Pages

Tuesday, November 2, 2010

ကြံ့ဖွံ့လုပ်တာနဲ့ အသေတောင်ဖြောင့်ပါ့မလား

ကြံ့ဖွံ့လုပ်တာနဲ့ သေတဲ့သူတောင် အသေမဖြောင့်မယ့်ပုံပါ။

ဒလက ဦးတင်လှဆိုသူ ဦးကြီးတယောက် သတိလစ်မေ့မျောပြီး ရန်ကုန်ဆေးရုံကြီးကို အောက်တိုဘာ ၃၁ ရက်နေ့က တင်လိုက်ရပါတယ်။

အဲဒီမှာ သတိလစ်နေတဲ့ ဦးတင်လှရဲ့ လက်ဗွေကိုနှိပ်ယူပြီး ကြံ့ဖွံ့က ကြိုတင်မဲယူသတဲ့။ အဲဒီဦးကြီးက နိုဝင်ဘာ ၁ ရက်နေ့က ကွယ်လွန်ရှာပါတယ်။ ဒါပေမယ့် ဦးတင်လှက ကြိုတင်မဲ ပေးပြီးသားဖြစ်သွားပြီတဲ့။

ကြံ့ဖွံ့ပါတီဟာ ရန်ကုန်ဆေးရုံကြီးမှာ တက်ရောက်ပြီး ဆေးကုသမှုခံယူနေသူတွေဆီက ကြိုတင်မဲတွေ ရယူနေတယ်လို့လည်း အတည်မပြုနိုင်သေးတဲ့ သတင်းရပ်ကွက်တွေကနေ ကြားသိရပါတယ်။

အင်း ... ကြံ့ဖွံ့ရဲ့ လုပ်ချက်တွေ ဆန်းကျယ်လိုက်ပုံများ ... သေခါနီးလူနာရှိရင်တောင် ဖွက်ထားရမယ့်ပုံ ပေါက်နေပြီ။

4 comments:

  1. facebook တွင် share လိုက်ပါပြီ ကျေးဇူးတင်ပါတယ်

    ReplyDelete
  2. လူစိတ်မရှိတဲ့ငနာကောင်တွေ။

    ReplyDelete
  3. ဘယ်တုန်းကမှcommentမရေးဘူးတဲ့သူပါ ရေးချင်စိတ်ကိုမရှိလို့
    ဒီတခါတော့တရောက်ထဲအော်ရီမိပါပြီဆိုတာလေးရေးချင်လို့ပါ
    ရယ်ပီးရင်းရယ်ချင်ရင်းပါပဲ ဖြစ်မှဖြစ်ရလေတယ်နော် ဟားဟားဟား

    ReplyDelete
  4. နအဖ တွေမွေးကတည့်က အရူက်ကျောဖြတ်ထားတယ်ထင်တယ်

    ReplyDelete