Pages

Thursday, February 3, 2011

တပ်ကြပ်ကြီးကိုယ်စားကူညီပေးကြပါ

ရန်ကုန်မြို့ခံတယောက် ပေးပို့တဲ့စာကို မပြင်မဆင် မတည်းမဖြတ်ဘဲ ဖော်ပြပေးလိုက်ပါတယ်။

၂၀၁၁၊ ဇန်န၀ါရီ၊ ၁ ရက်နေ့က နေ့လယ်ဘက် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်က အင်းတိုင်တပ်နယ်ရှိ၊ ရဲမွန်တပ်မြို့ကို ခဏရောက်သွားခဲ့တယ်။ သူငယ်ချင်းဟောင်း တယောက်ဆီကိုပေါ့။ အဲဒီသူငယ်ချင်းရဲ့ တပ်နားက လမ်းဆုံမှာ အအေးဝင်သောက်ရင်းနဲ့ စကားပြောနေစဉ်မှာပဲ ကျနော့်သူငယ်ချင်းရဲ့အသိ အမှတ် () တိုက်ပွဲဝင် စည်းရုံးရေး သင်တန်းကျောင်းက တပ်ကြပ်ကြီး ဆိုသူရောက်လာလို့ စကားဝိုင်းလေး စည်ကား သွားတာပေါ့။ ပြီးတော့ အဲဒီတပ်ကြပ်ကြီးဆိုသူက ဒီလို ရင်ဖွင့်လာပါတယ် သူ့ ရင်ဖွင့်သံကတော့ ......

“ငါလည်း တပ်ထဲက ထွက်ပြေးနေချင်ပြီ။ တနေ့လာလည်း ဖက်ထိပ်၊ နောက်တနေ့ လာလည်း ဖက်ထိပ်နဲ့ လူတွေလည်းသေတော့မယ်။ မနှစ်ကတည်းက ခင်းလိုက်ရတဲ့ လမ်း ပြီးကိုမပြီးတော့ပါဘူး။ မဉ္ဇိမ ဂုဏ်ရည် ကျောင်းမှာ ခင်းနေတဲ့လမ်းကွာ....။ အခုထိမပြီး မပြီးနိုင်တော့ဘူး။ နေ့တိုင်း မနက် ငါးနာရီကနေ ညနေခြောက်နာရီအထိ လုပ်နေရတယ်ကွာ။ စနေ၊ တနင်္ဂနွေတောင် မနားရဘူး။ ဘုန်းကြီးကတော့ လမ်းခင်းတဲ့အတွက် လုပ်အားခပေးပါတယ်။ ငါတို့တပ်က ကျောင်းအုပ်ကြီးနဲ့ တပ်ကအရာရှိတွေပဲ ခွဲစားလိုက်ကြပြီးတော့ ငါတို့ တခြားအဆင့်တွေကြတော့ ပိုက်ဆံတပြားတချပ်မှ မပေးဘဲနဲ့ အလကားခိုင်းတယ်။

ကျွဲတွေ၊ နွားတွေလိုပဲ အော်လိုက်၊ ဟောက်လိုက်၊ ဆဲလိုက်၊ ဖိနပ်နဲ့ ကန်လိုက်နဲ့ကွာ။ ပြီးတော့ သူတို့ စိတ်မကြိုက်ရင် ကွာတားက ချသေးတယ်။ ကျောင်းအုပ်ကြီးနဲ့ တပ်ရေးဗိုလ်ကြီးက ပိုဆိုးသေးတယ်။ သူတို့အိမ်တွေ ရန်ကုန်မှာ တယောက်ကို ၃၊ ၄ လုံးရှိတယ်။ ဂွင်တွေ အမျိုးမျိုးရိုက်ပြီးတော့ ၀ယ်ထားတာတွေလေ။ သင်တန်းသားတွေ လာရင်လည်း ဂွင်ရိုက်တာပဲလေ။

သူတို့မိန်းမတွေနဲ့ ကလေးတွေ ဝေယျာဝစ္စအတွက် ဆိုပြီးတော့ ရဲမေတွေကိုလည်း နေ့စဉ်ခေါ်ပြီး ခိုင်းသေးတယ်။ အတွင်းခံဘောင်းဘီ ကအစ လျှော်ခိုင်းတာနော်။ အရမ်းကိုမိုက်ရိုင်းတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ တုန်းကလည်း ကျောင်းအုပ်ကြီးရဲ့ မိန်းမက သူရဲ့ အတွင်းခံဘောင်းဘီ လျှော်ပေးတဲ့ရဲမေကို ဆုပေးတာတဲ့ကွာ ...။ တပ်ဂိတ်ဝမှာ အဲဒီ ရဲမေကို ဘောင်းဘီလျှော်တာ ဆပ်ပြာရည်မပြောင်လို့ ဆိုပြီးတော့ ပက်ပက်စက်စက် ဆဲဆိုပြီး လေးဘက်ထောက်ပြီးတော့ သွားခိုင်းတယ်လေ။ ကျောင်းအုပ်ကြီးလည်း ဘာတခွန်းမှ ၀င်မပြောဘူး၊ မတားဘူး။ ဘေးကနေကြည့်ပဲ ကြည့်နေတယ်။ သူ့ကိုလည်း ဘယ်သူမှမတိုင်ရဲဘူးလေ။ သတ္တိရှိတဲ့ကောင်တိုင်၊ ကကထူးမှာ ငါ့ဆရာ အရင်းရှိတယ်။ သူရရွှေမန်းနဲ့ သီဟသူရ တင်အောင်မြင့်ဦး တို့နဲ့က ဆရာရင်း တပည့်ရင်းတွေကွ ... တိုင်တဲ့ကောင်တော့ တမိသားစုလုံး သေမယ်သာမှတ်...။ ငါက ဘာမှမဖြစ်ဘူးကွ .... ဆိုတာက သူရဲ့ လက်သုံး စကားပဲလေ။ အဲ ရှိသေးတယ် အခု ရန်ကုန်တိုင်း တိုင်းမှူးက သူရဲ့ ဂျူနီယာကောင်တဲ့။ ဂရုစိုက်စရာ မရှိဘူးဆိုပဲ။ အဲဒီတော့ ဘယ်သူက တိုင်ရဲမှာလဲ။

မနှစ်ကလည်း တပ်ထဲက ရဲမေတစ်ယောက်ရဲ့ အစ်မ နယ်ကနေ လာလည်ရင်းနဲ့ ရောက်တဲ့ နေ့မှာတင် ရုတ်တရက် သေသွားတော့ ... ကျောင်းအုပ်ကြီးက အဲဒီရဲမေရဲ့ယောက်ျား ရဲဘော်ကိုခေါ်ပြီးတော့ ပါးရိုက်၊ ဆဲဆိုပြီးတော့ တပ်ထဲမှာ အပြင်လူလာသေတာ ကျက်သရေမရှိဘူးဆိုပြီး အသုဘကို ချက်ချင်းချ ... တပ်တွင်း လမ်းကို အသုံးမပြုရဘူး၊ တပ်ထဲမှာ နာရေးမလုပ်ရဘူး ဆိုပြီးတော့ အမိန့်ထုတ်တယ်။ အဲဒါနဲ့ အလောင်းကို လူမသိသူမသိ ဆွေမျိုးတွေတောင် မစောင့်နိုင်တော့ဘဲ အိမ်သာကြို အိမ်သာကြားက နေပြီးတော့ တပ်ပြင်ကို ထုတ်သင်္ဂြိုဟ် လိုက်ရတယ်။ ရက်လည်ဆွမ်းသွပ်တောင်မှ တပ်တွင်းမှာ လုပ်ခွင့်မပေးဘူး။ အဲဒီနေ့က ဂိတ်မှာတာဝန်ကျတဲ့ ရဲဘော်ကိုလည်း အပြင်လူ ပေးဝင်တဲ့အတွက် ဆိုပြီးတော့ ရက် ၂၀ အချုပ်ချလိုက်သေးတယ်လေ။

အရမ်းကို မိုက်ရိုင်းတဲ့ အရာရှိတွေကွာ။ ငါတို့ တပ်ထဲမှာလည်း ထွက်ပြေးချင်တဲ့ သူတွေများနေပြီ။ မိန်းမနဲ့ ကလေးတွေကို ငဲ့နေလို့ ပေါ့ကွာ။ တပ်ချုပ်ကြီးနဲ့သာ ပြောခွင့်ရရင်တော့ ငါ သိထားတာတွေ အကုန် ဖေါ်ကောင် လုပ်ပစ်မှာပဲ။ ငါတို့ သင်တန်းကျောင်းက ငရဲခန်း အကြောင်းကို လူတွေ သိအောင် တဆင့် ပြောနိုင်တဲ့ လူရှိရင်ပြောပြပေးကြပါဗျာ။

ကဲ မိတ်ဆွေတို့ရေ .... တပ်ကြပ်ကြီးရဲ့ ရင်ဖွင့်သံလေးကတော့ အဲဒါပါပဲဗျာ။ မိတ်ဆွေတို့နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း ဆိုက်တွေကနေ တဆင့် တနိုင်ငံလုံးသိအောင် လက်ဆင့်ကမ်း ဖေါ်ပြပေးလိုက်ကြပါဗျာ။ သတင်းဌာနက လူတွေလည်း သတင်းအနေနဲ့ ဖေါ်ပြပေးလိုက်ကြပါဗျာ။ အခု ကျနော်တင်ပြခဲ့တာကတော့ နည်းနည်းမှ အပိုမပါတဲ့၊ မညာထားတဲ့၊ ဖြစ်စဉ်အမှန်တွေပါ။ တိတိကျကျ သိချင်ရင်တော့ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်က အင်းတိုင် တပ်နယ်ရှိ မဉ္ဇိမ ဂုဏ်ရည် ဘုန်းကြီးကျောင်းကိုသာ သွားကြည့်ကြပါဗျာ။ အမှတ် () တိုက်ပွဲဝင် စည်းရုံးရေးသင်တန်းကျောင်းရဲ့ မျက်နှာချင်းဆိုင်မှာပဲ ဘုန်းကြီးကျောင်းကို သွားတဲ့လမ်း ရှိပါတယ်။ ၀င်သွားပြီးတော့ လေ့လာလို့ ရတာပေါ့။ ရန်ကုန် - ပဲခူးကား စီးပြီးတော့ ရဲမွန်တပ်မြို့ မှတ်တိုင်မှာ ဆင်း၊ ဆိုင်ကယ် ကယ်ရီစီး ၅၀၀ ကျပ် ပေးပြီးတော့ သွားရင်ရောက်ပါတယ်ဗျာ။

BBC/ VOA / RFA / DVB/ တို့နဲ့ အဆက်အသွယ်ရှိရင်လည်း ပြောပြ၊ ကြေညာပေးလိုက်ကြပါလို့။

အကြားမတော်သူတဦး

13 comments:

  1. တော်တော်မိုက်ရိုင်းကြတာပါပဲ...ဒါသူတို့ရဲ့ ကြီးနိုင်ငယ်ညင်း ဝါဒတွေပါပဲ...

    ReplyDelete
  2. အတွင်းခံလျော်ခိုင်းလောက်အောင်မြန်မာတွေကမရိုင်းပါဘူး

    ReplyDelete
  3. ခံတဲ့သူကခံလို့ လုပ်တဲ့လူကလုပ်တာ..မခံနိုင်လို့ ပြန်မချရဲလို့ ထွက်ပြေးပြန်တော့လဲ..တခြားတိုင်းပြည်ရောက်..
    နောက်တော့အရင်ဘဝတွေကိုမေ့..
    ကိုယ်နဲ့အတူတူခံခဲ့ရတဲ့သူတွေရဲ့ဘဝတွေကိုမေ့..
    စိတ်အဆာပြေ ဟိုသွားအော် ဒီသွားအော် internet ထဲဟိုရေးဒီရေး..
    ဂျာအေးသူ့အမေရိုက်ဇာတ်လမ်းတွေပါပဲ..

    ReplyDelete
  4. ဖိန့်လုံးထွင်လုံးစာပါ။ဖြစ်ရပ်မှန်မဟုတ်ပါဘူး။

    ReplyDelete
  5. ဆရာသမားကိုတပ်ကြပ်ရေ ပြောမနေနဲ့ အခုမှတော့ မ၀င်ခင်ထဲက စဉ်းစားပါလား၊ တပ်ချုပ်ကိုပြောတော့ကော ခင်ဗျားကို ဘာလုပ်ပေးမယ်ထင်လဲ၊ ခေါင်ကမလုံမှတော့ ရေစိုတာ ဘာဆန်းလဲ၊ သေချာလည်းစဉ်းစားပါအုန်း၊ ခင်ဗျားမကျေနပ်ရင် ကိုယ်တိုင် တနိုင်တပိုင် တိုက်ပွဲဝင်လေ။ သတ်တော့ပြည်သူ တောင်းစားတော့လည်းပြည်သူ့ဆီက၊ တပ်ကလူတွေအများကြီးကြုံးဘူးပါ၏၊ လက်ဘက်ရည်ဘိုးလေးပေးပါအုန်း၊ ကွမ်းဖိုးလေးပေးပါအုန်းနဲ့ အထက်ကလည်းခိုင်းရော ပြည်သူကိုသတ်တော့တာပဲလေ၊ ပြည်သူဆီက အခွန်ယူ၊ ပြည့်သူထမင်းကိုစားတယ်။ ဒါပေမယ့် အသိစိတ်က နုတော့နိုင်ငံတော်က ကျွေးတယ်လို့ပဲထင်တယ်။ စဉ်းစားလည်းကြည့်ပါအုန်း ကိုရွှေတပ်ကြပ်ကြီးရယ်၊ မလွန်ဘူးလားဟင်။

    ReplyDelete
  6. စစ်တပ်ထဲမှာအထက်လူကအောက်လူကိုကျွန်၊လူကျွန်၊ငွေဝယ်ကျွန်၊မိမိပိုင်လူပိန်းတယောက်လို့ယူဆပြီးနှိပ်စက်အနိုင်ကြင့်နေတာကြပါပြီ။မှားတာကိုမပြင်ဘူး၊
    အရေးယူအပြစ်ပေးမှုမရှိဘူး။
    အခုမိသားစုများကိုပါငွေဝယ်ကျွန်များသကဲ့သို့ရက်ရက်စက်စက်ပြုကျင့်ချင်းအပြစ်ဟာလူမျိုးဘာသာ၊သာသနာကိုစော်ကားတာနဲ့အတူတူပါဘဲ။
    မိမိရဲ့ချစ်ဇနီး၊အမ၊အဒေါ်၊အမေတို့ကိုလူလူချင်းကျွန်ကဲ့သို့ပြုကျင့်တာကို
    ကျနော်တို့ပြည်သူတွေဘာမှမပြောရဲမဆိုရဲအောင်လုပ်ထားတဲ့ဒီစနစ်ကိုတော်လှန်မှဖြစ်တော့မယ်။
    အီဂျစ်နဲ့အရှေ့အလယ်ပိုင်းတိုင်းပြည်အတော်များများမှာလူထုအုံကြွ
    တော်လှန်ရေးဆင်နွှဲပြီးအာဏာရှင်များကိုပြည်သူလူထုကအနာခံ၊အသေခံပြီး
    ဆော်ကုန်ကြပြီ။
    အီဂျစ်စစ်တပ်ကိုအာဏာရှင်မူဘာရက်ရဲ့စကားကိုနားမထောင်ဘဲပြည်သူလူထုဘက်ကရပ်တည်တဲ့ပြည်သူ့စစ်သားများအဖြစ်ချိန်းမွန်းထောပနာပြုနေကြပြီ။
    တပ်ကြပ်ကြီးတို့လိုလူစိတ်တိုင်းပြည်ချစ်စိတ်ရှိကြသူများကစစ်တပ်မ
ှအောက်ခြေတပ်သားနင်းပြားခံများကိုစည်းရုံးပြီးတပ်တွင်းတော်လှန်ရေးလုပ်ရဲဘို့၊အရေးအခင်းထပ်ဖြစ်ခဲ့ရင်လဲ၊တပ်ထဲမှာတော်လှန်ရေးများတိုင်းပြည်နဲ့
    အဝှမ်းမငြိမ်မသက်ဖြစ်အောင်လုပ်ကြပါ။
    ဒီဒုစရိုက်လူမိုက်များကြီးစိုးတဲ့စစ်တပ်အစုတိအပဲ့ကိုမကွဲကွဲအောင်ခွဲရမယ်။
    ကောင်းတဲ့စစ်သားများနဲ့ဒုစရိုက်သန်းရွှေတို့နဲ့ပြဒါးတလမ်းသံတလမ်းခွဲကြ
    ရမယ်။ ငြိမ်ခံနေလို့မဖြစ်တော့ဘူး။
    တပ်သားများကိုယ်တိုင်တော်လှန်ရေးမှာဝင်ပါဝင်လုပ်ကြမှရမယ်။
    လူရမ်ူးကားစစ်သားဆိုးများကလက်နက်မဲ့ပြည်သူလူထုကိုလက်နက်သုံး
    ပြစ်ခတ်နေပြီဆိုတာကြားတာနဲ့တပ်ကြပ်ကြီးတို့ပြည်သူ့ဘက်ရပ်တည်မဲ့
    ဘဝတူနင်းပြားခံတပ်သားမျှားကတပ်ထဲကဖေါက်ပြန်သောစစ်ဗိုလ်ောက်ရမ်းကားများကိုအဆုံးစီရင်ပြီးပြည်သူများကိုကာကွယ်ဘို့အမြန်ချီတက်လာကြပါ။
    အနှိပ်စက်ခံတပ်သားများအားလုံးကိုတပ်လှန့်နှိုးဆော်လိုက်ပါတယ်။
    တပ်ကြပ်ကြီးအခုတင်ပြချက်ကိုလဲအင်းဂလိပ်ဘာသာပြန်ပြီးဖြန့်ဝေပေးပါမယ်။
    ကျနော် Mandalaygazette.com မှာ စစ်တပ်သို့ပြည်သူလူထုမှမေတ္တာရပ်ခံချက်ဆိုတဲ့ဆောင်းပါးကိုလဲဖတိပြီး
    ဗမာပြည်နဲ့စစ်တပ်တဝှမ်းဖြန့်ဝေပေးကြပါ။

    ReplyDelete
  7. အကိုတောင်သိလို့ ပို့စ်တင်ထားသေးတာပဲ..အဲဒီလူသိစေချင်တဲ့ တပ်ချုပ်ကြီး ကို တိုက်ရိုက်ပြောလိုက်ပါလား..BBC/VOA/RFA/DVB တို့သိလဲ ဘာလုပ်ပေးနိုင်မှာမို့လို့လဲ...ကြေညာရုံပဲလုပ်နိုင်တာ...အဆင့်တွေများတယ်...ဇာတ်လမ်းများလား?....lol :D

    ReplyDelete
  8. ငြီးတဲ့သူကိုလည်းမသနားသလို လုပ်တဲ့သူတွေကိုလည်း ထူးပြီးမပြောချင်တော့ဘူး။ သရဲဘောကြောင် ရင်ဆိုင်ရဲတဲ့စိတ် မရှိသရွေ့ ဒီလိုပဲနေမှာပဲ။ စကားပုံတောင်ရှိပါသေးတယ်။ ပထမတခါဆို တိုက်ဆိုင်လို့ ၊ ဒုတိယတခါဆို သူလွန်လို့ ၊ တတိယတခါဆို ကိုယ်ညံ့လို့ တဲ့။ ဒီအခြေအနေ ကြီးနိုင်ငယ်ငြ်းတွေဟာ စစ်တပ်ထဲ အစိုးရအသိုင်းအ၀ိုင်းထဲမှာ ကြာလှပါပြီ။ ရင်ဆိုင်ဖို့ စည်းလုံးကြဖို့ လိုပါတယ်။ အသင်းအဖွဲ့ တခုမှာ မစည်းလုံးသရွေ့ ဘာမှ လုပ်လို့ မရဘူး။ ကိုယ့်ကိုးကျိုးတွေချည်းကြည့်နေသရွေ့ ဒီလိုပဲနေမှာပါပဲ။ မသနားလို့ ပြောတာမဟုတ်ပါဘူး။ ဒီတပ်ကြပ်သာ နဲနဲအဆင်ပြေကြည့် ဒီလိုပြောအုံးမှာမဟုတ်ဘူး။ သူ့ ရဲ့ တပ်ချုပ်ကြီးနဲ့ တွေ့ ရင်တော့ သူကြုံရသမျှပြောမယ်ဆိုတာကြည့်ခြင်းအားဖြင့် သူ့ ရဲ့ အတွေးအခေါ်ကိုစဉ်းစားနိုင်ပါတယ်။ ဘာလို့ ဆို တပ်ချုပ်ကြီးကရော ဘာကောင်းနေလို့ လဲ။ ဒါပေမယ့် သူအားကိုးနေသေးတယ်။ ကဲ ဒီမိုကရေစီရတာ မရတာထက် မြန်မာနိုင်ငံမှာ လူတွေ ရဲ့ အတွေးအခေါ်တွေကို အရင်ကို ပြောင်းရပါလိမ့်မယ်။ ဒါမှမဟုတ်ရင်တော့ ဒေါ်စုမကလို့ သိကြားမင်းဆင်းပြီးကယ်တောင် နိုင်ငံဟာ တိုးတက်မှာမဟုတ်ဘူး။

    ReplyDelete
  9. တပ်ချုပ်ကြီးကိုယ်တိုင် အဲ့ဒါမျိုးတွေလုပ်လာတာ မသိပဲမနေပါဘူး သိပါတယ် တပည့်တပန်းတွေလုပ်တာ မသိယောင်ဆောင်နေတာ ဒါမှ အပိုးကျိုးတယ်လေ တပ်ဆိုတာ ကြီးနိုင် ငယ်ညှင်းပဲ ကြေးစားတွေမှာ ရဲဘော်ရဲဘက်စိတ်ဆိုတာ မရှိပါဘူး

    ReplyDelete
  10. လွတ်လပ်ရေးရဘို့၊ဒီမိစ္ဆာဖက်ဆစ်သရဲသဘက်များညှင်းပန်းနှိပ်စက်မှုဒါဏ်မှ
    ကင်းလွတ်ရန်၊
    ၁)ဗိုလ်သန်းရွှေကိုသွားတိုင်လို့မရနိုင်ဘူး။
    ၂)အမေစုလဲမကယ်နိုင်ဘူး။
    ၃)အခုလိုစာရေးပြီးတော်လှန်၊ပြန်ချကြဘို့လှုံ့ဆော်နေတာက
    လှုံ့ဆော်တာဘဲရှိတယ်၊ပြည်သူလူထုကဝင်ပါပြီးမလုပ်လို့ကတော့
    ဘာမှဖြစ်လာမှာမဟုတ်ဘူး။
    ၄)အမေရိကန်သမ္မတလဲဘာမှမတပ်နိုင်ဘူး။
    အခုအီဂျစ်မှာဖြစ်နေတဲ့တော်လှန်ရေးကိုကြည့်ကြပါ။
    လူထုအင်အားနဲ့အားလုံးအသေခံအနာခံပြီးဝင်ပါဝင်လုပ်နေကြတာကို
    အတုယူပါ။ခေါင်းဆောင်မရှိဘူး။လူထုဘဲခေါင်းဆောင်၊
    လူထုဘဲနောက်လိုက်ဘဲ။

    မိမိကိုယ်တိုင်ဝင်မပါဝင်မလုပ်ဘဲဒီမိုကရေစီကိုဗိုလ်သန်းရွှေကမပေးဘူး။
    အမေစုခဏခဏပြောနေတဲ့စကားကိုနားထဲမှာပဲ့တင်ထပ်နေအောင်
    ကြားယောင်ကြပါ။နိုင်ငံရေးဆိုတာနိုင်ငံနဲ့လူတိုင်းနဲ့ဆိုင်တဲ့လူတိုင်းမခိုတမ်းမကပ်တမ်းဝင်လုပ်ကြရမဲ့အရေးကိစ္စဘဲမဟုတ်လား။ဒါမှလွတ်လပ်မယ်။
    ကိုယ့်ဟာကိုဝင်လုပ်တဲ့သတ္တိဗျတ္တိတွေမွေးကြပါ။
    အခီုီ ဒိမှာထင်မြင်ချက်ပေးထားတာတချို့ဟာကြောက်လို့လား၊
    ဒါမှမဟုတ်သန်းရွှေဒလံများကဝင်နောက်တာလားတခုခုပါဘဲ။
    ဘာလုပ်လုပ်အလကားပါဘဲ။ဘာမှမလုပ်ဘဲကိုယ့်လုပ်စာဘဲကိုယ်ရှာတော့မယ်
    ဆိုတဲ့လူညံ့လူပြင်း၊သန်းရွှေဖန်ဆီးထားတဲ့ဂွင်ထဲဒလိမ့်ကောက်ပွေးကြတာဘဲ။
    လူတိုင်းဝင်ပါဝင်လုပ်ချင်းကသာအာဏာရှင်စနစ်ကိုအပြီးအပိုင်ချုပ်ငြိမ်း
    စေမဲ့လက်တွေ့နည်းလမ်းမှန်ဖြစ်ကြောင်းမြန်မာပြည်သူပြည်သား၊
    စစ်သားကောင်းများအားလုံးကိုထပ်မံနှိုးဆော်လိုက်ရပါတယ်။
    ထင်မြင်ချက်၊ဆွေးနွေးချက်များကိုကြိုဆိုပါတယ်။

    ReplyDelete
  11. all, same to same in army .

    ReplyDelete
  12. ဟေ့ကောင် တပ်ကြပ်ကြီး မင်းတို့ ခေါင်းမရှိလို အခုလိုဖြစ်နေတာကွ။ မင်းတို့ စစ်သားတွေအကုန်လုံး တယောက်မှ စာမတတ်ကြဘူးကွ။ အေး စာမတတ်မှ မင်းတို့ ကို အုပ်ချုပ်လို့ ရမယ်လေ။ ပြည်သူလူထုအုံကြွမှုဖြစ်လာရင် မင်းတို့ က မင်းတို့ ရဲ့ အထက်ကစကားကိုပဲ နားထောင်တာလေ။ ဒါကို မင်းတို့ ကအဟုတ်မှတ်နေကြတယ်ပေါ့။ သေနတ်ကြီးတကားကားနဲ့ ။မင်းတို့ အတွက်ကျတော့ ဘာများအကျိုးခံစားခွင့်ရှိလို့ လဲ။ ဟေ့ကောင်မင်းကမှ တော်ပါသေးတယ်။ မင်းရှေ့ တန်းထွက်ရင် သေနတ်ရှိတော့ ဓားပြ တိုက်လိုရသေးတယ်။ ရွာသားတွေကို နှိုပ်စက်လို့ ရသေးတယ်။ တို့ ပြည်သူတွေကျတော့ ဘောင်းဘီမြင်တိုင်းကြောက်နေကြရတာပါကွာ။ ကုန်ကုန်ပြောမယ်ကွာ မော်တော်ကား စပါယ်ယာတောင် ကြောက်နေကြရတာကွ။ ဆယ်အိမ်မှုးတောင် မော်မကြည့်ရဲဘူးကွ။ ဒီတော့ကွာ မင်းကမှ ပြည်သူလူထုထက် အများကြီးသာပါသေးတယ်။ တခုတော့ရှိတယ် မင်းတို့ မယားတွေကတော့ ကျွန်ဝယ်ရာမှာ အဆစ်ပါဆိုတာလို ဖြစ်နေတာပေါ့။ မင်းဘ၀နဲ့ မင်းပဲဟေ့။

    ReplyDelete
  13. လုပ်ဇာတ်ကြီး

    ReplyDelete