Pages

Sunday, February 6, 2011

စနိုက်ပါပြောက်ကျား

(ဓာတ်ပုံ - Demotix)

မွန်ဇော်နိုင်
မော်စီတုန်းပြောက်ကျား..။ ချေဂွေဗားရားပြောက်ကျား..။ ဗီယက်ကောင်းပြောက်ကျား..။ တချိန်ကကမ္ဘာတွင် ကျော်ကြားခဲ့တဲ့ ပြောက်ကျား တပ်မတော်များပါခင်ဗျ။


ယခုတင်ပြမှာက စနိုက်ပါပြောက်ကျား..။ ဟုတ်ပါတယ်..။ ကမ္ဘာပေါ်မှာ ကျော်ကြားလာဦးမယ့် “စနိုက်ပါပြောက်ကျား” လို့ ဆိုချင်ပါတယ်။

စနိုက်ပါ (sniper) ဆိုတာက တနေရာမှာပုံးကွယ်ပြီး နေတယ်။ သေနတ်မှာတပ်ထားတဲ့ မှန်ပြောင်းဖြင့်ရန်သူပစ်မှတ်ကို ရွေးပြီးချိန်တယ်။ ဒက်ထိမှန်အောင် အသေအခြာပစ်တယ်။ အဲ့ဒါ..လက်ဖြောင့်တပ်သား..စနိုက်ပါ..။

ပြောက်ကျား (guerrilla) ဆိုတာက အစိုးရစစ်တပ်ကို တိုက်ခိုက်နေတဲ့ တပ်အစုအဖွဲ့တခုရဲ့ အဖွဲ့ဝင်တပ်သားဖြစ်တယ်။ ပြောက်ကျားတပ်သားဟာ ရန်သူ့အမြင်မခံဘူး။ ပိုင်တဲ့အခါမှာတိုက်တယ်။ တိုက်ပြီးတာနဲ့ တပ်ဖျောက်တယ်။ အဲဒါ..ဂေါ်ရီလာ (guerrilla).. ပြောက်ကျားတပ်သား.. ပြောက်ကျား..။


စနိုက်ပါပြောက်ကျားတွေဟာ မြ၀တီရှေ့တန်းစစ်မြေပြင်မှာ လက်စွမ်းပြနေကြလေရဲ့။ သူတို့ဟာ ဗိုလ်နှုတ်ခမ်းမွှေးတို့ ကရင်တပ်မတော်ကဖြစ်တယ်။ စစ်အာဏာရှင်သန်းရွှေ စစ်တပ်ထဲက တကောင်ပြီးတ်ကောင်ကိုပစ်မှတ်ရွေးပြီး ဇီဝိန်ချုပ်ပစ်နေတယ်။ အဲဒီစနိုက်ပါပြောက်ကျားများကို မီဒီယာများမှာ မြင်တွေ့နေရပါပြီခင်ဗျာ။

သေနတ်ကိုမေးတင်ပြီး ပစ်မှတ်ကိုချိန်နေတဲ့ စနိုက်ပါပြောက်ကျားကို မြင်လိုက်ရတော့ အတွေးတစ်ခုဝင်လာတယ်။ စနိုက်ပါပြောက်ကျား စစ်ဗျူဟာဆိုတာ နောင်အသစ်တိုးတက်ဖြစ်ထွန်းလာမယ့် နည်းဗျူဟာသစ်တခုပေလားဆိုတဲ့ အတွေးပါခင်ဗျ။


ယခု တဆက်တည်း သာမန်အားဖြင့်ပြောရရင် ပြောက်ကျားစစ်ဗျူဟာဆိုတာ ရန်သူကို အလစ်အငိုက်ဝင်စီးသုတ်သင်ပြီး အမြန်ဆုံးလူစုခွဲဆုတ်ခွာတယ်။ ကိုယ့်ဘက်က အထိအခိုက်အကျအဆုံးမခံဘူး။ ရန်သူ့အင်အားကို အမှည့်ချွေ, ချွေပြီးရင်းချွေရင်းနဲ့ အနိုင်ယူတယ်။

ဒီပြောက်ကျားစစ်ဗျူဟာကို စနိုက်ပါပြောက်ကျားနည်းဗျူဟာက တဘက်တလမ်းမှ အားဖြည့်ပေးနိုင်တယ်လို့ တွေးမိပါတယ်။ စနိုက်ပါပြောက်ကျားတို့ဟာ အဝေးတနေရာမှာနေတယ်။ ရန်သူပစ်မှတ်ကို ရွေးချယ်ပြီး အတိအကျသုတ်သင်တယ်။ ဒါကြောင့်ရန်သူကို အမိန့်ပေးညွှန်ကြား ဦးဆောင်တဲ့တပ်မှူးကို ရွေးချယ်သုတ်သင်နိုင်တယ်။ ဦးဆောင်တပ်မှူးကျဆုံးသွားရင် ရန်သူ့တပ်ဟာအစည်းပြေပြီးတပ်ပျက်မယ်။ ရှေ့ဆက်မတက်နိုင်ဖြစ်မယ်။ အစည်းပြေတပ်ပျက်ရှေ့ဆက် မတက်နိုင်တဲ့ရန်သူကို ပြောက်ကျားတပ်မတော်က အလွယ်တကူချေမှုန်းပစ်နိုင်တယ်။

ဒါကြောင့် ပြောက်ကျားတပ်မတော်ကို တိုင်းရင်းသားပြည်သူတို့က နည်းပေါင်းစုံနဲ့ဝိုင်းဝန်းပံ့ပိုးကြရမယ်ခင်ဗျ။ ဘယ်သူတွေက အထူးသဖြင့် အနီးကပ်ပံ့ပိုးပေးနိုင်ကြသလဲဆိုတာက တဆက်တည်းတင်ပြပါ့မယ်ခင်ဗျာ။

စစ်အာဏာရှင်သန်းရွှေက ဒီမိုကရေစီနဲ့လူ့အခွင့်အရေး၊ တိုင်းရင်းသားလူမျိုးများရဲ့ တန်းတူအခွင့်အရေးတွေကို ဆန့်ကျင်ဖိနှိပ်တယ်။ ဒါကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စတွေမှာ အလွန်အကျွံထိခိုက်နစ်နာရပြီး စစ်အစိုးရဆန့်ကျင်တဲ့ဘက်ကို တိုင်းရင်းသားပြည်သူအများ ရောက်သွားကြရတယ်။ အဲဒီ တိုင်းရင်းသားပြည်သူများ နေထိုင်ရာဒေသဟာ စနိုက်ပါပြောက်ကျားတို့ ခိုအောင်းရှင်သန်ရာနယ်မြေများ ဖြစ်လာကြတယ်။

အဲဒီနယ်မြေက အဓမ္မပြောင်းရွှေ့ခံရသူများ၊ မီးရှို့ဖျက်ဆီးခံရသူများ၊ လယ်မြေအဓမ္မအသိမ်းခံလယ်သမားများ၊ ပေါ်တာများ၊ မိုင်းနင်းခိုင်းမှာကိုစိုးရိမ်နေရသူများ၊ နှိပ်စက်ခံရွာသားများ၊ အဓမ္မကျင့်ခံရွာသူမများ.. အစရှိတဲ့ကျေးလက်တိုင်းရင်းသား ပြည်သူများဟာ စစ်အာဏာရှင်စစ်တပ်ခြေမှုန်းရေးအတွက် စနိုက်ပါပြောက်ကျားတို့နဲ့ လက်တွဲကြရမှာဖြစ်တယ်ဗျ။

ဆိုင်ရာ ဒေသခံတိုင်းရင်းသားပြည်သူများက စစ်သတင်းစုပေးမယ်။ လမ်းပြပေးမယ်။ ကိုယ်ရောင်ဖျောက်ပေးမယ်။ လက်နက်များကိုကွယ်ဝှက်ပေးမယ်။ အရေးပေါ်လိုအပ်လာရင် အဲဒီလက်နက်နဲ့တိုက်ခိုက်မယ်။ အဲဒီနည်းတွေဖြင့် တိုင်းရင်းသားပြည်သူများက စနိုက်ပါပြောက်ကျားစစ်တွင် ပါဝင်လက်တွဲလာကြပါက စနိုက်ပါပြောက်ကျားများ လှုပ်ရှားတိုက်ခိုက်အောင်ပွဲခံနိုင်မှာ မသွေမုချပါခင်ဗျာ။
ဒါကြောင့် ကရင်တပ်မတော် ဗိုလ်နှုတ်ခမ်းမွှေးတို့ ကျင့်သုံးနေတဲ့ စစ်နည်းဗျူဟာသစ်ဆိုတာ တနေ့ကမ္ဘာမှာ ကျော်ကြားလာဦးမယ့် “စနိုက်ပါပြောက်ကျား”လို့ ဆိုခဲ့ရကြောင်းပါခင်ဗျား။ ။

28 comments:

  1. ဖတ်ရတာ နည်းနည်း ပေါ့ ပျက်ပျက် ဆန်တယ်။ “စနိုက်ပါပြောက်ကျား” ကမ္ဘာကျော်လာအုံးမယ်လို့ ရေးလို့ပါ။ ဒီလို သုံးနေတာ အတော်ကြာခဲ့ပါပြီ။ အခုမှ သိသလားလို့ မေးချင် ပါတယ်။

    ReplyDelete
  2. စနိုက်ပါဆိုတာ ဟိုးအ၇င်ကတည်းက ရှိနေတာ ပျောက်ကျားစစ်ဆိုတာလည်း ကြာပေါ့။ဘယ်ဗျူဟာစစ်ပဲဖြစ်ဖြစ် အားသာချက်ရှိသလို အားနည်ချက်လည်းရှိတယ်ဆိုတာ နားလည်ထားသင့်တယ်။ပျောက်ကျားစစ်တိုက်တိုင်း နိုင်နေရင် ပျောက်ကျားပဲတိုက်နေမှာဖြစ်သလို စနိုက်ပါနဲ့ပစ်လို့နိုင်နေရင်လည်း ဒါနဲ့ပဲလုပ်စားနေမှာပေါ့ဗျာ။

    ယနေ့တိုးတတ်နေတဲ့ခေတ်ကာလမှ ဘယ်စစ်နည်းဗျူဟာမှ ရာနုံးပြည့် အသုံးမ၀င်တော့ဘူး။ဦးနောက်သာတဲ့သူနဲ့ ခေတ်မှီစစ်လက်နက်သာတဲ့သူကပဲ အနိုင်ပိုင်းသွားရတာပဲဆိုတာ ပြီးခဲ့ ပထမကမ္ဘာစစ် ဒုတိယကမ္ဘာစစ်နဲ့ ဟိုတစ်ချိန်က ဘုရင်တွေလက်ထက်ကတည်းက တိုက်ပွဲ စစ်ပွဲတွေက သက်သေထူခဲ့ပါပြီ။

    ဒါကြောင့် နိုင်ငံတိုင်းဟာ ခေတ်မှီဆန်းသစ်တဲ့လက်နက်များကိုသာ အပြိုင်ဆိုင်တီထွင်နေကြတာပါ။ဂျပန်တွေ စစ်ဗျူဟာဘယ်လောက်ကောင်းကောင်း နောက်ဆုံးတော့ အမေရိကန်ရဲ့ နူကလီးယားတစ်လုံးတည်းနဲ့ပြာပုံဘ၀ရောက်ခဲ့ရသလို ဗီယက်နမ်ပျောက်ကျား ဘယ်လောက်ကောင်းကောင်း နောက်ဆုံးတော့ အမေရိလေတပ်ရဲ့စွမ်းပကားကို အံတုနိုင်စွမ်းမရှိပဲ ကျရှုံးခဲ့ရတာပဲမဟုတ်လား။

    ဒါကြောင့် စိတ်ကူးယဉ်အခြေခံ စစ်ပညာလောက်နဲ့ တိုင်းပြည်တစ်ခု တပ်မတော်တစ်ခုလုံးပျက်စီးသွားနိုင်ဖို့ဆိုတဲ့ အတွေးခေါ်လောက်နဲ့ မြောက်ကြွမြောက်ကြွလုပ်မနေဖို့ အသိပေးပါရစေဗျာ။လူမိုက်အားပေးလုပ်ရင် ကိုယ့်နိုင်ငံသား ကိုယ့်လူမျိုးပဲခံစားရမယ်ဆိုတာ သဘောပေါက်သင့်တယ်။သက်သေအနေနဲ့ KNU အကြမ်းဖက်တွေ မိုင်းထောင်ခွဲလို့ ပြည်သူတွေစီးလာတဲ့ရထားတွေ ကားတွေဟာ ပျက်စီးသွားပြီး အပြစ်မဲ့ပြည်သူတွေပဲသေကြေခဲ့ရသလို ဗုဒ္ဒဘာသာတွေအထွတ်မြတ်ထားတဲ့ ကျိုက်ထီးရိုးစေတီပေါ်မှာလည်း လူသတ်အကြမ်းဖက် အလှူခံပုံးထဲကပိုက်ဆံတွေခိုးယူခဲ့သွားတာတွေ အင်းစိန်လိုတိုက်ပွဲမှာ KNU အကြမ်းဖက်တွေက ဗမာတိုင်းရင်းသားတွေကို ဘယ်လိုသတ်သွားတယ်ဆိုတာ ပြည်သူတိုင်းသိခဲ့ကြတယ်။ဒါတွေဟာ နာမူတာတစ်ခုပဲရှိပါသေးတယ်။

    မကြာခင်က ဖျက်ဆီးအကြမ်းဖက်သွားတဲ့ ပြည်သူတွေအသုံးပြုနေတဲ့ ဆက်သွယ်ရေးအတွက် လုပ်ပေးထားတဲ့ မိုက်ခရိုဝေ့လိုစခန်းမျိုးတွေကို ဖျက်ဆီးသွားတာတွေဟာ ပြည်သူတွေ ထိခိုက်သလား စစ်တပ်က ထိခိုက်သလားဆိုတာ ခွဲခြားမြင်နိုင်မှာပါ။အဲဒီအကျိုးရလဒ်အတွက် ချက်ခြင်းဆိုသလို ကရင်ပြည်နယ်က ပြည်သူတွေ ဆက်သွယ်ရေးတွေ ပြတ်တောက်ခံစားရသွားတယ်ဆိုတဲ့ ရလဒ်ဆိုးကျိုးပဲခံလိုက်ရတယ်မဟုတ်လား။နိုင်ငံတော်ကစေတနာနဲ့လုပ်ပေး ရှေ့ကလုပ်နောက်ကဖျက်နေတာဟာ အကြမ်းဖက်မဟုတ်ရင် ဘာခေါ်မလဲ။ဒီလိုအကြမ်းဖက်သမားတွေအတွက် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ မြန်မာ့မြေပေါ်မှာ ရှိမနေသင့်ဘူး။

    ဒီလိုအကြမ်းဖက်သမားတွေကို လူမိုက်အားပေး အစိပ်ပင်ရေလောင်းနေရင်တော့ သမိုင်းတရားခံတွေဟာ ကိုယ့်ဘက်ရောက်လာမယ်ဆိုတာ သတိမှုစေချင်တယ်။

    ReplyDelete
  3. အင်း ခက်တော့တာပဲ တင်ထားတဲ့ပုံနဲ့ စနိုက်ပါပြောက်ကျားလုပ်ဦးမလို့တဲ့။ ဒီအပေါ်ကပုံအတိုင်းဆို တစ်ကယ့်ကို ဒီလက်နက်နဲ့အကျွမ်းတ၀င်ဖြစ်လွန်းပါမှ ရမှာပါ။ အခုရေးထားတဲ့အတိုင်းဆိုရင် မသိရင် စနိုက်တပ်ဖွဲ့ဝင်တွေနဲ့ တစ်ကယ့်စနိုက် လက်နက်တွေရှိနေသလိုမျိုး ထင်စေပါတယ်။

    ReplyDelete
  4. http://www.imdb.com/title/tt0215750/

    ReplyDelete
  5. ဧရာဝတီ.....ဒီအာတီကယ်လ တိုင်းရင်းသားလက်နက်ကိုင် တွေကို စနိုက်ပါသုံးဖို့ အားပေးနေတဲ့  အစား ခနဲ့ နေတဲ့ပုံပေါက်နေတယ်။ ပြီးရင် နအဖကို မီးမောင်းထိုးပြနေသလိုဘဲ ၊ တိုင်းရင်းသားလက်နက်ကိုင် တွေကို ဟိုလိုဒီလိုလုပ်ဆိုတာကို စေတနာအမှန်နဲ့ ပြောချင်ရင် တခြားနည်းနဲ့ ပြောပါ လား ဘာလို့  လူသိရှင်ကြား ရန်သူတွေပါ မြင်သာထင်သာရှိအောင် ဘလော့ခ် မှာရေးရတာလဲ ။ ဒေသခံတွေရဲ့  အကူအညီလိုတယ်တဲ့  ဘာတဲ့  ဒါဟာ နယ်ခံတွေကို အန်တရာယ်ဖြစ်စေနိုင်တယ် ။ နအဖ ကို ဂုန်းလျောသတင်းပေးနေတာဘဲ သွယ်ဝိုက်သော နည်းနဲ့ ။ တစ်ဖက်ကလဲ နိုင်ငံခြား ကထောက်ပံ့မူတွေ ရအောင် တိုင်းရင်းသားအရေး အော်နေတာ လဲဖြစ်နိုင်တယ်။

    ReplyDelete
  6. machine gun ပုံကြီးပြထားပြီးတော့ sniper လုပ်ချင်သေးတယ်။ :)
    သေနတ်အကြောင်းကောတကယ်နားလည်ရဲ့လားမသိဘူး

    ReplyDelete
  7. ကျနော်ကြားရ သလောက်ဆိုရင် ဗိုလ်နှုတ်ခမ်းမွှေးတို့က နိုင်ငံရေးအရ စစ်တပ်ကို
    တိုက်တာ မဟုတ်ဘူးလို့ကြားရပါတယ် ... ဟုတ်ပါသလား

    ReplyDelete
  8. ပြောက်ကျားစနိုက်ပါတဲ့။ ခွိ ခွိ ။

    ReplyDelete
  9. ပြထဲတဲ့ ပုံ ထဲ က sniper လားနောက်ဆုံးပေါ်လား.....ဘယ်နိုင်ငံကလုပ်တာလဲ ...မသိလို့နော် .....sinper လဲ ၁၂၀ တစ်လုံးလောက်မှန်ရင်သေပါတယ်.....စွမ်းတယ်ထင်ရင်တော့ လုပ်ပေါ့....

    ReplyDelete
  10. To Anonymous
    Everybody know they have better weapons and strong army than DKBA.This's the best technique to fight back for DKBA and i like to mention you've got brain wash about karen people.You learned this from someone make-up story and so sad to know that you believe in those kind of crapp...Try to learn real story, stay on the right side and be the right person. Pha Htee

    ReplyDelete
  11. hey stupid writing.

    ReplyDelete
  12. ဗိုလ်မှူး မန်းဘဇန်ပါခင်ဗျား

    ReplyDelete
  13. Good Good, we need more more စနိုက်ပါပြောက်ကျား.

    ReplyDelete
  14. To Anonymous
    Ha Haa ..Then show me your english skill.Here's some knowledge about karen people.We don't have the words "give up" and "surrender" in our karen history.When we fight,we fight to the end.We're "chosen ones and also BLUE BLOOD" C'mon poor guy...
    Sniper man(Pha Htee)

    ReplyDelete
  15. Whenever there is war, ofcourse there will be civilian casualties. Whenver there are civilian vasualties, the government blame KNLA, ABSDF, KIA, etc. Ethnic armies always try to avoid civilian casualties. It is SPDC troops who do not care civilians' lives. Those who live in cities know nothing about what happens in ethnic states. They just read the government mouthpiece nespaper and then believe what they see there.

    ReplyDelete
  16. Who is 'Mon Zaw Naing', the most idiot ever seen. If you don't know, don't write anything. Bullshits...

    ReplyDelete
  17. အခုစစ်တိုက်နေကြတာက ကရင်ပြည်သူတွေ လွတ်လပ်တာကို လိုချင်တာလား ကရင်ပြည်နယ်ကို အုပ်ချုပ်ချင်လို့တိုက်နေကြတာလားဆိုတာ ဘယ်သူသိနိုင်လဲ တကယ်သာ ကရင်ပြည်သူတွေကို ချစ်တယ်ဆိုရင် အခုလို စစ်ကိုတိုက်စရာအကြောင်းကိုမရှိဘူး အခုလိုစစ်ဖြစ်တော့ ဘယ်သူတွေပဲ ဒုက္ခရောက်လဲ ကရင်ပြည်သူတွေပဲ ဒုက္ခရောက်ကြတာ တခြားတိုင်းရင်းသားတွေ ဘယ်သူမှ ဒုက္ခမရောက်ဘူး သူများမြှောက်ပေးတိုင်းမလုပ်နဲ့ ဦးနှောက်လေးနဲ့ ပြည်သူအတွက် ထည့်စဉ်းစားပြီးမှ လုပ်ကြပါ အခုပို့စ်ဆိုရင်လဲ မြှောက်ပေးထားတဲ့ပို့စ် သူပြောတဲ့အတိုင်းသာလုပ်လို့ရရင် သူကိုယ်တိုင်ဝင်လုပ်ပါလား သူကိုယ်တိုင်ကြတော့ မလုပ်ရဲဘူး သေမှာကြောက်ပြီးတော့ သူများကျတော့ မြှောက်ပေးနေတယ် အရှက်ကိုမရှိဘူး

    ReplyDelete
  18. စနိုက်ပါ က မိုက်တယ်နော် စက်လက်ကြီးကျနေတာပဲ ။။ သည်ကောင်တော်တော်လေးတော်မယ်ထင်တယ် အားကိုးရဦးမှာပဲ ကျောက်ထုဖို့ပြောတာ :P

    ReplyDelete
  19. နည်းနည်းပါးပါး ဥဏ်သုံးပြီး စာရေးပါ၊တော်ကြာ ကလေးတွေရဲ့ အိပ်ယာဝင် ပုံပြင်ဖြစ်နေအုန်းမယ်

    ReplyDelete
  20. ကိုယ့်မြန်မာတွေ အချင်းချင်း ပစ်ခတ်သတ်ဖြတ်တာတွေကို ဘေးကနေ၀ိုင်းပြီး မြှောက်ထိုးပင့်ကော်လုပ်တယ်... ဘယ်ဘက်က သေသေ အဲဒါ ငါတို့ အမျိုးတွေချည်းပဲ အားလုံးက မြန်မာပါကွ.. လက်နက်ကိုင်ပြီး ကိုယ်ကျိုးစီးပွားအတွက် ဆိုရင်တော့ တော်လှန်ရေးလို့ ဘယ်တော့မှ မသုံးနဲ့... ရှက်ဖို့ကောင်းတယ်... အားလုံးက တိုင်းရင်းသားတွေချည်းပဲ လေးစားပါတယ် ဧရာဝတီ .. နောက်ပြီးကိုယ်ချင်းလည်းစာမိပါတယ် ခင်ဗျားတို့က ဒီလိုရေးမှ ထောက်ပံ့ကြေးရမှာကိုး ဆက်လုပ်ပါ.. သတိတော့ပေးလိုက်ဦးမယ် .. အခုလိုသေကျေနေတာ မင်းတို့ငါတို့ အမျိုးတွေနော် ...

    ReplyDelete
  21. :) ဟာသ မ လုပ် နဲ နော်
    ကာ တွန်း ထက် တောင် ၇ိ ၇သေးတယ်

    ReplyDelete
  22. ချိန်ခွင်February 8, 2011 at 12:40 AM

    အားလုံးဟာ တိုင်းရင်းသားတွေချည်းပဲလို့ ပြောနေတဲ့သူ၊ ကိုယ့်မြန်မာတွေချည်းပဲလို့ ပြောနေတဲ့သူ ၊ လက်နတ်ကိုင်ပြီး အုပ်ချုပ်ချင်နေတဲ့သူ လို့ပြောနေတဲ့သူကို တခုလောက် မေးချင်ပါတယ်။ ခင်ဗျားတို့ကကော ဘာလို့ လက်နတ်ကိုင်ပြီး ကိုယ့်လူမျိုးအချင်းချင်း နှစ်ပေါင်းများစွာ အနိုင်ကျင့် ဗိုလ်ကျ နေရတာလဲ။ ဆွေးနွေးညှိုနှိုင်းလို့ မရဘူးလား။ ဘာတွေ ညှိုနှိုင်းခဲ့ ဘာသလဲ။ ဘာလို့ အခုချိန်ထိ တိုက်နေရတာလဲ။ တိုင်းပြည်ပဲ ဖြစ်ဖြစ် အဖွဲ့အစည်းမှာပဲဖြစ်ဖြစ် ဘယ်နေရာမှာမဆို မျှတမှု မရှိရင်ပဋိပက္ခ ဆိုတာ အဲ့ဒီက စတာပါ။ အဲဒါ သဘာဝလောက နိယာမ တွေပါ။ သင့်အထက် အရာရှိများကို ပြန်လည် တင်ပြလိုက်ပါ။

    ReplyDelete
  23. What an aimless article! The Irrawaddy should think twice before posting it on your precious website.

    ReplyDelete
  24. C'mon people, Never dreaming about to get freedom for free.If you don't fight, you won't get nothing and become spdc slave forever.It's over 60Years ...Same old Bullshitttt...WAKE UP !!!

    ReplyDelete
  25. Freedom supporter said...
    Some people never realized their own weakness because they have to follow the orders like a dogs obey its maters. Even they are aware of their master treated them very badly, they still have to fight for their master because its master feed them everyday. My suggestion will be instead of obey your master you better come to you common sense. You Mon and Dad hope you to be a master not slave. Please wake up and do not up set you parents. Otherwise you will definitely disgrace you own people and parent. YOu better support other instead of barking for SPDC.

    ReplyDelete
  26. အေး ကောင်းတာပေါ့ ဒါမှ ပြည်သူတွေမထိမှာ တပ်အချင်းချင်းတိုက်တာတော့ ဘာအရေးလဲ အခုတော့ မင်းပြောတဲ့ စနိုက်ပါကြီးက သံချေးများတက်နေလို့လား တစ်ကတည်း မိုင်းပဲခွဲပြီးတော့ ပြည်သူတွေ၊ ကရင်ရော၊ ဗမာပါ သေအောင်သတ်နေတာ တော်လှန်ရေးတဲ့လား မှောင်ခိုလုပ်နေတဲ့ ကားတွေ အစိုးရက သိမ်းလို့ မစားရတဲ့ အမဲသဲနဲ့ပက်နေတဲ့ကောင်တွေကို ပြည်သူ့ဘက်တော်သားလို့ ကင်ပွန်းတပ်နေတာကိုတော့ ရွံတယ် ရဲဘော်

    ReplyDelete
  27. မိတ်ဆွေ----
    ချိတ်တချောင်းထဲနဲ့ တော့ချိတ်လို့ မရဘူး ချိတ် ချိတ်ချင်းမို့ ချိတ်တာ။ဂူတခုထဲ ခြင်္သေ့ ၂ ကောင်မအောင်းဘူးတဲ့ ။ခုလဲ ကျွဲ၂ ကောင်ခတ်တဲ့ ကြားမြေဇာပင်တွေဘဲနာရတာပါ။ ကျွဲတကောင်က မထတ်တော့ဘဲနဲ့ ရှောင်သွားရင်တော့ ဘယ်သူမှမနာတော့ဘူး။မရှောင်ဘဲ ဆက်ခတ်နေရင်တော့ ကြားထဲကမြေဇာပင်ရော ကျွဲတကောင်ရော မလွဲမသွေ မုချ နာနေရဦးမှာဘဲ။ ကျွဲတွေဆက်ခတ်အောင် အားမပေးပါနဲ့ ။မခတ်တော့အောင်သာမောင်းထုတ်ပါ။ အသိဥာဏ်လေးနဲ့  ယှဉ်ပြီးပြည်သူ တွေအတွက်စဉ်းစားပေးပါ။ ကြားထဲကပြည်သူဒုက္ခရောက်အောင် လက်နက်ကိုင် ၂ ဖွဲ့ သွေးကြွပြီး ဘယ်သူမှမလျော့ ပြသနာပိုကြီးထွားအောင်မလုပ်ချင်ပါနဲ့ ။ခံနေရတဲ့ ပြည်သူတွေနေရာမှာ မင်းဆိုရင်ဘယ်လိုနေမလဲကိုယ်ချင်းစာပါ။
    ပြည်သူ အားလုံးငြိမ်းချမ်းကြပါစေ။ မြေဇာပင်ဘ၀မှကင်းလွတ်ကြပါစေ။
    ဘယ်သူသေသေငတေမာရင်ပြီးရော ဆိုသူများရန်မှကင်းဝေးပါစေ။
    မြန်မာပြည်မှာ ပြည်တွင်းဆူပူမှုဖြစ်လေ ပိုက်ဆံရလေ ဆိုပြီး ကိုယ်ကျိုးရှာနေသူများရန်မှကင်းဝေးပါစေ။(ဒီကွန်မန်းကို ဒီလင့်အောက်မှာပေးတာ ၃ ကြိမ်မြောက်တင်ပြခြင်းဖြစ်ပါတယ်။ စစ်ပွဲ မုန်းတီးသူတိုင်း စစ်ပွဲများတားဆီးပေးနိုင်ကြပါစေ။စစ်ပွဲကြောင့် အပြစ်မဲ့  ကျန်တော်တို့ ရဲ့ ပြည်သူတွေ တပါးနိုင်ငံမှာ မျက်နှာမငယ်ကြရပါစေနဲ့ ။ နိုင်ငံရေး ခုတုံးလုပ် ကိုယ်ကျိုးရှာသူများရန်မှကင်းဝေးပါစေ လို့ ဆန္ဒပြုပါတယ်။)

    ReplyDelete
  28. မိတ်ဆွေ----
    ချိတ်တချောင်းထဲနဲ့ တော့ချိတ်လို့ မရဘူး ချိတ် ချိတ်ချင်းမို့ ချိတ်တာ။ဂူတခုထဲ ခြင်္သေ့ ၂ ကောင်မအောင်းဘူးတဲ့ ။ခုလဲ ကျွဲ၂ ကောင်ခတ်တဲ့ ကြားမြေဇာပင်တွေဘဲနာရတာပါ။ ကျွဲတကောင်က မထတ်တော့ဘဲနဲ့ ရှောင်သွားရင်တော့ ဘယ်သူမှမနာတော့ဘူး။မရှောင်ဘဲ ဆက်ခတ်နေရင်တော့ ကြားထဲကမြေဇာပင်ရော ကျွဲတကောင်ရော မလွဲမသွေ မုချ နာနေရဦးမှာဘဲ။ ကျွဲတွေဆက်ခတ်အောင် အားမပေးပါနဲ့ ။မခတ်တော့အောင်သာမောင်းထုတ်ပါ။ အသိဥာဏ်လေးနဲ့  ယှဉ်ပြီးပြည်သူ တွေအတွက်စဉ်းစားပေးပါ။ ကြားထဲကပြည်သူဒုက္ခရောက်အောင် လက်နက်ကိုင် ၂ ဖွဲ့ သွေးကြွပြီး ဘယ်သူမှမလျော့ ပြသနာပိုကြီးထွားအောင်မလုပ်ချင်ပါနဲ့ ။ခံနေရတဲ့ ပြည်သူတွေနေရာမှာ မင်းဆိုရင်ဘယ်လိုနေမလဲကိုယ်ချင်းစာပါ။
    ပြည်သူ အားလုံးငြိမ်းချမ်းကြပါစေ။ မြေဇာပင်ဘ၀မှကင်းလွတ်ကြပါစေ။
    ဘယ်သူသေသေငတေမာရင်ပြီးရော ဆိုသူများရန်မှကင်းဝေးပါစေ။
    မြန်မာပြည်မှာ ပြည်တွင်းဆူပူမှုဖြစ်လေ ပိုက်ဆံရလေ ဆိုပြီး ကိုယ်ကျိုးရှာနေသူများရန်မှကင်းဝေးပါစေ။

    ReplyDelete