်လာတာဟာ မြန်မာ စစ်အစိုးရက လုပ်မယ့် ၂၀၁၀ ရွေး ကောက်ပွဲကို မဲမပေးချင်လို့များလား မသိဘူးနော်။
သန်းထိုက်ဦး
ပြည်ထဲရေးထက် ၀မ်းရေးခက် တဲ့ သူတို့ ခမျာ ၀မ်းရေးအတွက် ရုန်းကန်ဖို့  ကြိုးစားရင်း ဒီလို ဖြစ်သွားရတာပါ။ ရွေးကောက်ပွဲ အကြောင်း သူတို့ စိတ်မ၀င်စားနိုင်ဘူး ။ ငါ့ဝမ်းပူဆာ မနေသာ လို့  စွန့် စားရတာပါ။
ReplyDelete{အခုလို မြန်မာပြည်သားတွေ ထိုင်းနိုင်ငံကို ထွက်လာတာဟာ မြန်မာ စစ်အစိုးရက လုပ်မယ့် ၂၀၁၀ ရွေး ကောက်ပွဲကို မဲမပေးချင်လို့များလား မသိဘူးနော်။}
ReplyDeleteမြန်မာနိုင်ငံသားတွေ ထိုင်းဖက်ကို ခိုးဝင်နေတာ အခုရွေးကောက်ပွဲမှာ မဲမပေးချင်တာကြောင့်တော့ မဖြစ်နိုင်ဘူးထင်တယ်ဗျာ...။ အခုခုမှမဟုတ်ပဲဗျာ..ထိုင်းနိုင်ငံခိုးဝင်နေပြီး အလုပ်အကိုင်ရှာဖွေ စားသောက်ရင်း ဘ၀ရပ်တည်ရှင်နေတာက မြန်မာနိုင်ငံရဲ့ အလုပ်အကိုင်ရှားပါးမှု။ ဆင်းရဲနွမ်းပါးမှုနဲ့ စစ်အစိုးရရဲ့ ဖိနှိပ်မှုအမျိုးမျိုးကြောင့် ဖြစ်မယ်လို့ ထင်တယ်။
ပိုက်ဆံသွားရှာကြတဲ့သူတွေပါ... ရုပ်တွေကိုကြည့်တာနဲ့သိသာပါတယ်...
ReplyDeleteမဲပေးဖို့ထက် ထမင်းစားဖို့ကို ကြိုးစားနေရတဲ့သူတွေပါ... မယုံရင် အဲဒီအဖမ်းခံရတဲ့သူတွေကိုသွားမေးကြည့်... တစ်ခုတော့ရှိတာပေါ့ဗျာ...
မဲမပေးချင်လို့ ထိုင်းကိုထွက်လာတာပါလို့ ပြောရင် လွှတ်ပေးမယ်ဆိုရင်တော့ ပြောရင်ပြောကြမှာပေါ့... သတင်းထူးတွေဖေါ်ပြပေးတာကျေးဇူးတင်ပါတယ်..
မူရင်းအရသာပျက်အောင် ပေါက်ကရရေးတာ လိုရာဆွဲရေးတာတွေကိုတော့ ရျောင်စေချင်ပါတယ်...
စာသားတိုနေလို့မရှည်ရှည်အောင်လုပ်တာနေမှာပါ............ဟဟား
ReplyDeleteပေါက်ကရရေးတာတွေက ဘလော်ရေးနေသူအချင်းချင်းမို့ နားလည်ပါတယ်ဗျာ။ ဒါပေမယ့် ဒီဘလော့ဂ်က ဧရာဝတီရဲ့အရိပ်အောက်မှာ ရှိတဲ့ ဘလော့ဂ်ဆိုတော့ ခင်ဗျားအပြောင်အပျက်ရေးရင် ဝေဖန်မှုတွေကိုတော့ခံရမှာပဲ။ ဒါဟာ ဘလော့ဂ်ပါဆိုတဲ့ စကားကို တချို့စာဖတ်သူတွေ နားလည်ပေးမယ်မထင်ဘူး။ ဟူးးးး။
ReplyDelete