Pages

Wednesday, February 2, 2011

ကာကွယ်ရေး ဦးစီးချုပ်ဘယ်သူလဲ


ဒီနေ့ မြန်မာ့အလင်း သတင်းစာ မျက်နှာဖုံးမှာ မနေ့က လွှတ်တော် အစည်းအဝေး အကြောင်း ဖော်ပြ ထားပါတယ်။

အဲဒီမှာ သမ္မတ ရွေးချယ်တင်မြှောက်ရေး အဖွဲ့မှာပါဝင်တဲ့ တပ်မတော်သား ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေးကို နေပြည်တော် အနော်ရထာ ခန်းမမှာ ကျင်းပစဉ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တက်ရောက်တယ် လို့ ရေးသားထားပါတယ်။ မနေ့က MRTV သတင်းမှာလည်း အဲဒီလိုပဲ ဖော်ပြထားပါတယ်။ ဒါပေမယ့် ကာကွယ်ရေးဦးစီးချုပ် ဘယ်သူ ဆိုပြီး နာမည်မပါပါဘူး။ MRTV သတင်းမှာလည်း ပုံကို မပြပါဘူး။

ဒီတော့ ကာကွယ်ရေးဦးစီးချုပ် ဘယ်သူလဲဆိုပြီး မေးခွန်းထုတ်ရမလို ဖြစ်နေပါတယ်။ ဒါဟာ သတင်းစာနဲ့ ရုပ်သံက မေ့ကျန်ခဲ့တာတော့ မဖြစ်နိုင်ဘူး။ တမင်ကို ချန်လှပ်ထားခိုင်းတာပဲ ဖြစ်ရမယ်လို့ ပြောဆိုနေသူတွေလဲ ရှိပါတယ်။

အဲ ... ကြားရသလောက်ကတော့ ကာကွယ်ရေးဦးစီးချုပ်က ကိုပျောက်ဝိဇ္ဇာလည်း ဖြစ်နိုင်တယ်ဆိုပဲ။ ဘာလို့ ဆိုတော့ လွှတ်တော် တက်ခဲ့တဲ့ ကိုယ်စားလှယ်တွေကိုယ်တိုင်တောင် မမြင်လိုက်ရဘူးလို့ ဆိုတာကိုး။

ကာကွယ်ရေးဦးစီးချုပ် ဘယ်သူလဲ။ ဘယ်ရောက်နေလဲ။ လေးဖြူသီချင်းလို ... ဘယ်ဆီကို မင်းရောက်နေလဲ၊ ဘယ်သူနဲ့ မင်းရှိနေလဲ ... ဘာတွေကို မင်းကြိတ်ကြံနေလဲ၊ ဘာတွေကို ပေါက်ကရလုပ်မှာလဲ ဆိုပြီး ဆိုရမလို ဖြစ်နေပါတယ်။

မီဒီယာတွေအလုပ် မရှုပ်ရှုပ်အောင် လုပ်တာလဲ ဖြစ်နိုင်သပေါ့လေ ...။

4 comments:

  1. သူရမြင့်အောင်လိုလို..
    မင်းအောင်လှိုင်လိုလို...ပါပဲ

    ReplyDelete
  2. May not be Gen.Khin Nyunt..ha ..ha...

    ReplyDelete
  3. ဘယ်ကောင်းဘဲ လုပ်လုပ် လူယုတ်မာတွေချည်းဘဲ ဖြစ်မှာပါဗျာ။

    ReplyDelete
  4. ကာကွယ်ရေးဦးစီးချုပ်က သူရမြင့်အောင်ပါ။ ဦးမင်းအောင်လှိုင်က ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး(အရင်သူရဦးရွှေမန်းနေရာ)

    ReplyDelete