Pages

Tuesday, February 1, 2011

အိမ်ပြန်လှသူ ၄ လပတ်စည်းဝေးပြန်ကြီးများအကြောင်း



ဒီလိုကားကြီးတွေကို ကျပ် သိန်း ၂၀၀ ထဲနဲ့ အရစ်ကျစနစ် ပေးပြီး ဝယ်ယူနိုင်ပါပြီ (မှတ်ချက် - ၄ လပတ် စည်းဝေးတက်တဲ့ အသစ်စက်စက် တပ်မမှူးကြီးများသာ)

စစ်အစိုးရရဲ့ နောက်ဆုံး ၄ လပတ် အစည်းအဝေး တက်ခဲ့တဲ့ တပ်မှူးကြီးတွေကတော့ တိုယိုတာကားကြီးတွေကို အထက်တန်းကျ ကျ မျက်နှာ ပန်းလှလှမောင်းပြီး အိမ်အပြန် ကောင်းခဲ့ပါပြီ။

အစည်းအဝေးတက်ခဲ့တဲ့ တပ်မမှူးအသစ်စက်စက်၊ စကခမှူး အသစ်စက်စက်တွေ အပါအဝင် တိုင်းမှူးကအစ အားလုံး အသစ်စက်စက်တွေ (မယားကော အသစ်စက်စက်လားမသိ) အတွက် တိုယိုတာ ကား ကုမ္ပဏီကြီးကထုတ်တဲ့ နောက်ဆုံးပေါ် Corona အမျိုးအစား Premio နဲ့ Avensis ကား အသစ်စက်စက် တွေကို ဈေးပေါပေါနဲ့ ရောင်းပေးခဲ့လို့ပါပဲ။ နောက်ဆုံးပိတ် အိတ်နဲ့ လွယ်ဆိုတဲ့ စကားပဲ ကြားဖူးပါတယ် နောက်ဆုံးအစည်းအဝေး ကားရောင်းပေး ဆိုတဲ့စကားတော့ တခါမှ မကြားဘူးပေါင်။

အဲဒီ အသစ်စက်စက် ကားတွေကို တန်ဘိုး သိန်း ၂၀၀ နဲ့ ဈေးဖြတ်ပေးထားရုံမက လတ်တလော သိန်း ၂၀ ပေးရုံပဲတဲ့ဗျား။ တလ ကျပ် ၂ သိန်းနှုန်းနဲ့ တနှစ် တိတိသွင်းစေ၊ ပြီးရင် အပိုင်ယူ ဆိုပြီး ကိုယ်ပိုင် ကားမရှိသေးတဲ့ တပည့်လေးတွေကို ဗိုလ်ချုပ်မှူးကြီး ဆုချလိုက်တဲ့ စေတနာပါ (တကယ်တော့ ဗိုလ်ချုပ်မှူးကြီး မသိသေးလို့ပါ သူတို့က တိုင်းမှူး၊ တပ်မမှူး မဖြစ်ခင်ကတည်းက ဆယ်ဘီးကားတွေ ဆယ်စီးလောက် ပိုင်နေကြပြီ)

အင်း ... အဲဒီ မရှိဆင်းရဲသား၊ ကျောမွဲ၊ ကုန်းကောက်စရာ မရှိသူတွေ အတွက် ဒီလို ဈေးပေါပေါနဲ့ ရောင်းပေးတယ် ဆိုတော့ ကြားရတာ သာဓုခေါ် ၀မ်းသာစရာပါပဲ။

တိုင်းမှူးကြီးတွေ တပ်မမှူးကြီးတွေလည်း အိမ်က မဒီကြီးတွေက ကိုကို ဘာပါလဲဆိုရင် ခပ်ကြွားကြွားလေး ပြောလို့ရပြီပေါ့။

စစ်တပ်ကတော့ အဲဒီလိုမျိုး ကိုယ့်လူကိုယ် ပေးတဲ့နေရာမှာတော့ အရမ်းတော်တာပါ။ မနေ့က လွှတ်တော် အစည်းအဝေးမှာလည်း သူတိုပဲ လွှတ်တော် ဥက္ကဋ္ဌ ရသွားတယ်၊ ဦးသိန်းစိန်ကြီးက အဆိုပြု၊ ဦးအောင်သောင်းကြီးက ထောက်ခံ ဦးရွှေမန်းကြီးက လွှတ် တော် ဥက္ကဋ္ဌ ဖြစ်ပေါ့။

ထောင်ထဲက စကားလုံး တခုငှားသုံးရရင်တော့ အားလုံးကောင်းပါသည် ခင်ဗျားပေါ့ဗျာ။






3 comments:

  1. မွေးစားခံချင်တဲ့ လူတွေ တန်းစီနေမှတော့ လူမွေးပြန်ပြီပေါ့။
    မွေးပြီး ကြီးရင် စားပစ်လိမ့်မယ်။

    ReplyDelete
  2. ဒီကျက်သတုံးတွေကြည့်ဘဲ အခွင့်ရေးတွေ တစ်မျိုးပြီးတစ်မျိုးလိမ့်ပြီး ယူနေ ကြာတာ အောက်က ပြည်သူတွေကျတော့ ဘာမှကို မရဘူး။

    ReplyDelete
  3. တပ်မတော်အောက်ပိုင်းက စစ်သားတွေကတော့ ကရင်ပြည်နယ်တောနက်ထဲမှာ အငတ်ငတ် အပြတ်ပြတ်နဲ့ တိုက်ကြ။ အခွင့်အရေးဆိုလို လေသံတောင်မဟရဲကြဘူး။ ဗိုလ်ချုပ်တွေကျပြန်တော့လည်း လူ့ စည်းစိမ် အပြည့်အ၀ခံကြ။ မသနားတော့ဘူးဟေ့။ မင်းတို့ က ဦးနှောက်မှ မရှိတာကို။ ဒီတော့လည်း မင်းတို့ မိသားစုလိုက် လည်စင်းပြီးခံပေတော့ပေါ့ ကွာ။

    ReplyDelete