Pages

Friday, February 18, 2011

လမ်းပြမြေပုံနဲ့ လမ်းပျောက်နေတဲ့ ဗိုလ်ချုပ်များ


ကျားပေါက်၊ ဖေဖော်ဝါရီ ၁၈၊ ၂၀၁၁

နအဖရဲ့ လမ်းပြမြေပုံ အခြေအနေ တနေ့ထက်တနေ့ ပိုပြီးခက်ခဲလာပုံရပါတယ်။ လမ်းဆုံးရောက်သွားတဲ့ သူတွေနဲ့ လမ်းတဝက်မှာ လမ်းပျောက်နေတဲ့သူတွေ၊ သမ္မတရာထူးကို အပြိုင်အဆိုင်ရဖို့ ဗိုလ်ချုပ်မှူးကြီးကို ချဉ်းကပ်နေရာက ကျန်းမာရေး အကြောင်းပြုပြီး နအဖ အရှုပ်တော်ပုံကနေ ရတာလေးနဲ့ပဲ အဆက်ဖြတ်ဖို့ ကြိုးစားနေတဲ့ ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်ကို ကြံ့ဖွံ့ဥက္ကဌကနေ သမ္မတ တင်မြှောက်တဲ့အထိ ရောက်သွားရပါတယ်။

ဘကြီး သန်းရွှေအတွက် မိသားစုအရေး၊ နောင်တက်လာမယ့် သမ္မတ မိသားစုနဲ့ ဘကြီး မိသားစုအကြား စီးပွားရေး အားပြိုင်မှု မဖြစ်လာအောင်လုပ်ဖို့က ဘကြီးရဲ့ သမိုင်းပေးတာဝန်တရပ် ဖြစ်လာတယ်လို့ အမည်မဖော်လိုသူ နအဖဝန်ကြီးတဦးက ဆိုပါတယ်။
ဘကြီးသန်းရွှေနဲ့ ဇနီးသယ်တို့က ဦးသိန်းစိန်ကို သမ္မတအိမ်တော်အသစ်ကို လျှို့ဝှက်ခေါ်ပြတာကို မသိလိုက်ရတဲ့ ဗိုလ်ချုပ်အေး ခမျာ ဒေါသခြောင်းခြောင်းထွက်ရပုံ၊ အိမ်အပြန်လမ်းတလျှောက်လုံး မြိုသိပ်ထားရတဲ့ ဒေါသ အိမ်ရောက်မှ တီဗီ၊ audio system တွေ အမှိုက်အဖြစ် ရိုက်ခွဲလိုက်မှ သက်သာရာရသွားခဲ့ပါသတဲ့။

ဒု ဗိုလ်ချုပ်ကြီးဟောင်း တင်အေး ခမျာမှာ ဗိုလ်ချုပ်မှူးကြီးအတွက် ရသလောက် ရှာပေးပါလျက်နဲ့ ငယ်သားတွေ မျက်နှာမကြည့်တော့ဘဲ မိသားစုအရေး ဦးစားပေးရမလားဆိုပြီး နုတ်ထွက်စွာ တင်ပေမယ့် နအဖထိပ်တန်း နှစ်ယောက်က ပြန်ဖျောင်းဖြပြီး ကော်မရှင်ဥက္ကဌရာထူးနဲ့ နှစ်သိမ့်စေခဲ့ရပြန်ပြီ။
ဘကြီးက တည်ငြိမ်တဲ့ စည်းကမ်းပိပြားမယ့် အစိုးရ အသစ်မစရသေးခင်မှာ နအဖထိပ်တန်းတွေ မကျေနပ်နပ်မှုက ဗူးပေါ်သလိုပေါ်တာ၊ အစိုးရသစ်အတွက် အနုတ်လက္ခဏာပြတာကို နအဖနဲ့ နီးစပ်တဲ့လူတွေရဲ့ အဆိုပါ။

ဘကြီးရဲ့ အချစ်ဆုံးမြေးလေးရဲ့ စီးပွားရေး လုပ်ငန်းရှင် နေ့ချင်းညချင်း ဖြစ်ချင်နေတော့ ဘကြီးလည်း မြေးလေးရဲ့ ရှေ့ရေးအတွက် နှစ် ၂၀ လုံး လက်တွဲခဲ့တဲ့ သွေးရင်း တပည့်လက်သားတွေအပေါ် ရက်စက်ရဲပြီလေ။
ဗိုလ်ချုပ်အေးရဲ့ ဒေါသ၊ ဗိုလ်ချုပ်ကြီး တင်အေးရဲ့ ခံစားချက်၊ ဗိုလ်ချုပ် သူရမြင့်အောင်ရဲ့ ပေါက်ကွဲမှုက လက်ရှိ မြင်သာထင်သာတွေပါ။ ရင်ထဲ ကြိတ်ခံစားနေရတဲ့ နအဖ ထိပ်တန်းတွေဟာ ဘေးမှာအိပ်နေတဲ့ မိန်းမကိုတောင် သတင်းပေါက်မှာကြောက်လို့ မပြောရဲတဲ့သူတွေများလေလေ ဘကြီးသန်းရွှေအတွက် လုံခြုံရေး အားနည်းလာတာပဲလို့ မမြင်နိုင်ဘူးလား။

ဘကြီးသန်းရွှေရဲ့ ကိုယ့်တပ်ကိုယ်မနိုင်ဘူးဆိုတာ တစွန်းတစ ထွက်လာတာ၊ စီးပွားရေးလောကမှ ဘကြီးသန်းရွှေမြေး နေရွှေသွေး ဝင်လာနေတာ၊ ကျန်တဲ့ စီးပွားရေးသမားတွေအတွက် အခြေအနေ မကောင်းရင် အင်းစိန်ထောင်ဝါဒါတွေနဲ့ ချိတ်ဆက်ပြီး အစားအသောက် ကောင်းကောင်း ပို့နိုင်ဖို့ ပြင်ဆင်သင့်ပြီလို့ ယူဆနေကြတဲ့ လူတွေ ရှိနေပြီလို့ ဆိုပါတယ်။

အာဏာရှင် ဦးနေဝင်း ဒေါသအလျောက် ပါတီဥက္ကဌက ထွက်ပြီး တိုင်းပြည်ကို ခြိမ်းခြောက်တာမျိုး တို့ဘယ်တော့မှ မလုပ်ဘူးဆိုတဲ့ ဘကြီးသန်းရွှေတယောက် ၂၀၁၁ က သံသရာတပတ်လို့ မမြင်နိုင်ဘူးလား။

3 comments:

  1. ဘယ်အစိုးရပဲတက်တက် အာဏာအားကိုးနဲ့ပြည်သူကိုမနှိပ်စက်ရင် မှားသူကိုမှားသလိုအရေးယူပြီး မှန်တဲ့ဘက်ကိုပဲကြည့်တက်ရင် ကိုယ်ဆွေမျိုးအသိုင်းအ၀ိုင်းပဲကောင်းစားအောင်လုပ်ပြီး သူတပါးတိုးတက်ရာတိုးတက်ကြောင်းမပိတ်ဆို့ထားရင်
    အစိုးရအဖွဲ့ဝင်တွေကလည်း အုကီးအကဲ ခြေလှမ်းမှား ခြေပုန်းခုတ် ခြေရှုပ်နေတာကို ပြန်ပြီးထောက်ပြနိုင်အောင်ရဲရင့်တယ်ဆိုရင် ပြန်ပြီးလက်ညိုးထိုးနိုင်လောက်အောင် လက်မထောင်နိုင်လောက်အောင် လက်ခမောင်းခတ်နိုင်လောက်အောင် အကျင့်စာရိထကောင်းမယ်ဆိုရင် ဘယ်သူပဲအုပ်ချုပ် အုပ်ချုပ် welcome ပါပဲ လောဘများကြီးသွားလား

    ReplyDelete
  2. သိပ်ကောင်းတဲ့သုံးသပ်ချက်ပါ

    ReplyDelete
  3. (1.1.11) and (11.1.11) had gone. Let's think about (1.11.11) and (11.11.11) for another revolution like in (8.8.88).

    ReplyDelete