ကြံ့ဖွံ့လုပ်တာနဲ့ သေတဲ့သူတောင် အသေမဖြောင့်မယ့်ပုံပါ။
ဒလက ဦးတင်လှဆိုသူ ဦးကြီးတယောက် သတိလစ်မေ့မျောပြီး ရန်ကုန်ဆေးရုံကြီးကို အောက်တိုဘာ ၃၁ ရက်နေ့က တင်လိုက်ရပါတယ်။
အဲဒီမှာ သတိလစ်နေတဲ့ ဦးတင်လှရဲ့ လက်ဗွေကိုနှိပ်ယူပြီး ကြံ့ဖွံ့က ကြိုတင်မဲယူသတဲ့။ အဲဒီဦးကြီးက နိုဝင်ဘာ ၁ ရက်နေ့က ကွယ်လွန်ရှာပါတယ်။ ဒါပေမယ့် ဦးတင်လှက ကြိုတင်မဲ ပေးပြီးသားဖြစ်သွားပြီတဲ့။
ကြံ့ဖွံ့ပါတီဟာ ရန်ကုန်ဆေးရုံကြီးမှာ တက်ရောက်ပြီး ဆေးကုသမှုခံယူနေသူတွေဆီက ကြိုတင်မဲတွေ ရယူနေတယ်လို့လည်း အတည်မပြုနိုင်သေးတဲ့ သတင်းရပ်ကွက်တွေကနေ ကြားသိရပါတယ်။
အင်း ... ကြံ့ဖွံ့ရဲ့ လုပ်ချက်တွေ ဆန်းကျယ်လိုက်ပုံများ ... သေခါနီးလူနာရှိရင်တောင် ဖွက်ထားရမယ့်ပုံ ပေါက်နေပြီ။
facebook တွင် share လိုက်ပါပြီ ကျေးဇူးတင်ပါတယ်
ReplyDeleteလူစိတ်မရှိတဲ့ငနာကောင်တွေ။
ReplyDeleteဘယ်တုန်းကမှcommentမရေးဘူးတဲ့သူပါ ရေးချင်စိတ်ကိုမရှိလို့
ReplyDeleteဒီတခါတော့တရောက်ထဲအော်ရီမိပါပြီဆိုတာလေးရေးချင်လို့ပါ
ရယ်ပီးရင်းရယ်ချင်ရင်းပါပဲ ဖြစ်မှဖြစ်ရလေတယ်နော် ဟားဟားဟား
နအဖ တွေမွေးကတည့်က အရူက်ကျောဖြတ်ထားတယ်ထင်တယ်
ReplyDelete