Pages

Friday, February 11, 2011

ဂျပန် ဒီမိုကရေစီအင်အားစုများ ဒေါ်အောင်ဆန်းစုကြည် သြ၀ါဒခံယူ

- ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေ စုပေါင်း ဖွဲ့စည်းထားတဲ့ မြန်မာ့ဒီမိုကရေစီကွန်ရက် Network for Democray in Burma(NDB) ဟာ ဒေါ်အောင်ဆန်းစုကြည်ထံမှ သြ၀ါဒခံယူပွဲ တရပ်ကို တိုကျိုမြို့မှာ ဒီကနေ့ ပြုလုပ်ခဲ့ကြပါတယ်။

မြန်မာစံတော်ချိန် နံနက် (၁၀) နာရီခွဲမှာ စတင်တဲ့ ဒီအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့ဒီမိုကရေစီအရေးနဲ့ ပတ်သက်တဲ့ သြ၀ါဒစကားတွေကို တယ်လီဖုန်းနဲ့ တိုက်ရိုက် ပြောကြားခဲ့ပါတယ်။

ဂျပန်နိုင်ငံရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD LA JB) ၊ သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ်(ဂျပန်ဋ္ဌာနခွဲ)မှ တာဝန်ခံဆရာတော် ဦးဓမ္မဇောတိနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတချို့မှ တိုင်းရင်းသား ခေါင်းဆောင်တို့ကလည်း ၄င်းတို့နဲ့ သက်ဆိုင်တဲ့ အခန်းကဏ္ဍတွေကို မေးမြန်း အကြံဥာဏ်တောင်းခံခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြ၀ါဒစကားကို နားထောင်နိုင်ပါတယ်။



အချက်အလက်နဲ့ အသံဖိုင်ပေးပို့တဲ့ မနန္ဒာကို ကျေးဇူးတင်ပါတယ်။

1 comment:

  1. ဂျပန်ကဒီမိုတွေ ဆန္ဒပြစရာမရှိတော့ ဒေါ်စုကိုပါ အသုံးချနေကြပါလား

    ReplyDelete