Pages

Tuesday, February 1, 2011

ဒီတပွဲတော့ အပေါ်ကြေးကွဲပြီ

ဒီနေရာမှာ အပေါ်ကြေးကွဲသွားတာ

ဒီတပွဲ အပေါ်ကြေးတွေ ကွဲ” လို့ စာချိုးရမလိုတောင် ဖြစ်နေပြီ။ ဘာကြောင့် အပေါ်ကြေးတွေ ကွဲသတုန်းလို့ မေးကြည့်ဦး။

ဗိုလ်ချုပ်မှူးကြီး သမ္မတ မလုပ်တော့ဘဲ ဦးသိန်းစိန်ကြီး သမ္မတ လုပ်တော့မှာမို့လို့တဲ့။

သူ သမ္မတ လုပ်တာ၊ မလုပ်တာနဲ့ လောင်းကစားနဲ့ ဘာဆိုင်လဲ” လို့ မေးလာရင်လည်း အဖြေကရှိနေပါတယ်။ ရန်ကုန် လောင်းကစား အသိုင်းအ၀န်းမှာ ဦးသန်းရွှေကြီး သမ္မတလုပ်မယ်၊ မလုပ်ဘူးဆိုတာကို ဘောလုံးပွဲ ဘွတ်ကီဒိုင်တွေလို ကြေးဖွင့်ပြီးတောင် လောင်းကြသတဲ့။(ကြေးတော့ မသိဘူးနော်၊ ၁၀၀လေး ၁ လေးလောက်တော့ ဒိုင်က ဖွင့်မှာမဟုတ်ပါဘူး။ ၅ လေး ၁ လေးလောက်ပဲ ဖွင့်မှာပါ)

မဆိုးပါဘူး။ မြန်မာ့လောင်းကစား ကမ္ဘာကိုလွှမ်းရမယ် ဆိုပြီး ဆောင်ပုဒ်အသစ်လေးတောင် ထုတ်လို့ရသေး။ လောင်းလိုက် ကြတာမှ ဂျာနယ်တိုက် ပိုင်ရှင်ကြီး တယောက်ဆိုရင် အောက်ကမထိုင်ဘဲ ဦးသန်းရွှေကြီး ဘက်က လောင်းမိလို့ သိန်း တရာ လောက်တောင် ကွဲသွားသတဲ့ (ပါးပါးလေးပါ။ ဒါ သူ ဘောလုံး တည လောင်းစာလောက်ပဲ ရှိတာပါ။ အားတော့ မလျှော့နဲ့ပေါ့ ဟိုက သမ္မတချုပ်ကြီး ဆိုပြီး မလုပ်ဘူး မပြောနိုင်ဘူးလေ)

နဂိုကမှ မြန်မာပြည်မှာ လောင်းကစားက ၁ လုံး ဆိုတဲ့ ဘောလုံးရယ်၊ ၂ လုံးဆိုတဲ့ နှစ်လုံးထီရယ်၊ ၃ လုံး ဆိုတဲ့ ချဲထီရယ် ရှိနေတာ။ အခု လောင်းကစားကို ဘာလုံးလို့ သတ်မှတ်ရမယ်တောင် မသိအောင် ဖြစ်သွားတယ်။

မနေ့က ပွဲမှာလည်း ဦးရွှေမန်းကြီး သမ္မတ ဖြစ်မယ်ဆိုပြီး ပုံအောလောင်းထားတဲ့ သူတွေ ကွဲကြပါတယ်။ တိုက်ပေါ်က ဆင်းပေးကြေး၊ ကားသော့ အပ်ကြေး လောင်းကြတာဆိုပဲ (တချို့ အဖွဲ့အစည်းတွေ ပြောပါတယ်)

ဦးရွှေမန်းအား လွှတ်တော်ဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်သည်” ဆိုတဲ့ အဖြေလည်း ထွက်ရော “ဟိုက်” ဆိုပြီး ပက်လက်ကို လန်သွားလို့ နှာနှပ်ယူရတဲ့အထိတဲ့။

သီဟသူရ ဘွဲ့ရထားတဲ့ ဦးတင်အောင်မြင့်ဦးကတော့ အစကတည်းက ဒုတိယ သမ္မတလို့ တစ်ပေးနေတော့ ၂ လုံး၊ ၃ လုံး စကားနဲ့ ဆိုရရင် ဂဏန်းငြိမ်တယ်ပေါ့။

ဟဲ ဟဲ … ဘယ်သူလောင်းရဲသေးလဲ။ နောက်ပွဲတွေကို မြန်မာအသင်းကတော့ မထင်မှတ်တာတွေ လုပ်ပြတတ်တယ်လို့ ပြောရ သလိုပဲ။ အခုလဲ မထင်မှတ်တာတွေ ဖြစ်နေပြီ။ လောင်းကစား နတ်ကြီးသလို လွှတ်တော် နတ်ကြီးတယ်ပဲ ပြောရမလား။ တပ်ချုပ်ကြီးပဲ နတ်ကြီးလေသလားပေါ့။ သူဆွဲတိုင်း ကရတဲ့ ရုပ်သေးပွဲကိုး။

ဘောလုံးလောင်းတဲ့ သူတွေကတော့ ပြောလေ့ရှိတယ် ဘောလုံးဆိုတာ လုံးလုံးကြီးတဲ့။ ဒီဟာတွေကတော့ အချွန်အတက်တွေနဲ့ လို့ ပြောရမလို ဖြစ်နေပြီ (လွှတ်တော်ကြီး ပြောပါတယ်။ ဘုံ ခုနစ်ဆင့်၊ ပြာသာဒ်တွေနဲ့ ဆိုတာကိုး)

5 comments:

  1. ဘာမှအံ့သြစရာမလိုဘူး
    - သူကိုယ်တိုင် သမတ မလုပ်ချင်ဘူး သမတ က ကာကွယ်ရေးဦးစီးချုပ်ထက်တောင် လုပ်ပိုင်ခွင့်နည်းသေး
    - ၀န်ကြီးချုပ်ဘ၀ ထဲက ရုပ်သေးရုပ်ဖြစ်တဲ့ သိန်းစိန်ကို လုပ်ခိုင်းတော့ အေးဆေးပဲ။ ဘာလို့လဲဆိုတော့ ၀န်ကြီးချုပ်ဘ၀ထဲက နိုင်ငံတကာ အစည်းအဝေးတွေမှာ သာမန်မေးခွန်းတွေကိုတောင် ကိုယ့်သဘောနဲ့ကိုယ် မဖြေရဲဘူးလေ။ မောင်သိန်းစိန်ရုပ်လဲကြည့်ပါအုံး ထက်ထက်မြက်မြက်ပုံစံ နဲနဲလေးမှ မရှိပါ။

    ReplyDelete
  2. ဦးသိန်းစိန် ဦးစောသိန်းအောင် ဒေါက်တာအေးမောင် တို့အပြိုင်ကြဲပြီး ပထမ ဒုတိယသမ္မတရွေးကြတော့မည်။

    ReplyDelete
  3. မောင်သန့် February 1, 2011 at 8:03 PM

    နာဂစ် ဖွဲ့ စီးပုံ(ဖွဲ့ စည်းပုံမဟုတ်ပါ)ထဲမယ် နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေး ကောင်စီဆိုလား ပါသေးတယ်။ အဲဒါ သမတ အပေါ်က ဗျ။
    တရုပ်တို့ ၊ မြောက်ကိုးရီးယား တို့ မှာဆို ဗဟိုစစ်ကော်မရှင် ခေါ်မလားဘဲ။
ွှအဲ ဂဟာမျိုးကြီး မှာ ငှက်ကထ လုပ်မှာပေါ့ဗျာ။

    ReplyDelete
  4. ခင်ဗျားတို့ ရေးတာတော့သရော်စာပေါ့ဗျာ..ဒါပေမယ့် ပျင်းစရာကောင်းလောက်အောင် ပေါလွန်းအားကြီးတယ်...ကျွန်တော်ပြောတာ ဒီသတင်းတင်မဟုတ်ပါဘူး....သရော်စာဆိုတာ ရေဖို့တော်တော်ခက်တဲ့ ဘာသာရပ်ဗျ..ခင်ဗျားတို့ သရော်စာလို့ ခေါင်းစဉ်တတ်ရေးနေတာတွေက တော်တော်ရှက်ဖို့ကောင်းတယ်...ကျွန်တော်က စစ်တပ်ကလည်း မဟုတ်ဖူးဗျ...တော်ကြာ ဝေဖန်ရင် အခြားဘက်ကလို့ ထင်မှာမို့ပါ့..ကောင်းစေချင်လို့ပါ..လေ့လာစေချင်တယ်..သရော်စာရေးဖို့ဆိုတာ စာများများဖတ်ဖို့၊ လေ့လာမှုကောင်းဖို့ နဲ့ စတဲ့ အချက်တွေ အတော်များများ လိုတယ်ဆိုတာ မိချောင်းမင်း ရေခင်းပြဖို့ မလိုဘူးလို့ထင်ပါတယ်...

    ReplyDelete
  5. မ‌လောက်‌လေးမ‌လောက်စားသမတရာထူး ဘာလုပ်ဖို့တုန်း...ကမှာ‌ပေါ်မှာဘယ်တိုင်းပြည်မှာမှမရှိ‌သေးတဲ့.."သမတချုပ်မှူးကြီး"ဆိုတဲ့ရာထူးမကြာ
    ခင်မြန်မာနိုင်ငံမှာ‌ပေါ်လာလိမ့်မယ်..မယုံရင်‌စောင်ြ့ကည့်....။

    ReplyDelete