Pages

Tuesday, December 7, 2010

ဝီကီလိ (ခ်) - ဦးသန်းရွှေ မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ဖို့ စဉ်းစားခဲ့


နာဂစ်ဆိုင်ကလုန်း မုန်တိုင်း ပြန်လည် ထူထောင်ရေးတွေ နှေးကွေးလွန်းလို့ ကုလသမဂ္ဂက စိတ်မရှည် ဖြစ်နေချိန်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ သူ့မြေး ဖိုးလပြည့်က ပူဆာတဲ့အတွက် မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်းကို ဒေါ်လာ ၁ ဘီလီယံ အသုံးပြုပြီး ဝယ်ယူဖို့ စဉ်းစားခဲ့သေးတယ်လို့ ဝီကီလိ (ခ်) ကနေ သတင်းပေါက်ကြားလာပါတယ်။

ရန်ကုန်ရှိ အမေရိကန် သံရုံးကနေ ဝါရှင်တန်ကို ၂၀၀၉ ဇွန်လမှာ ပေးပို့တဲ့ အကြောင်းကြားစာမှာ “အထဲနဲ့ အဆက်အသွယ် ကောင်းကောင်းရှိသူတယောက်က သတင်းပို့လာတာကတော့ သူ့မြေးက ဦးသန်းရွှေကို မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ဖို့ ဒေါ်လာ ၁ ဘီလီယံ ပေးစေချင်နေပါတယ်” တဲ့။ “ဒါပေမယ့် ဦးသန်းရွှေက ဒီလို ပေးဝယ်လိုက်တာဟာ အရုပ်နည်းနည်းဆိုးတာကြောင့် မြန်မာပြည်မှာပဲ ကိုယ့် မြန်မာလိဂ်ကို လုပ်ဖို့ ရွေးလိုက်တယ်” တဲ့။

ဒါဟာ မြန်မာပြည်မှာ သောက်သောက်လဲ ချမ်းချမ်းသာနေတဲ့ စီးပွားရေးသမားကြီးတွေ ဘောလုံးအသင်းထောင်ကြပြီး မြန်မာနေရှယ်နယ်လိဂ် ပေါ်ပေါက်လာရခြင်း အကြောင်းရင်းပါပဲ။

မက်စ် ဇော်ဇော်ဟာ ဦးသန်းရွှေရဲ့ မြေး ဖိုးလပြည့်ကို သူပိုင်တဲ့ အသင်းမှာ ကစားဖို့ ငှားရမ်းခဲ့သေးတယ်လို့လည်း တခြား ကေဘယ်သတင်းတခုမှာ ပါလာပါတယ်။

ဝီကီလိ (ခ်) ဟာ အစိုးရတွေနဲ့ ကော်ပိုရေးရှင်းကြီးတွေရဲ့ လျှို့ဝှက် ပေးစာ၊ အကြောင်းကြားစာနဲ့ စာရွက်စာတမ်းတွေကို ဖော်ထုတ်နေလို့ အခုတလော ကမ္ဘာ့သတင်းမှာ ထိပ်တန်းသတင်းနေရာက ယူနေတဲ့ ဝက်ဘ်ဆိုဒ် တခုဖြစ်ပါတယ်။

(ဝီကီလိ (ခ်) မှာ ပေါက်ကြားလာတဲ့ မြန်မာ နေရှင်နယ် လိဂ် နဲ့ ဘောလုံးအသင်းပိုင်ရှင် စီးပွားရေးသမား တချို့အကြောင်း။ ပထမစာဒုတိယစာ )

ခက်ထန်

8 comments:

  1. အောင်မယ်လေးဟ .. ဒီလို ငွေ နဲ့ဝယ်တိုင်းရောင်းမတဲ့လား ... မန်ယူ လည်း သူခိုး လက်ခံ ဖြစ်သွားတော့မပေါ့။ အဲဒီငွေတွေမှာ သွေးတွေပေနေတယ်လေ

    ReplyDelete
  2. အ ခြောက် သား က အခြောက် တိုင်း ပါ ဘဲ လား

    မင်း အဖေ နေစီုးမောင် မိန်း မ လျာ နောက် တာ လိုက် သွား မင်း အ မေ က လဲ နောက် ယောက် ကျား နဲ ကောင်း နေ တယ်။ တော် တော်
    ဘဲ မြန်မာ ပြည် လူထု ဘာ ဖြစ် နေတယ် ဆိုတာ သိရဲ လား မင်း ကျောင်း သွား တတ် နေ တဲ့ လိုင်သာယာ လမ်းမှာ ကြည့် ရင် မင်း သိမှာ ဘာ။

    ReplyDelete
  3. ပြိုင်ဘက်အသင်းမှာ ပိုက်ဆံပေးပြီးဝင်လို့ရရင် သေချင်းဆိုးအမျိုးယုတ်လေးကို လိမ့်ကန်ရအောင် ပိုက်ဆံပေးဝင်ပါတယ်။

    ReplyDelete
  4. Despicable!!! They have no human feelings, especially during the Nargis disaster, when
    people were starving,injured without shelter,they
    blocked all support from International as well
    as domestic aid and cruelly and nonchalantly said no need to worry Nargis victims can survive
    on crabs and prawns. The only conclusion I can
    come up with these bullies, thugs and thieves
    are heartless and they have to hate the people
    they govern, Their attitude is they have all the
    ill begotten billions and if anyone criticize or oppose them, they will use force, beat, torture and arrest on created trump up charges. We need the soldiers and the people to unite in order to peacefully and successfully
    countermine this Junta. And all the aid that
    went thru the government was misappropriated
    and did not go to the victims. They are not
    doing anything for the Giri victims either.
    They foolishly indulges on themselves and
    their children. Hummers and Helicopters are
    just toys for their children. When the rest
    of the people and pensioners are struggling
    to survive on Kyat 1000=US$1.00 and they don't want to be bothered or give a damn about it.

    ReplyDelete
  5. သေချင်းဆိုးလေး..ရွန်းနီ ကန်တဲ့ဘော်လုံးမှန်ပြီးသေပါစေဗျာ။

    ReplyDelete
  6. ဒါနဲ့ အဲဒီပိုက်ဆံ ဝမ်းဘီလီယံ ဆိုတာ ဘိုသန်းရွှေ က သူ့ကိုယ်ပိုင်စီးပွားရေး လုပ်လို့ ရထားတာလား ၊ ဘယ်လိုဖြစ်ပြီး ဒီလောက်များ ချမ်းသာ လာပါလိမ့်။ သူ့မြေးက ဒီလို ပမာဏ ကို ပူဆာရဲတယ် ဆိုကတဲ က ဒင်းတို့ မိသားစု ဘယ်လောက်တောင် တိုင်းပြည် ပိုက်ဆံတွေ ဘုန်းထား သလဲဆိုတာ တွေးကြည့်လို့ရတယ်။ သူ့ထက်ချမ်းသာ တဲ့ ဘိုအောင်သောင်း ရော ဘာဝယ်ဘို့ စဉ်းစား ခဲ့လဲမသိဘူး။

    ReplyDelete
  7. MU Football club is properly formed.
    MU have dedicated management team.
    MU have good reputation.
    MU have global awareness.
    That's why they can survive for several decades.

    ReplyDelete
  8. တပ်ထဲမှာနေပြီး လခနဲလို့ စားမလောက်ဘူးပြောတဲ့ စစ်ဗိုလ်တွေ ၊စစ်သားတွေ
    အကုန်လုံးဗိုလ်ချုပ်သန်းရွှေ မိသားစုကို အတုယူသင့်တယ် ။
    သူ့လခ မိသားစု စားလောက်ယုံမကလို့ အရာရှိငယ်ဘ၀ထဲက ပိုတဲ့ငွေစုလာတာ ၊
    ခုဆို ဒေါ်လာသန်းတစ်ထောင်ကျော်သွားပြီတဲ့ ။မန်ယူဘောလုံးအသင်းတောင်ဝယ်ဖြစ်တော့မလို့ ။
    စုငွေ ဘယ်လောက်များသလဲကြည့်စမ်း ။ ပိုက်ဆံနဲနဲပါးပါး လိုရင်လဲ သူ့မြေး ဖိုးလပြည့် ရဲ့
    မုန့်ဘိုးပိုက်ဆံတွေ စုထားတာရှိသေးတယ် ။ နဲနဲ ယူဖြည့်လိုက်ယုံပါဘဲ ။
    ဘယ်လောက်တော်တဲ့မိသားစုလဲ?
    သူတို့ ငွေစုနိုင်ဘို့ဘယ်လို ချွေတာချက်စားနေသလဲဆိုတာသွားလေ့လာအတုခိုးသင့်တယ် ။
    ဗိုလ်ချုပ်အောင်ဆန်းတုန်းကဆိုရင် ပဲပြုပ်နဲ့ နံပြားစားရသေးတယ် ။
    ဗိုလ်ချုပ်သန်းရွှေ ဆိုရင် ရေလုံပြုတ်ဘဲ စားနေမယ်ထင်တယ် ။
    ဘမောင် ။

    ReplyDelete