Pages
Monday, November 1, 2010
၇ ရက်ကျော်ရင် ပါတီ ကြေညာဘုတ်တွေ ဖြုတ်
ရွေးကောက်ပွဲပြီးသွားပြီလား။ မဲနိုင်လို့ မဲရှုံးလို့ စိတ်ညစ်တာတွေ ပျော်တာတွေလုပ်မနေနဲ့။ ပါတီဆိုင်းဘုတ်တွေ အမြန်ဖြုတ်၊ မဟုတ်ရင်တော့ တရက်ကို ဒဏ်ငွေငါးသောင်း ထိပြီသာမှတ်လို့ စည်ပင်ကော်မတီက အတိအလင်း အော်ဒါထုတ်လိုက်ပါပြီ။
အစကတည်းက နိုင်ငံရေးပါတီတွေကို မြင်ချင်တာမှ မဟုတ်တာ။ နိုင်ငံတကာကို အပြကောင်းရုံသက်သက် ဆွဲထည့်ပေးထားပဲဟာ။ ကိုယ့်အခြေအနေကိုယ်သိပြီး ဖြုတ်ဆို ဖြုတ်ပေးလိုက်ကြပေါ့ဗျာနှော။ အဲ.....ကြံ့ဖွံ့က မဖြုတ်မိရင်လည်း သွားပြီးလက်ညိုးမထိုးလေနဲ့ ကိုယ့်တန်းကိုယ်သိပေါ့ ရွေးကောက်ပွဲကသာ ဒီမိုကရေစီဆိုသို့ သွားရာတလမ်းတည်းသောနည်းပါဆိုတဲ့ ဒီမိုကရက်တစ်ပါတီခေါင်းဆောင်...ဆိုသူများတို့ရယ်။
ရန်ကုန်သားလျှာရှည်
3 comments:
  1. အခုကထဲက အာဏာရှင်စနစ် စပီဆိုတဲ့သဘောပေါ့နော်....
    ရွေးကောက်ပွဲဆိုတာ အလကားလို့ ဆိုလိုတာပေါ့နော်....
    နိုဝင်ဘာ (၇) ရက်နောက်ပိုင်းဆိုတာ အစိုးရအသစ်မဟုတ်ဘူးလားနော်....
    သူတို့ပြောတဲ့ ၂၀၀၈-ဥပဒေအရ ငွေ (၅၀၀၀၀) တောင်းတာပေါ့နော်....
    ပါတီတွေ ထဆိုထ...ထိုင်ဆိုထိုင်...ဆိုတဲ့ သဘောပေါ့နော်....
    ဒါဆို အခု ရွေးကောက်ပွဲ ၀င်မယ့် ပါတီတွေက လူသားအဖြစ် မပြောင်းတော့မယ့် ကမ္ဘာဦးက မျောက်မင်းကြီးတွေပေါ့နော်...
    ReplyDelete
  2. ဒါလောက်တောင်သန်းရွှေအကျင့်ယုတ်တွေပေါ်ပေါ်ထင်ထင်ကြီးပြထားရက်နဲ့ဖွင့်ထားတုန်းရသလောက်လေးလုပ်ရတာတို့၊ထိပ်တိုက်ရင်ဆိုင်ပြီးတင်းမာတဲ့လမ်းကပြည်သူလူထုကိုဘာမှမလုပ်ပေးနိုင်တာတို့နဲ့ရမယ်ရှာပြီးရွေးကောက်ပွဲအတုကြီးကိုအရှက်မရှိထောက်ခံပြီးဝင်ရောက်ဆင်နွှဲနေကြတဲ့ NDF တို့ရေ။ ရှက်ကြောပ်ြတိလှချီလား။
    ReplyDelete
  3. ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းလပ်မြို့နယ်ခွဲ ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး
    ဦးစိုးသိန်း ဆိုသူဟာ ဆက်သွယ်ရေးဌာနရဲ့ဝန်ထမ်းတစ်ဦးပါ၊ ပါတီအဖြစ်
    တရားဝင်ပြောင်းလဲထားတာ လအတန်ကြာနေပါပြီ၊ ဒါပေမယ့် ဦးစိုးသိန်းဟာ
    ဌာနမှ နှုတ်ထွက်ပါတယ်။ ၀န်ထမ်းတွေပါတီနိုင်ငံရေးကင်းရှင်းရမယ်ဆိုပြီး ဘာ
    ဖြစ်လို့ အရေးမယူတာလဲ ၊ နောက်ပြီး ရှမ်း/အရှေ့ ရွေးကောက်ပွဲကော်မရှင်
    ကောက်ပွဲဆိုတာကြီးကို မယုံကြပါနဲ့
    ReplyDelete