Pages

Tuesday, November 2, 2010

မြန်မာပြည်က Connection!!!

ဟုတ်ကဲ့ အခုဆိုရင် Firefox က Google ကို စ ပေးတယ် ခင်ဗျ... Google က Facebook ကို ထပ်ပေးပါတယ်။ ဟုတ်ကဲ့ တက်တယ်ခင်ဗျ… ကျတယ်ခင်ဗျ… ပြန်တက်တယ်။ ပြန်ပြုတ်ကျတယ်။ ရတနာပုံက မခံပါဘူးခင်ဗျာ… ပြန်ဖြတ်ချတယ်ခင်ဗျ။ ဒါပေမယ့် ADSL က နာမည် အပျက်မခံဘူးခင်ဗျ။ အခုအချိန်မှာဆိုရင် ပုဂံက စိတ်ညစ်လို့ မှိုင်နေတယ်ခင်ဗျ။ ဟော... ပြောရင်နဲ့  တက်လာပြန်ပါပြီခင်ဗျ။ ရတနာပုံက ရာဇဝင်အရိုင်းမခံပါဘူးခင်ဗျာ... ပြန်ဖြတ်ချပါတယ်။ အခုဆိုရင် Connection ကြီးဟာ ပြောနေရင်းနဲ့ ပြတ်ကျသွားပါပြီခင်ဗျား...

ရတနာပုံဘက် ပါသွားပြန်ပြီခင်ဗျ… Facebook တက်တယ်။ User တွေက ဝိုင်းအားပေးတယ်ခင်ဗျ… ရတနာပုံက ပြန်ဖြတ်ချတယ်။ Google တက်လာပြန်ပြီ... ဒိုင်လူကြီး ပုဂံက Network Busy ပြပါတယ်ခင်ဗျ။ (အသုံးကြမ်းလို့ ပါတဲ့)... Gmail လေးက တက်ဖို့ ချောင်းနေတယ်ခင်ဗျ... Loading လေး ဆွဲပြေးသွားပြီ... ပြည့်ခါနီးပါပြီခင်ဗျ... ဟုတ်ကဲ့ အပြည့်ရောက်ခါနီးမှာပဲ Connection က ပြန်ဖြတ်ချလို့  တစ် နေပါတယ်ခင်ဗျ။ အားပေးနေတဲ့ User တွေဟာ အခုဆိုရင် သုံးရတာ ဆန့် တငံ့ငံ့ ဖြစ်နေပါတယ်။ ရတနာပုံရဲ့အစွမ်းတွေပေါ့ခင်ဗျ... ပွဲကို ကြည့်ရတာ ရင်တဖိုဖိုနဲ့ ဘယ်တော့ ပြန်ကောင်းမလဲဆိုတာကိုတော့ ဘယ်သူမှမသိနိုင်ပါဘူးခင်ဗျ... ဟုတ်ကဲ့ပြောရင်းနဲ့  Facebook လေး Singin ဝင်သွားပြီခင်ဗျ... Home Page လေး တက်နေရင်းတန်းလန်း တစ်ဝက်ပဲပေါ်သေးတယ် ငြိမ်သွားပါပြီခင်ဗျ... အောက်ကို ကြည့်လိုက်တော့ Done ပါတဲ့... ဒါနဲ့  User ကအငြိမ်မနေပဲ Refresh ပြန်လုပ်တယ်ခင်ဗျ... Network Timeout ပါတဲ့… ဒိုင်လူကြီး ပုဂံက အလစ်ကို မပေးပါဘူးခင်ဗျ... ဟုတ်ကဲ့ User ကို တိုးတိုး တိုးတိုးနဲ့  သွားပြောနေပါတယ်ခင်ဗျ... ဘာပြောတာပါလိမ့်...? ဟုတ်ကဲ့ User က ဒီဘက်ကိုပြန်ပြောတယ်ခင်ဗျ... ဒိုင်လူကြီးက ပြောပါတယ်တဲ့ "အဲလောက်နဲ့ တက်တက်မလာနဲ့ " လို့ ပြောပါတယ်တဲ့။

ဟုတ်ကဲ့ အခုဆိုရင် User တွေနဲ့ ရတနာပုံနဲ့ ရုန်းရင်းဆန်ခတ်တွေ ဖြစ်တော့မယ်ခင်ဗျ... User တွေကလဲ တင်းတယ်ခင်ဗျ... ရတနာပုံကို အသေရရ အရှင်ရရ ပါတဲ့... ရတနာပုံက Complain တက်တယ်ခင်ဗျ... FTTH တွေ တပ်နေလို့ပါတဲ့။ ဟုတ်ကဲ့ User က မယုံပါဘူးခင်ဗျာ.. ဟုတ်ကဲ့ အခုဆိုရင် ပွဲစနေတာ ၁ ပတ် လောက်ရှိပါပြီခင်ဗျ... ပွဲဟာဆိုရင် ပြီးဖို့  နိုဝင်ဘာ ၇ ရက်နေ့ အထိ စောင့်ရမယ်သဘောရှိတယ်ခင်ဗျ... ဟုတ်ကဲ့ ကျွန်တော်ကြေငြာနေစဉ်အတွင်းမှာပဲ ကွင်းဘေးဒိုင် EPC က မီးဖြတ်ချလိုက်ပါတယ်ခင်ဗျားးးးးးးးးး :D

မြန်မာပြည်က ပေးစာလေးပါ..

6 comments:

  1. ကောင်းတယ်ဗျ။ presentation လေး။
    ရေးတတ်လိုက်တာ။
    မုဒိတာပွားပါ၏။

    မောင်သန်.။(ပထမ မူလ လက်ဟောင်း)

    ReplyDelete
  2. မနေ့က-စစ်အုပ်စုသတင်းစာမှာရေးသားထားတဲ့ဆောင်းပါးတပုဒ်ဟာစစ်အုပ်စုရဲ့ကောက်ကျစ်တဲ့သဘောသရုပ်ကိုပေါ်လွင်စေပါတယ်။

    ထိုဆောင်းပါးတွင်-မကြာခင်ကျင်းပတော့မယ့်ရွေးကောက်ပွဲကိုသပိတ်မှောက်မည်ဆိုရင်-ယခင်လိုစစ်အုပ်စုကတိုင်းပြည် အာဏာကိုဆက်လက်ယူထားရလိမ့်မယ်လို့ဖော်ပြထားပါတယ်။ဒီနေရာမှာသပိတ်မှောက်လို့ရွေကောက်ပွဲပျက်ရင်တိုင်းပြည် အာဏာကိုဆက်လက်ချုပ်ကိုင်ခြင်းသည်တရားဝင်မှု့မရှိသောအာဏာသိမ်းစစ်အုပ်စုသာဆက်လက်ရှိနေမည်။၂၀၁၀ရွေး ကောက်ပွဲကိုသွားရောက်မဲပေးခြင်းသည်စစ်အုပ်စုကသူတို့မတရားရေးစွဲထားသော၂၀၀၈ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ကိုတရားဝင်အတည်ပြုပေးပြီးအရပ်ဝတ်လဲပြီးလူထုကိုရာသက်ပန်စစ်ကျွန်ပြုခံရဘို့မိမိတို့ကဘိသိတ်ပြုပေးရာရောက်ပါလိမ့် မည်။ထို့ကြောင့်

    (၁)ပြည်သူလူကြီးအနေဖြင့်မိမိတို့ကိုထာဝရစစ်ကျွန်ပြုစေမည့်၂၀၀၈ဖွဲ့စည်းပုံကိုအခြေခံပြီး၂၀၁၀အတုအယောင် ရွေးကောက်ပွဲကိုမဲပေးခြင်းအားဖြင့်ယခင်တုန်းကစစ်အုပ်စုဟာတရားမ၀င်တဲ့အစိုးရဖြစ်တယ်။၂၀၁၀ရွေးကောက်ပွဲကိုမဲပေးလိုက်ပြီ ဆိုကတည်းကတရားမ၀င်တဲ့၊လူထုထောက်ခံမှုမ၇ှိတဲ့၊စစ်ဝတ်စုံချွတ်ပြီးအရပ်ဝတ်လဲထားတဲ့စစ်ဗိုလ်တွေကအရပ်သားအယောင် ဆောင်ပြီးလူထုကိုထာဝရစစ်ကျွန်ပြုမည့်အရေးကိုတရားဝင်အစိုးရဖြစ်သွားအောင်ပြုလုပ်ပေးရာရောက်မည်။


    (၂)မဲမပေးခြင်းအားဖြင့်စစ်အုပ်စုသတင်းစာတွင်ရွေးကောက်ပွဲမအောင်မြင်အထမမြောက်ခဲ့ရင်ယခင်လိုစစ်အုပ်စုကတိုင်း ပြည်အာဏာကိုဆက်လက်သိမ်းထားရလိမ့်ဆိုတာကမှတရားမ၀င်တဲ့အစိုးရဖြစ်နေတာကတိုင်းပြည်အတွက်တော်သေးသည်။အဘယ်ကြောင့် ဆိုသော်ဒီနေရာမှာ-တရားဝင်ခြင်းနှင့်၊တရားမ၀င်ခြင်းဆိုသည့်အဓိပါယ်ကွဲပြားခြားနားတာကိုတွေ့ရပေလိမ့်မည်။တရား မ၀င်သည့်အစိုးရသည်တိုင်းပြည်ကိုတရားမ၀င်ပဲထာဝရအုပ်ချုပ်၍မရပါ။တရားဝင်အစိုးအရဖြစ်မကြာကျင်းပတော့မည့် ရွေးကောက်ပွဲကိုမိမိတို့ကမဲပေးလိုက်ခြင်းအားဖြင့်ဘာမှလုပ်လို့မရတဲ့၊နိုင်ငံရေး၊လူမှုရေး၊စားဝတ်နေရေး၊ပညာရေးအစစ

    ထာဝရဘေးတွေ့စေမယ့်ရွေးချယ်မှုကိုအထူးသတိထားပြီးဂရုတစိုက်နဲ့မဲမပေးရေး၊ပယ်မဲဖြစ်ရေး။လုံးဝဥသုံသပိတ်မှောက်ခြင်းအားဖြင့်

    မိမိတို့အားလုံးတွင်တိုင်းပြည်အတွက်တာဝန်ကျေရာရောက်သည်။ထိုသို့မဟုတ်ပဲလွဲမှားသည့်ရွေးချယ်မှုကိုရွေးလိုက်မည်ဆိုလျှင်

    မိမိတို့ကတိုင်းပြည်ကိုပို၍ချောက်ကမ်းပါးကြီးထဲသို့တွန်းပို့သူအဖြစ်တာဝန်မကင်းရာ ရောက်မည်။ထို့ကြောင့်တိုင်းပြည် ဒုက္ခရောက်မည့်ရွေးချယ်မှုကိုအထူးရှောင်ခြားခြင်းအားဖြင့်မဲမပေးခြင်း၊လုံးဝသပိတ်မှောက်ခြင်း၊ပယ်မဲအဖြစ်ပေးခြင်းတို့သာလျှင်

    တိုင်းပြည်ကိုကယ်တင်ရာရောက်မည်ဖြစ်သည်။

    (၃)တိုင်းပြည်၏အဓိကအဖြေသည်-တိုင်းပြည်အတွင်းတိုင်းရင်းသားကိုယ်စားပြုခေါင်းဆောင်တွေ၊နိုင်ငံရေးခေါင်း ဆောင်တွေ၊ကျောင်းသားခေါင်းဆောင်တွေကိုအကျဉ်းထောင်တွေထဲကချွင်းချက်မ၇ှိလွတ်ပေးပြီးတိုင်းပြည်ကောင်းစား

    ဘို့အတွက်၊အမှန်တကယ်တိုင်းပြည်ပြသာနာကိုဖြေရှင်းနိုင်သည့်၊တိုင်းရင်သားတွေနှင့်အတူတကွတန်းတူဖြေရှင်းနိုင်သည့်

    ဒုတိယပင်လုံညီလာခံကိုခေါ်ယူကျင်းပခြင်းဟာတိုင်းပြည်အတွက်စစ်မှန်တဲ့၊အနှစ်သာရ၇ှိသည့်အဖြေကိုသာတိုင်းပြည်အတွက်

    အဖြေဖြစ်သည်။ဒုတိယပင်လုံသည်ယနေ့တိုင်းပြည်အတွက်အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်အထူးအရေးပါသော

    ပရမတ္တလုပ်ငန်းစဉ်ဖြစ်သည်။ထိုလုပ်ငန်းစဉ်တွင်တိုင်းပြည်အတွင်းအာဏာခွဲဝေရေး၊ကိုယ်ပိုင်ပြဌာန်းပိုင်ခွင်များ၊ပြည်နယ်

    ပေါင်းစုပြည်ထောင်စုမူစစ်စ်ကိုရရှိမှသာလျှင်ပြည်တွင်းစစ်ပြသာနာ၊တိုင်းရင်းသားအရေးပြသာနာများကိုဖြေ၇ှင်းနိုင်မည်

    ဖြစ်သည်။သို့မဟုတ်ပါကစစ်အုပ်စုမှယခုပြုလုပ်ထားသောအသိဥာဏ်နည်းပြီးတိုင်းပြည်ကိုတနပ်စားဥာဏ်ဖြင့်ဖြေ၇ှင်းခြင်း

    ဟာတိုင်းပြည်အတွင်းစစ်မီးဟုန်းဟုန်းတောက်လောင်အောင်ပြုလုပ်ထားသော-၂၀၀၈အတုအယောင်ဖွဲ့စည်းပုံ၏သမိုင်း

    ဆိုးမွေကိုတိုင်းသူပြည်သားတွေ၊တိုင်းရင်းသားတွေရရှိခံစားရပါလိမ့်မည်။ထို့ကြောင့်ဒုတိယပင်လုံညီလာခံသည်တိုင်းပြည်

    အတွက်အထူးသင့်တော်သောလုပ်ဆောင်ချက်ဖြစ်သည်။ထို့အတွက်တိုင်းပြည်တွင်းမှာ၇ှိသည့်နိုင်ငံရေးခေါင်းဆောင်များ

    အနေဖြင့်ထိုဒုတိယပင်လုံညီလာခံတွင်အမျိုးသားအားလုံး၏ဆုံဆည်းရာဖြစ်သည်။တိုင်းပြည်အတွက်ညီညွတ်ရေးပန်းတိုင်ဖြစ်သည်။

    ထိုပန်းတိုင်ကိုမိမိတို့အားလုံ့းမမှိတ်မသုန်အရောက်ချီတက်ရမည့်တာဝန်မှာတိုင်းပြည်ကိုဝါဒဖြန့်ထားသည့်စစ်အာပိုင်တွေ၏

    နိုင်ငံရေးဦးတည်ချက်ထဲမှာပါသည့်-အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး-ဆိုတဲ့ဦးတည်ချက်ကိုရူးခြင်ယောင်ပြီး မေ့ထားလို့မရဘူးဆိုတာသိစေခြင်သည်။ထိုဒုတိယပင်လုံညီလာခံကိုပျက်စီးရာပျက်စီကြောင်းကြံစည်သူသည်တမျိုးသား

    လုံး၏ဘုံရန်သူဖြစ်သည်။ထို့ကြောင့်အမျိုးသားပြန်လည်သင့်မြတ်ရေး၏အဓိကဆုံချက်သည်-ဒုတိယပင်လုံညီလာ ခံကြီးတွင်အခြေခံသွားရမည့်တခုတည်းသောပန်းတိုင်ဖြစ်ကြောင်းရေးသားလိုက်ရပေသည်။


    ထူးအံ

    ReplyDelete
  3. ထို့ကြောင့်အမျိုးသားပြန်လည်သင့်မြတ်ရေး၏အဓိကဆုံချက်သည်-ဒုတိယပင်လုံညီလာ ခံကြီးတွင်အခြေခံသွားရမည့်တခုတည်းသောပန်းတိုင်ဖြစ်ကြောင်းရေးသားလိုက်ရပေသည်။

    ကြိုက်၏။ သဘောခွေ့  ၏။ နှစ်လိုဘွယ် ရှိပါပေ၏။ မှန်လည်း မှန်ပါကြောင်း။

    ReplyDelete
  4. ကောင်းပါ၏။ ပီပြင်ပါ၏။ သရုပ်မှန်ပေါ်လွင်ပါ၏။ :)

    ReplyDelete
  5. Nice game story. I love it so much. Luckily I am not in Myanmar and not in home user team. So sorry for my people in Myanmar. Shameless Internet Service Provider and government.

    ReplyDelete