Pages

Sunday, February 6, 2011

delicious post

ဧရာဝတီ ၀ိုင်းတော်သားတချို့ ပြောပြတဲ့ အကြိုက်ဆုံး အစားအစာ


မြီးရှည် (photo by Mr. Z)
တိုဟူးနွေး၊ မြေအိုးမြီးရှည်၊ မုန့်လုံးရေပေါ်
ဇာနည်မာန်၊ သတင်းထောက်



 
ရန်ပိုင်၊ ခက်ထန်တို့ အကြိုက် (ဓာတ်ပုံ - ဒီကိုလာ)
အုန်းနို့ခေါက်ဆွဲ
ရန်ပိုင်၊ သတင်းထောက်
ခက်ထန်၊ စာတည်း



အများကြိုက် စားစရာ (photo by Ma BayDar)

လက်ဖက်သုပ်
ပီတာအောင်၊ ၀က်မာစတာ
ကျော်စွာမိုး၊ တာဝန်ခံအယ်ဒီတာ
ဘကောင်း၊ သတင်းထောက်
အေးချမ်းမြေ့၊ စာတည်း
“လက်ဖက်ကတော့ သုပ်ထားရင်၊ နှပ်ထားရင် ကြိုက်တယ်။ ဒီတိုင်းတော့ မကြိုက်ပါဘူးဗျာ”
အေးချမ်းမြေ့၊ စာတည်း


မုန့်ဟင်းခါး (photo by Mont Hin Gar/FaceBook)
မုန့်ဟင်းခါး
“ကမ္ဘာမှာ အရသာ အရှိဆုံး နဲ့ အာဟာရ အင်မတန်ဖြစ်တဲ့ အစားအစာက မုန့်ဟင်းခါး လို့ ထင်ပါတယ်”
ရဲနည်၊ သတင်းအယ်ဒီတာ

 
လူရွှင်တော်နာမည်နဲ့ တူတဲ့ စားစရာ (photo by a blog)
ငှက်ပျောကြော်
သားကြီး ၂၊ ရုံးအဖွဲ့ဝင်

 
(photo by servitokss.com)
မြန်မာ အစားအစာက မစားရတာ ကြာပြီဆိုတော့ မေ့သွားပြီ။
ကိုထွေး၊ သတင်းထောက်



မိုင်အဲမလီ အကြိုက် (photo by Burmese Food in Picasa)
တို့စရာ နဲ့ ငါးပိရည်
မြန်မာအစားအစာထဲမှာတော့ ဟင်းသီးဟင်းရွက် ဆိုရင် ဘာဖြစ်ဖြစ် အကုန်ပြုတ်လိုက်မှ ကြိုက်တယ်။ ကြော်တာ၊ ချက်တာ၊ ဟင်းချိုဟင်း၊ ဟင်းရေသောက် ဆိုလို့ကတော့ မစားဘူး..။ ငပိချက်တော့ ကြိုက်တယ်။ ရှူးရှဲ..ရှူးရှဲလေး..
မိုင်အဲမလီ၊ သတင်းထောက်



 ကောက်ညှင်းပေါင်း နဲ့ အကြော် (photos by TT Sweet and Talkii)

ကောက်ညှင်းပေါင်း နဲ့ အကြော်
“အကြိုက်ဆုံး မြန်မာ အစားအစာကတော့ ဆီဆမ်းထားတဲ့ ကောက်ညှင်းပေါင်း၊ ပဲပြုတ် နဲ့ အကြော်။ ကျနော်က ရှမ်း ဆိုတော့ ရှမ်း မုန်ညှင်းပေါင်းလည်း ကြိုက်တယ်”
စိုင်းဇွမ်ဆိုင်း၊ သတင်းထောက်

10 comments:

  1. I like Mont Hin Gar very much.
    kyaw soe, Malaysia

    ReplyDelete
  2. အကြော်ဆိုရင်တော့ကြိုက်ပါတယ်...ဒါပေမဲ့အကြော်ဆီထဲရေသန့် ဘူးခွံထဲ့ကြော်တဲ့သတင်းဖတ်ပြီးထဲက၀ယ်မစားရဲတော့ပါဘူး....

    ReplyDelete
  3. စားသွားတယ်နော်
    ကျနော်ကတော့ အားလုံးကြိုက်တယ်ဗျာ

    ReplyDelete
  4. ခင်ဗျားတို့ဗျာ ... ငရဲကြီးမယ်
    ခုတော့ဗျာ ပုံကြည့်ပြီး တံထွေးမျိုချနေရတယ်။
    ဘယ်လိုလူတွေလဲမသိဘူး၊

    ReplyDelete
  5. ကမ္ဘာမှာ အရသာ အရှိဆုံး နဲ့ အာဟာရ အင်မတန်ဖြစ်တဲ့ အစားအစာက မုန့်ဟင်းခါး လို့ ထင်ပါတယ်”
    ရဲနည်၊ သတင်းအယ်ဒီတာ

    .မြန်မာလူမျိုး တော်တော်များများမုန့်ဟင်းခါးမကြိုက်သူရှားတယ်..ဒါပေမယ့်
    အပေါ်ကစားသားကြီးကတော့ နည်းနည်းပိုသွားတယ်လို့ထင်တယ်ဗျာ..အများကြီးစားရင်ရင်ပူမယ်..ဝမ်းမကောင်းဖြစ်တတ်တယ်..အဲ့ဒါမျိုးလေးလဲ ထည့်ရေးပေးသင့်တယ်..

    ReplyDelete
  6. အာဟရအင်မတန်ဖြစ်တဲ့ ဆိုတာက ကယ်လိုရီများတာကိုပြောတာ နေပါလိမ့်မယ်။ မုန့်ဟင်းခါးထဲမှာ ငါး၊ ပဲမှုန့်၊ ဆီ၊ ထည့်စားတဲ့အကြော် စတာတွေမှာ ကယ်လိုရီအမြောက်အများပါပါတယ်။ ကယ်လိုရီကနေ အန်နာဂျီပေးတော့ သူပြောတာလည်း မမှားလောက်ပါဘူး။

    ReplyDelete
  7. မြှီးရှည်ကြီးက ဘာကြီးလဲ။ မန္တလေး မြီးရှည်လည်း မဟုတ်ဘူး။ အရေဖျော်ကြီး.. ဘယ်လိုကြီးလဲ မသိဘူး။

    ReplyDelete
  8. [Quote]
    အာဟရအင်မတန်ဖြစ်တဲ့ ဆိုတာက ကယ်လိုရီများတာကိုပြောတာ နေပါလိမ့်မယ်။ မုန့်ဟင်းခါးထဲမှာ ငါး၊ ပဲမှုန့်၊ ဆီ၊ ထည့်စားတဲ့အကြော် စတာတွေမှာ ကယ်လိုရီအမြောက်အများပါပါတယ်။ ကယ်လိုရီကနေ အန်နာဂျီပေးတော့ သူပြောတာလည်း မမှားလောက်ပါဘူး။ [/Quote]
    ကယ်လိုရီကို အဟာရလို့ဘာသာပြန်ရင် မှားတယ်လို့ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ ကယ်လိုရီက အန်နဂျီကိုဘဲရည်ညွှန်းလို့ပါ။ အာဟာရဆိုတာ nutrition ပါ။ ကယ်လိုရီနဲ့အဟာရကွာခြားချက်က အစားအသောက်တိုင်းမှာ ကယ်လိုရီပါပေမယ့်၊ အဟာရကျတော့ အစားသောက်တစ်မျိုးမှာပါတဲ့ဟာ နောက်တစ်မျိုးမှာပါခြင်မှပါမှာပါ။ ဥပမာ ခရမ်းချဉ်သီးမှာ ဗိုက်တမင်အေပါပေမဲ့၊ ခရမ်းသီးမှာကျတော့ မပါတာမျိုး။ လူခန္ဓာကိုယ်ကို ကားအနေနဲ့မြင်ကြည့်ရင် ကယ်လိုရီဆိုတာ ဓါတ်ဆီနဲ့တူပြီးတော့၊ အာဟာဆိုတာ အစိတ်အပိုင်းတစ်ခုစီကလိုအပ်တဲ့ ဘရိတ်ဆီတို့၊ အင်ဂျင်ဝိုင်တို့နဲ့တူလိမ့်မယ်။

    ReplyDelete
  9. ဘယ်ကရလာတဲ့ ဓါတ်ပုံတွေလဲမသိ.. သဘာဝကျတော့ စားချင်လာရော.. အထူးသဖြင့် ငှက်ပျောကြော် - ဒန်အိုးပေါ် တင်ထားတဲ့ မီးညှပ် က မီးသွေးမီးဖို ကိုညွှန်းနေပုံရတယ်။ ကိုယ်ထင်တာပြောကြည့်ရရင် မီးသွေးမီးဖိုပေါ်က ဒန်အိုးပေါ်မှာတင်ထားတဲ့ ငှက်ပျောကြော်ပေါ့..။ နွေးနွေးလေးနေမှာ.. မြန်မာရနံ့ကို သင်းတက်လာသလို ခံစားရတယ်။ ညစ်ပတ်တယ်ပြောလဲ ခံရမယ်.. ဒီလိုမြင်ကွင်းမျိုး သိတ်မရှိတော့လို့လားမသိ.. စားချင်တယ်.. အဟီး။

    ကေရာဝတီ

    ReplyDelete
  10. သင်တို့  မည်သို့ ပင် ဆို စေ အိုင်တော့ အကုန်ြိကိုက်
    ဟိဟိ

    ReplyDelete