Pages

Tuesday, February 15, 2011

ရခိုင်တိုင်းမှူး သံဃာတပါး အကန်ခံရ


ရှင်ကျော်ဘုရား ထီးတော်တင်ရန် ရခိုင်တိုင်းမှူး ဆောင်ရွက်နေစဉ်


ရခိုင်ပြည်နယ် ၊ မြောက်ဦးမြို့နယ်ရှိ ရှင်ကျော်မုနိဘုရား ထီးတင်ပွဲမှာ ရခိုင်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးသိန်းကို သံဃာတော်တပါးက ခြေထောက်နဲ့ ကန်ကျောက်ခဲ့တယ်လို့ သိရပါတယ်။

ဘုရားထီးတော် တင်ဖို့ ပြင်ဆင်နေစဉ်မှာ ပင့်သံဃာတွေထဲက သံဃာတော်တပါးဟာ ရခိုင်တိုင်းမှူးကို ခြေထောက်နဲ့ ကန်ကျောက်ခဲ့ပြီး ဆရာတော်ကြီးတချို့ကိုလည်း ရန်ပြုခဲ့ကာ အောင်ပြီ ၊ အောင်ပြီလို့ ကြွေးကြော်ခဲ့ကြောင်း ဒေသခံတဦးကို ကိုးကားပြီး နိရိဉ္ဇရာ သတင်းဌာနက ဒီနေ့ ဖော်ပြလိုက်ပါတယ်။

မျက်မြင် ရဟန်းတော် တစ်ပါးကလည်း “ ပြာသိုလကွယ်နေ့ နံနက်ပိုင်း ၈ နာရီ ၉ နာရီခန့်ရှိမယ် ထင်ပါတယ်။ တိုင်းမှူး အပါအ၀င် အလိုတော်ပြည့် ဆရာတော် ဘုရားကြီးတို့ ထီးတော်တင်ဖို့ ပြင်ဆင် နေချိန်မှာ တိမ်ညိုနားမှာ ရှိတဲ့ သပြေကန် ဆရာတော် ဦးသုဝဏ္ဍက နတ်ပူးတယ်လို့ ပြောပါတယ်။ တိုင်းမှူး စိုးသိန်းကို ခြေထောက်နဲ့ ကန်တယ်။ အလိုတော်ပြည့် ဆရာတော်ကြီးကိုလည်း လည်ပင်း ညစ်ဖို့ လုပ်ပါတယ်။ ပီးရင် အောင်ပြီ အောင်ပြီလို့လည်း အော်ပါတယ်။ ရှင်ကျော် ဆရာတော်ကြီး ရုပ်ထုကိုလည်း ခြေထောက်နဲ့ ကန်ပါတယ်။ တိုင်းမှူးအနားမှာ လုံခြုံရေး ယူထားတဲ့ စစ်သားနဲ့ ရဲတွေက ဦးသုဝဏ္ဍကို ဖမ်းဖို့ လုပ်ပါတယ်။ ပွဲတော်ကို ရောက်နေတဲ့ ကိုနေထက်လင်းတို့ ကိုဘုန်းလျှံတို့ထင်ပါတယ်။ တစ်ခုခု မှားပြီး စိတ်ဖေါက်ပြန်တဲ့ အတွက် ဖြစ်တာပါ။ ဘာမှ မလုပ်ကြပါနဲ့။ မလုပ်ကြပါနဲ့လို့ စပီကာကတဆင့် အော်တော့ ခဏလေးအကြာမှာ ဘုန်းကြီး ငြိမ်ကျသွားတယ်။ ဖြစ်တာက ငါးမိနစ်လောက်ပဲ ကြာပါတယ်”လို့ မိန့်ကြားခဲ့တယ်လို့ ယင်းသတင်းမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။

5 comments:

  1. အတော်လေးကိုစိတ်ဝင်စားတယ်ဗျာ...ဒီသတင်းအဆက်လေးရရင် ရရချင်း
    တင်ပေးပါဗျာ..တော်တော်ကောင်းတဲ့သတင်းပါ..

    ReplyDelete
  2. -သတင်းရဲ့ ရည်၇ွယ်ချက်က ဘာလဲ-commet မပေးလဲနေပါ
    ဧရာဝတီ ကိုနေ့တိုင်းဖတ်ပါတယ်-နောက်ဆက်တွဲတွေအတွက်
    ရောစဉ်စားမိလား..

    ReplyDelete
  3. သတင်းခေါင်းစဉ်တပ်ထားတာ အဆင်မပြေလှဘူးထင်ပါတယ်၊ တြိယာ ကံ ကတ်တား ညီညွတ်မျှတမှုရှိမရှိတော့မသိပါဘူး။ ဒါပေမယ့် ဘာဆိုလိုမှန်းမသိ။ ဆွဲဆောင်မှုမရှိနဲ့ ဖတ်ရမှပဲ ရှင်းတော့တယ်။

    ဖြစ်သင့်တာက ရခိုင်တိုင်းမှုး သံဃာတပါးရဲ့  (ဧ။်) အကန်ခံရ အဲလိုမျိုးဖြစ်ရမှာ။ အဘကြေးမုံဦးသောင်းကို လွမ်းပါဘိ။ သံဃာ ကန်တာကိုကော ကန်တာလို့  သုံးလို့ ရရဲ့ လားမသိဘူးနော်။ ခြေတော်ချီးမြင့်ခြင်းခံရဖြစ်ဖြစ်။ ခြေတော်တင်ခြင်းခံရလို့ သုံးရင် ကောင်းမလား တိဘူး။ စဉ်းစားကြည့်တာပါ

    ReplyDelete
  4. လံကွတ်တီFebruary 16, 2011 at 8:50 AM

    ဒါပာာယတြာချေနည်းတစ်မျိုးဘဲ..

    ReplyDelete
  5. ရခိုင်ပြည်နယ်တိုင်းမှုးကို..သံဃာတော်တစ်ပါးမှ..ဖနောင့်စာကျွေးလိုက်ခြင်း..

    ReplyDelete