Pages

Monday, February 14, 2011

လက်ပျက်လာလို့ မောင်စူးစမ်း စာရေးခြင်းမှ အနားယူ


အသက် ၈၄ နှစ်ရှိပြီဖြစ်တဲ့ စာရေးဆရာ မောင်စူးစမ်းရဲ့လက်တွေဟာ စာမရေးနိုင်လောက်အောင် အခြေအနေဆိုးဝါးလာတဲ့အတွက် စာရေးသားခြင်းကနေ အနားယူတော့မယ်လို့ The Voice ဂျာနယ်ကို ပြောထားပါတယ်။

“အသက်ကြီးလာတော့ ကယ်လစီယမ်ဓာတ်ချို့တဲ့လာတယ် ထင်တယ်။ အခုလက်တွေက စာမရေးနိုင်တော့ဘူး။ အနားယူချင်တာကြာပါပြီ။ ဒါပေမယ့် အခုမှ အနားယူဖြစ်တာ” လို့ ပုံမှန်မရှိတော့တဲ့ သူ့လက်ချောင်းတွေကို ပြရင်း The Voice ဂျာနယ်ကို ပြောကြားတယ်လို့ သိရပါတယ်။

အမည်ရင်း ဦးတင်ရွှေဟာ မောင်စူးစမ်း ကလောင်အပြင် ဦးထွန်းဖေ၊ ဦးချမ်းအေး အမည်တွေနဲ့လည်း လူသိများပါတယ်။ ကွန်မြူနစ်ဟောင်းတဦးဖြစ်ခဲ့ပြီး ၁၉၈၈ နောက်ပိုင်းကာလမှာ NLD ပါတီကို ၀င်ရောက်ခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ စစ်အစိုးရကို ထောက်ခံတဲ့ ဆောင်းပါးတွေကြောင့် ဝေဖန်ပြစ်တင်မှုတွေကို ခံခဲ့ရသူလည်းဖြစ်ပါတယ်။

မောင်စူးစမ်း အနားယူသွားပြီဖြစ်ပေမယ့် သူနဲ့ခေတ်ပြိုင် သခင်တင်မြကတော့ ပြီးခဲ့တဲ့ ပြည်ထောင်စုနေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ဝေဖန်တိုက်ခိုက်တဲ့ ဆောင်းပါးတစောင်ကို စစ်အစိုးရ သတင်းစာမှာ ရေးသားခဲ့တာကို တွေ့ရပါတယ်။

6 comments:

  1. လက်ပျက် တာတော့ ခု မှပါ။
    အတွေးအခေါ် ပျက်နေတာ တော့ ကြာ ကြာလှပေါ့။
    ဂါရ၀၊နိဝါတ မင်္ဂလာ နဲ့ ပါတ်သက်ပီး ကျနော်တို့  လူငယ်တွေ အကုသိုလ်
    နည်းသွားတဲ့ အတွက် ကျေးဇူးတင်ပါကြောင်း ခင်ဗျာ။

    ReplyDelete
  2. မောင်စူးစမ်းရေ..
    လူမသေသေးပေမယ့် နာမည်သေနေတဲ့လူတစ်ယောက်အတွက် ကစားမလား၊ နားမလားဆိုတာရွေးမနေပါနဲ့ တော့.. ဘာဖြစ်လို့ လည်းဆိုတော့ ကစားသည်ဖြစ်စေ၊ နားသည်ဖြစ်စေ အတူတူပါပဲ ...
    ကျတော်တို့ရင်ထဲခင်ဗျားမှရှိမနေပဲ ..
    (ဒီသတင်းကို Voice Weeklyဂျာနယ်ရဲ့ ဆိုဒ်မှာဖတ်လိုက်ရပြီး
    ကွန်မန့် ပေးခဲ့သေးတယ်။ ဒါပေမယ့် ကျတော်ကပဲ မကျွမ်းကျင်လို့ လား
    သူတို့ ကပဲ မန့် မခံတာလားတော့မသိဘူး၊ ကွန်မန့် ကတက်မလာဘူး၊
    ဘာပဲဖြစ်ဖြစ် ကျတော်တို့ ဒီလိုသဘောထားရှိတယ်ဆိုတာ
    သူသိပြီးနောင်တရသွားမျိုး၊ ကျန်ရှိနေသေးတဲ့ ဘ၀ရဲ့ လက်ကျန်အချိန်လေး
    တချို့ ကိုနိုင်ငံအတွက်တစ်စုံတစ်ခု ကောင်းရာကောင်းကျိုးလေးလုပ်သွား
    နိုင်တယ်ဆိုရင်လည်း မနည်းဘူးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျတော်ရေးလိုက်တာပါ..)

    ReplyDelete
  3. ၀မ်းသာလိုက်တာ ဆတ်ဆတ်ကိုခါနေတာဘဲ။

    ReplyDelete
  4. He can't blame his hands now. If he really wish to continue writing, he can still ask someone to write down his ideas. In fact, he quit because he knows that the military dictators don't need him anymore!

    ReplyDelete
  5. ဒီအဖိုးကြီးကော ဟိုအဖိုးကြီး(သခင်တင်မြ)ကော လုံးဝ(လုံးဝ)ရိုသေလေးစားစရာတကွက်မှမရှိပါ။ ဆိတ်လဇိများဖြစ်ကြပါသည်။

    ReplyDelete
  6. အဘရေ...
    စူးတော့စူးစမ်းတာပဲ..
    ကိုယ့်ကိုကိုယ် လူမိုက်အားပေးဖြစ်နေတာမသိရှာဘူး..
    ခက်တယ် အဘရယ်..
    အကန်တော့ခံ ပုဂ္ဂိုလ်မို့ မျက်နှာလိုက်နေတာပဲလား..
    ငါ့ဝမ်းပူဆာ မနေသာပေါ့..
    စိတ်မဆိုးတော့ပါဘူး...

    ReplyDelete