Pages

Thursday, February 10, 2011

ပြန်ပြောရဲလို့ နေရာ အချခံရတဲ့ ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်

ပြန်ခံပြောလို့ ပြုတ်သွားတယ်ဆိုတဲ့ ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်။ (ဓာတ်ပုံ - ဧရာဝတီ)

ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်ဟာ ထားရာမနေ စေရာမသွားတဲ့အတွက် အရာမှ ချက်ချင်း ချထားလိုက်ပြီလို့ နေပြည်တော် စစ်ဘက်သတင်းရက်ကွက်က ဆိုပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုင်ထားတဲ့ အရေးကြီးနေရာဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ်နေရာကို အစိုးရ အဖွဲ့သစ်မှာ ဆက်ခံရမယ့်သူဆိုပြီး တစ်ပေးခံနေရတဲ့ ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်ဟာ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘဲ ကာကွယ်ရေးဝန်ကြီးနေရာကိုသာ အပေးခံရတဲ့အတွက် မယူဘူးလို့ ငြင်းတာကြောင့် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ရာထူးကနေ ချက်ချင်း ထုတ်ပယ်ခံရပြီး အကျယ်ချုပ်သဖွယ် အစောင့် ချထားခြင်း ခံရတယ်လို့ သတင်းရရှိပါတယ်။ ချက်ချင်း အိမ်တွေ ကားတွေ ပြန်အပ်ရတယ်။

ကာကွယ်ရေးဦးစီးချုပ်နေရာကို အခု ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ရမယ်လို့ တစ်ပြေးနေပြနေပါတယ်။ ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်နဲ့ မင်းအောင်လှိုင်က မတည့်ကြပါ။ ပေးတဲ့ရာထူးကို လက်ခံမယ်ဆိုရင် မင်းအောင်လှိုင်က ဒုသမ္မတနဲ့ တန်းတူနေရာ ဖြစ်တာကြောင့်သူက ခံဘက်က ဖြစ်ပါတယ်။

ဒါကြောင့် ယူကြကြေးဆို ဘာမှ လုပ်ပိုင်ခွင့်မရှိတဲ့ ကာကွယ်ရေးဝန်ကြီးထက် တခြားဌာနကို လိုချင်ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တိုက်ရိုက်သွားပြောတယ်လို့ သိရပါတယ်။ သူကလည်း သူရဘွဲ့ရထားသူဆိုတော့ ခေသူမဟုတ်၊ သတ္တိကောင်းတယ်လို့ ပြောကြပါတယ်။

နေပြည်တော် သတင်းရပ်ကွက်ကတော့ “အစိုးရအဖွဲ့မှာလည်း နေရာမရှိဘူး။ အဲဒီတော့ ဦးမြင့်အောင်က အဲလို နေရာမရှိတဲ့အလုပ်ကို သူမလုပ်နိုင်ပါဘူးလို့
ဦးသန်းရွှေကို သွားပြောတာဗျ။ သူက တခြားဝန်ကြီးဌာနပေးရင် လက်ခံပါ့မယ်၊ ကာကွယ်ရေးတော့ လက်မခံနိုင်ပါဘူးလို့ကို ပြောတာဗျ
ရုပ်သေးဝန်ကြီးဖြစ်နေမှာကိုး” လို့ ဧရာဝတီကို ပြောသွားပါတယ်။

စစ်တပ်အသိုင်းအဝိုင်းက တစ်ပေးထားပြီးမှ ကာကွယ်ရေးဦးစီးချုပ် မဖြစ်တာကို ရှက်သွားတယ်လို့လည်း ဆိုကြပါတယ်။

ဘာဖြစ်ဖြစ် နှစ်ပေါင်းများစွာအတွင်းမှာ တပ်တွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမိန့်ကို ပြန်လှန်ပက်ရဲသူအနေနဲ့ကတော့ လောလောဆယ် သူရမြင့်အောင်ကို မှတ်တမ်းတင်လိုက်ပါတယ်။

နောက်ထပ် ဘယ်လို အချင်းချင်း နေရာလုမှုနဲ့ လွန်ဆွဲမှုတွေ ဖြစ်လာဦးမလဲဆိုတာ စောင့်ကြည့်ရဖို့ အခြေအနေ ရှိပါတယ်။

(၂၀၁၀ ပြည့်နှစ် စက်တင်ဘာလမှာ ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်၊ ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ ဒု ဗိုလ်ချုပ်ကြီး ကိုကို တို့နဲ့ ပတ်သက်ပြီး ရာထူးဆက်ခံမယ့် အလားအလာနဲ့ သူတို့ရဲ့ နောက်ကြောင်းရာဇဝင်များအား ဧရာဝတီက လေ့လာသိရှိထားတာတွေကို ဒီနေရာမှာ (Click Here) ပြန်ဖတ်နိုင်ပါတယ်။)

ဧရာဝတီ

7 comments:

  1. "မင်းအောင်လှိုင်က ဒုသမ္မတနဲ့ တန်းတူနေရာ ဖြစ်တာကြောင့်သူက ခံဘက်က ဖြစ်ပါတယ်။ ဒါကြောင့် ယူကြကြေးဆို ဘာမှ လုပ်ပိုင်ခွင့်မရှိတဲ့ ကာကွယ်ရေးဝန်ကြီးထက် တခြားဌာနကို လိုချင်ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တိုက်ရိုက်သွားပြောတယ်။"
    သူအခွင့်အရေးအတွက် သူပြန်ပြောတာ ထူးပြီး ချီးကျူးနေစရာအကြောင်း မရှိပါဘူးဗျာ

    ReplyDelete
  2. အဲဒီလို ကိုယ့်အခွင့်အရေးအတွက် ပြန်တောင်းဆိုတာ စစ်တပ်ထဲမှာ ဘယ်နှစ်ယောက်တွေ့ဖူးပာသလဲ။???

    ဒီလူလဲ သိပ်ရိုင်းတဲ့သူ။ သတဿတိကောင်းတာမဟုတ်ဘူး။ ရိုင်းတာ။ နာဂစ်ပြီးတော့ ရွာသားတွေကို ပစဿစည်းတွေလိုက်ဝေတာ 'ရော့' တဲ့။ မပစ်ပေးရုံတမယ်ပဲ။

    ReplyDelete
  3. စစ်တပ်ထဲမှာ ယဉ်ကျေးတဲ့သူဘယ်နှစ်ယောက်တွေ့ဖူးလို့လဲ အစ်ကိုစိုင်းသိန်းဝင်း အစ်ကိုအောင်လင်းထွဍ် တို့လိုအသိဥာဏ်ရှိပြီးယဉ်ကျေးတဲ့သူတွေဆို အဲဒီ့အရိုင်းအစိုးတောထဲမှာမနေပဲ ဖောက်ထွက်ခဲ့ကြတာလေ

    ReplyDelete
  4. သူရ မြင့်အောင်တဲ့ သူမရတော့ စိတ်ဆိုးတာပေါ့......စစ်ခွေးတွေအားလုံး စောက်ရူးတွေချည်းပဲ

    ReplyDelete
  5. hi,, thein sein kyi htar naw ,,,pyan ma pyaw ne ,,, kyaing tar lote.. pay tar sar... hote p lar ..this is sample...take care...

    ReplyDelete
  6. ဟဟဟဟ...
    ငရဲမင်းကြီးကို သွားပြောမှတော့ Sorry
    ပဲနေမှာပေါ့..ဗျာ... တော်တော်ရယ်စရာ
    ကောင်းတဲ့ သတ္တဝါကြီးတွေပါလား..ဗျာ..
    ဘယ်နိုင်ငံမှာမှ ရှိမယ်လို့ မထင်ပါဘူး...

    ReplyDelete