Pages
Wednesday, February 2, 2011
သြော် ---- လွှတ်တော် --- လွှတ်တော်
တိုက်ကြ ခိုက်ကြ ကိုက်ကြတာဟာ လမ်းပေါ်မှာ၊ စစ်မြေပြင်မှာချည်းပဲ မဟုတ်ပါဘူးလို့ အောက်က ဓာတ်ပုံတွေက ပြောပါတယ်။
လက်ဝှေ့ကြိုးဝိုင်း မဟုတ်ပါ။ ယူကရိန်းနိုင်ငံ လွှတ်တော်မှာပါ။  ဧပြီလတုန်းက သင့်တော်တဲ့ ဆုံးဖြတ်ချက်တခု ချနိုင်ဖို့ ကြိုးစားနေကြပုံလို့ ဆိုပါတယ်။ 
ခြံခုန်တယ် ဆိုတာ အဓိပ္ပာယ် အမျိုးမျိုး ရှိပါတယ်။ လွှတ်တော်ထဲမှာ ခြံခုန်တာကတော့ ပြဿနာတခုကို ဖြေရှင်းဖို့ပဲ ဖြစ်ရမယ်။
ညှိနှိုင်းမှုတခုမှာ မြင်ရတဲ့ နိုင်ငံရေးသမားတွေ။
လျှို့ဝှက်ထောက်လှမ်းရေး မဟုတ်ပါဘူး၊ လွှတ်တော်ဥက္ကဋ္ဌ ဖြစ်ပါတယ်။ ရာထူးကြီးတော့လည်း မိုးရွာရွာ မရွာရွာ ထီးမိုးပေးရတာပေါ့။ စားစရာ သောက်စရာတွေ လှမ်းပြီး ဆက်သတာကို ပုံမှာ မြင်ရပါတယ်။
ရုရှမှာ နိုင်ငံရေးသမား ဖြစ်ဖို့ ဆိုရင် လည်လိမ်ချိုးခံရဖူးမယ် ဆိုပါစို့။
စည်းကမ်းဖောက်ဖို့ဆိုရင် နိုင်ငံရေးသမားတွေက အရမ်း အရမ်း ကျွမ်းကျင်သူတွေပါ။
ယူကရိန်းမှာ ပြဿနာတွေကို ဖြေရှင်းတဲ့နည်းလမ်းက အသက်ရှူမှားလောက်တယ်။
ဘယ်သူပဲ ဖြစ်ဖြစ် မြောက်ကိုရီးယားကိုပဲ အပြစ်ပုံချဖို့ ၀န်မလေးကြဘူး။ ဟောသမှာ ရိုးရိုးသားသား တောင်ကိုရီးယား။
ဒါလည်း တောင်ကိုရီးပါပဲ။
တောင်ကိုရီးယား အန်တီ၊ မမများ။ 
 အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်လာရင် ငြိမ်းချမ်းရေး ပိုဖြစ်စေတယ် ဆိုတာ အမြဲ မမှန်ပါဘူးလေ။
ကိုရီးယားနိုင်ငံရေးသမားက အခုန်အပျံလည်း ရသဗျ။
ဒါဟာ တောင်ကိုရီးယား နိုင်ငံရေးအတွက် ဂုဏ်ယူစရာ မြင်ကွင်းပေါ့။
နိုင်ငံရေးရည်ရွယ်ချက် ကြီးမားသူတွေ ဂျူဒို ကရာတေး တတ်ထားတာ မမှားပါဘူး။
အင်း --- နိုက်ကလပ်မှာ ရန်ဖြစ်သလိုပဲ။
တောင်ကိုရီးယားမှာ စံပြ နိုင်ငံရေးသမား ဖြစ်ဖို့ ဆိုရင် အခက်အခဲတွေ၊ ပြဿနာတွေကို ဒီလို ရှင်းဖို့ လိုမယ်။
စပ်မိလို့ ပြောရရှု ဟစ်တလာက ပြဿနာကို ဘယ်လို ရှင်းခဲ့သလဲ၊ မှတ်မိလား။
ဒီလို ရှင်းခဲ့တာပေါ့။
ဂျာမဏီလွှတ်တော် ပြာမကျမီပုံ။
ဒီတခါ အလှည့်ကျတာကတော့ နိပွန် ရွှေနိုင်ငံ။
ဂျပန်မှာတော့ အခွင့်အရေးရတာနဲ့ တိကျ မှန်ကန် မြန်ဆန်တဲ့ လှုပ်ရှားမှုတွေ  လိုအပ်ပါသတဲ့။
ထိုင်ဝမ်လွှတ်တော်မှာ နေရာကောင်းရဖို့ဆိုရင် ပျံသန်းဖို့ နည်းလမ်း ရှာရမယ်။
ထိုင်ဝမ်လွှတ်တော်မှာ အမျိုးသားတွေ ကြီးစိုးတဲ့ခေတ် ကုန်ပါပြီ။
ပြိုင်ဘက်ကို နောက်ကောက်ချဖို့ ဆိုရင် နောက်ကနေ အထောက်အပံ့ လိုတာ ထိုင်ဝမ်လွှတ်တော်က သက်သေပါ။
သြော် - ထိုင်ဝမ်၊ ထိုင်ဝမ် ----။
ရုရှတို့ ချစ်ကြပုံ။
နိုင်ငံရေး လက်ဝှေ့ကျော် ရုရှတယောက်။
မက္ကဆီကိုမှာတော့ နိုင်ငံရေး ဆိုတာ စားပွဲပေါ်မှာ ရှင်းကြရတဲ့ နည်းလမ်းလို့ ဆိုလိုပါတယ်။
ဘိုလီးဗီးယားလွှတ်တော် တက်သူတွေ လုပ်ရမှာက ပြေးပေါက် ရှာထားဖို့ပါ။
တူရကီနိုင်ငံရေးသမားတွေဆိုပဲ။ အဖြေ ရကြပုံ မပေါ်။
အီတလီပြည်သူ့လွှတ်တော်မှာတော့ ပြည်သူတွေရဲ့ အသံကို အမြဲ မကြားရတတ်ဘူး။
အစ္စရေး လွှတ်တော် မြင်ကွင်း။
လေဒီ ၂ ယောက် ညှိနှိုင်းမှု အထွတ်အထိတ် ရောက်နေတုန်း မှတ်တမ်းတင်ထားတဲ့ပုံ။
အိန္ဒိယမှာတော့ အမျိုးသမီးတယောက် သဘောမတူမှုတခုကို ပြသဖို့ ဆိုရင် ဒီလိုပဲ လုပ်ရတယ် တဲ့။ မှတ်ဖွယ်မှတ်ရာပါပဲ။
မလေးရှား လွှတ်တော်မှာ ဆုံးဖြတ်ချက်တခု မြန်မြန် ကျဖို့ ဟောသလို ခပ်သွက်သွက် လုပ်ချလိုက်ရမယ်။
ဆိုမာလီလွှတ်တော်တခုမှာရိုက်ထားတဲ့ အထက်ပါပုံအရ ဆိုရင် သူတို့ဆီက နိုင်ငံရေးသမားတွေ အတွင်းအား ကောင်းဖို့ လိုပါတယ်။
ivarfjeld.wordpress.com က ပို့စ် တခုကို အဆင်ပြေသလို အကျဉ်း နည်းနဲ့ ကွပ်မျက် အဲ - - ဘာသာပြန်ပါတယ်။ 
မူရင်းမှာတော့ စကားပုံ၊ ကျမ်းစာပါ ဖော်ပြချက်တွေကို ကိုးကားထားတာကြောင့် ပိုပြီး ဟာသ မြောက်လှပါရဲ့။
ဒါက နေပြည်တော်က လွှတ်တော်ကြီးတခု။
ကျနော်တို့ဆီက လွှတ်တော်ကြီးတွေမှာ ပြဿနာတွေကို ဘယ်လို ရှင်းမလဲဆိုတာ စောင့်ကြည့်ကြပါစို့။
10 comments:
  1. ဒီပုံတွေ ကြည့်ပြီး ဒါဆိုရင် ခင်အောင်မြင့်စကား မှန်တာပေါ့ဆိုပြီး ဖြစ်သွားနိုင်တာပေါ့။ နည်းလမ်းတကျ ဆွေးနွေးငြင်းခုံကြတဲ့ အမေရိကန် လွှတ်တော် ၊ ဗြိတိန်လွှတ်တော်တို့လို ပုံတွေကျ မဖော်ပြတော့ဘူးလား။
    ReplyDelete
  2. နာမည်ကိုက လွှတ်တော် တဲ့ ... လွှတ်တော် ... ရုန်းတော် ... မလွှတ်ရင်တော့ ချကြပေါ့
    ReplyDelete
  3. burmese parliment can carry gun so who else willing to dear to fight :D
    ReplyDelete
  4. နေပြည်တော် လွတ်တော်က ဒါမျိုးး ဖ်ြစ်ဖူးနော်။
    ငြိမ်ဝပိပပြားေ၇းကို ဦးစား ပေးးတားတယ်နော်။
    ReplyDelete
  5. အမေရိကန်တို့၊ ဗြိတိန်လွှတ်တော်တွေအကြောင်းပြောရအောင် ကိုယ့်နိုင်ငံအဆင့် ကိုယ့်ဘာသာ ကြည့်အုံးလေ။ ရာရာစစ။
    မင်းရဲ့နေပြည်တော်လွှတ်တော်က နည်းလမ်းတကျ ငြင်းခုံဖို့နေနေသာသာ
    အမတ်တွေက ကြောက်ဒူးတုန်ပြီး ရှူးရှူးတွေရွှဲနေလို့ တုတ်တုတ်မှမရှုပ်တာ လူသေကောင်တွေအတိုင်းပဲ။
    ReplyDelete
  6. နိုင်ငံတစ်နိုင်ငံတိုးတက်ဖို့အတွက် ငြင်းကြခုန်ကြမှာပါ။ သို့သော် တို့မြန်မာပြည် ကြီးက တိုးတက်ပြီးသား ငြင်းခုန်စရာမလိုတော့ဘူးလေ။
    ReplyDelete
  7. မနေ့ တနေ့ကမှ ဒီမိုကရေစီ (ယောင်ယောင်)လေး ရသလိုလိုရှိတာ US တို့ UK တို့လို ဒီမို ဘိုးအေကြီးတွေ အတိုင်း ဖြစ်မယ်များထင်နေလား ? ဒီမိုကရေစီဆိုတာ ဘာမှန်းမသိဘဲ အမတ်ဖြစ်နေတဲ့သူတွေ အခုလွှတ်တော်ထဲမှာ မနဲမနောဘဲ
    US တော့မသိပါ.... UK မှာတော့ မြန်မာပြည်မှာလိုဘဲ လွှတ်တော်အမတ်တွေ ယဉ်ယဉ်ကျေးကျေးနဲ့ စည်းကမ်းလိုက်နာအောင် ချုပ်ထားတဲ့ law တွေရှိပါတယ်...... အဲ handphone မယူလာရဆိုတာတော့ မပါဘူးပေါ့ဗျာ ::P
    ReplyDelete
  8. လွှတ်တော်ကို ချုပ်တော် လို့ မြန်မာ အမည်ပြောင်းသင့်တယ် အားလုံးတနေ့တာ အကျယ်ချုပ်ကျသလို အရုပ်တွေလို နေရလို့ စစ်သားတွေကတော့ မထူးဘူးပေါ့ အစထဲက ရွာမီးရှို့ဆိုလဲ ရှို့မှာပဲ ....တွေ မဒိန်းကျင့်ဆိုလဲ ကျင့်မှာပဲ..
    ReplyDelete
  9. I think 25% of military people will shoot to those people who are talking about political report in Parliament.
    ReplyDelete
  10. လေပြည်တော်ကြီးမှာ စစ်အစိုး၇ဲ. လမ်စင်ကို ဆန်.ကျင်၇င် ဟယ်ပြော၇မှာတောင် ကျော၇ှမ်းတယ်...နှလုံးရှမ်းတယ်..........
    နှလုံးေ၇ာဂါနဲ. စိုးဝင်း၇ဲ.ကိုယ်ရံတော် သေသလို (မောင်အေးရဲ.လက်ချက်နဲ.။ ကျည်စံနဲ.)သေတာကို
    နှလုံးရောဂါနဲ.သေကြရလိမ့်မယ်
    ReplyDelete