ကိုမင်းကိုနိုင်ကို ထောင်ဝင်စာ သွားတွေ့

Thursday, December 16, 2010 4 comments

ရှမ်းပြည်နယ် ကျိုင်းတုံထောင်မှာ ရှိနေတဲ့ ထောင်ဒဏ် ၆၅ နှစ် ချခံထားရတဲ့ ကိုမင်းကိုနိုင်ကို အစ်မဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်က ထောင်ဝင်စာ သွားတွေ့ခဲ့ပါတယ်။ အောက်တိုဘာလ အစောပိုင်း သတင်းများအရ ကိုမင်းကိုနိုင်သည် ကျီးပေါင်းတက်ရောဂါ ခံစားနေရပြီး အကိုက်အခဲ ပျောက်ဆေးများ ပို့ပေးနေရသည်ဟု သိရသည်။ ထောင်ဝင်စာ သွားတွေ့တဲ့ သတင်းအသေးစိတ်ကို ဒီမှာဖတ်ပါ။ (ဓာတ်ပုံ - ဧရာဝတီ)







သတင်းထူးများ

4 comments

ဒီနေ့ သတင်းထူးတပုဒ် ဖတ်လိုက်ရပါတယ်။ အရမ်း အရမ်းကိုထူးတဲ့သတင်းပါ။ 7days News ဂျာနယ်မှာ ပါတာပါ။

“ဆက်သွယ်ရေးကသာ ခွင့်ပြုရင် ရောင်းခွင့်ပိတ်ထားတဲ့ FEC ၂၀ တန် ဖုန်းတွေ ပြန်ရောင်းမည်” ဆိုတဲ့သတင်းပါ။ ဦးတေဇရဲ့ ထူးကုမ္ပဏီအောက်က E light ကုမ္ပဏီရဲ့ တာဝန်ရှိသူက ပြောတာဖြစ်ပါတယ်။

ရောင်းချခွင့်ပိတ်ပင်ထားတဲ့ FEC ၂၀ တန်းဖုန်းကတ်တွေကို ဆက်သွယ်ရေးက ပြန်ရောင်းပါဆိုပြီး ညွှန်ကြားလာမယ် ဆိုရင် ပြန်ရောင်းမယ်လို့ သူကဆိုပါတယ်။

ဒီသတင်းကို ဖတ်ပြီးတော့ ကိုတာတေလည်း သတင်းထူးတပုဒ်လောက် ရေးကြည့်ဖို့ စဉ်းစားမိပါတယ်။

“တပ်ချုပ်ကြီးက ခွင့်ပြုလျှင် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် ပြန်လွတ်နိုင်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးရင်ကောင်းမလား ... ဒါမှမဟုတ် “ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သေပါက နောက်ထပ် ဗိုလ်ချုပ်မှူးကြီးအသစ် တယောက် တက်မည်” ဆိုရင်ကော ... ဒါမှ မဟုတ်လည်း “စာပေစိစစ်ရေးက ခွင့်ပြုလျှင် ဒေါ်အောင်ဆန်းစုကြည် သတင်းများ ဖော်ပြခွင့်ရမည်” ဆိုပြီးရေးရင်ကောင်းမလား ... နောက်ဆုံးတော့ ကိုတာတေ အပိုင်ဆုံးနဲ့ အထူးဆုံး သတင်းပဲ ရေးတော့မယ်လို့ စဉ်းစားလိုက်ပါတယ် ... “ဧရာဝတီ မဂ္ဂဇင်းတွင် သတင်းများ ဖတ်ရှုနိုင်” ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။

ရန်ကုန်သားတာတေ

မေမေ့ အတွက် ကြယ်တစ်စင်းရဲ့ ဒိုင်ယာရီ

8 comments

(၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၏ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကျရောက်သော ၄၉ နှစ်မြောက် မွေးနေ့အတွက် ကျေးဇူးရှင် မိခင်အား ဂုဏ်ပြုရေးစပ်ထားခဲ့သော ရင်တွင်းခံစားမှု။)



ကိုကိုကြီး

ဂျိင်းကနဲ
မင်းတုန်းထိုးသံ
သော့ခတ်သံ
မက်တဲလ်လစ်သံတွေ
သံစဉ် မရှိ
နရီ မရှိ
စည်းချက်မကျ
တရွေ့ရွေ့ဝေးသွားတဲ့ ဖိနပ်သံများ
ခါတိုင်းစကားသိပ်များလေ့ရှိတဲ့ အခန်းဖော်က
ရုတ်တရက် စူးစမ်းတ့အဲ ကြည့်
ချက်ချင်းသဘောပေါက်သွားတဲ့ပုံ
သက်ပြင်းချ
တိတ်ဆိတ်
ပြန်လာကတည်းက ဘာစကားမှ မပြောဖြစ်
ပြောချင်စိတ်လည်း မရှိ
ပရိတ်သတ်အမြင်မှာတော့
တည်ငြိမ် ကြံ့ခိုင်နေသယောင်
တကယ်က
ရုပ် နဲ့နာမ် မကပ်တာ။
အခန်းထဲ ပြန်အရောက်
အိပ်ရာနေရာပေါ်လှဲ အချ
လက်ထက်က ယပ်တောင်ကို
တွေတွေကြီးငေးကြည့် နေမိ
ဝဲလာတဲ့ မျက်ရည်တွေကို
ပုတ်ခတ်ပစ်လိုက်ဖို့ 
မကြိုးစားတော့
ကျပါစေလေ
လွတ်လွတ်လပ်လပ်ကြီး ကျပါစေလေ
တိတ်ဆိတ်အခန်းငယ်လေးထဲ
မြေဆွဲအားကို ဆန့် ကျင်နေတဲ့ အိမ်မြှောင်ငယ်က
စုတ်တသပ်သပ်
ရင်းနှီးနေကျ မျက်နှာကျက် ညစ်ထပ်ထပ်ကို
မော့အကြည့်
တအိအိ ပြိုကျလာသလို
“မေမေ အဲဒီမှာနေ သား လာခဲ့မယ်”


တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည်များ ရှိနေဆဲ

0 comments

ထိုင်း-မြန်မာနယ်စပ်မှာ ဒီကေဘီအေနဲ့ နအဖစစ်တပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်ပြီး ဒုက္ခသည်တချို့လည်း ထိုင်းဘက်ခြမ်းမှာ ခိုလှုံနေရဆဲဖြစ်ပါတယ်။

မကြာမီရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မဲဆောက်ခရိုင် ဖလူးနဲ့ ခေသူကလို့ လို့ခေါ်တဲ့ ထိုင်းနယ်စပ်နေရာတွေမှာ စစ်ပြေးဒုက္ခသည်တွေ ၉၀၀ ခန့် ရှိနေဆဲဖြစ်ကြောင်း အကူအညီတွေ သွားရောက်ပေးခဲ့တဲ့ ရွှေတွံတေးဆရာတော်က မိန့်ပါတယ်။



“ဖလူးနဲ့ ကရင်လို ခေသူကလို့ခေါ်တဲ့ နေရာ ၂ ခုမှာ ဒုက္ခသည်တွေ ရှိနေဆဲပဲ။ ခက်တာက ထိုင်းဘက်ကလည်း တိုက်ပွဲတွေ ပြီးပြီဆိုပြီး ပြန်ပို့တယ်။ ဟိုဘက်မှာက တိုက်ပွဲတွေ ဖြစ်နေဆဲဆိုတော့ ဒုက္ခသည်တွေဟာ ဒီဘက်ကို ပြန်ပြန်ပြေးလာနေရတယ်။ ဒီကေဘီအေကလည်း သူတို့ တိုင်းရင်းသားတွေကို မထိစေချင်တော့ ရှောင်ခိုင်းတယ်။ အခု ဖလူးမှာတော့ UNHCR ကလာထိုင်နေတာတွေ့ရတယ်။ ဘုန်းကြီးတို့ကတော့ UNHCR ကိုပြောပြတယ်။ မင်းတို့ ဒီကိစ္စကို ကိုင်တွယ်ပေးမှ ဒုက္ခသည်တွေ သက်သာမယ်။ ငါတို့လည်း တတ်နိုင်သလောက်ပဲ လှူနိုင်တာ ရေရှည်လှူဖို့ တန်းဖို့ဆိုတာ အခက်အခဲရှိနိုင်တယ်လို့ မေတ္တာရပ်ခံခဲ့တယ်”လို့ ရွှေတွံတေးဆရာတော်က မိန့်ဆိုပါတယ်။


Editorial Analysis

0 comments


အလုပ်များတဲ့ မေမေ နဲ့  သားပေးတဲ့ လက်ဆောင်

5 comments

Mom, dogs are our best friends, you know.

အင်းပါကွာ၊ ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ ဒါပေမယ့် မေမေ့မှာ အချိန် မရှိတော့ဘူးကွ။ ဒီမနက် တွေ့ဖို့ ပြောထားတာ လေးငါးဖွဲ့၊ ထမင်းလည်း စားရအုံးမယ်၊ ရုံးကိုလည်း ပြေးရအုံးမယ်၊ ညနေဘက် သာရေး နာရေး ၂ ခု ရှိသေးတယ်။ အင်တာဗျူး ၃ ခု ကလည်း ညနေစာ စားချိန်နဲ့ တိုက်နေတယ်။ ရေဒီယို ပုံမှန် နားမထောင်ဖြစ်တာလည်း ကြာဘီ။ အင်း -----

ပုဂံရောက် ပေပေ

10 comments

အလှူရေစက် လက်နဲ့မကွာ

စင်္ကာပူက ဖြောင့်လက်သီး ၀င်လာလို့ ကောင်းမှုတွေ လုပ်ပြနေတာများလား။
မနေ့က ပုဂံမှာ တွေ့ရတဲ့ ဗိုလ်ထုံပေပေရဲ့ ပုံတွေပါ။
သတင်းစာမှာ ပါလာလို့ ရှယ်လိုက်ပါတယ်။

ကြည့်လိုက်ပါအုံး၊ လိမ်မာနေလိုက်တာ။

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved