Pages

Monday, February 7, 2011

စီးပွားရေးပိတ်ဆို့မှု ဆက်ထားဖို့ NLD တိုက်တွန်း

ဇန်နဝါရီလ ၂၈ ရက်နေ့က ဒါးဗို့စ်မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာ
ဒေါ်အောင်ဆန်းစုကြည် ပေးပို့တဲ့ ရုပ်သံဖိုင်ကို ဖွင့်နေစဉ်။ (ဓာတ်ပုံ - Getty Images)


အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေ အနေနဲ့ စစ်အစိုးရအပေါ် တိုက်ရိုက် ထိရောက်စေမယ့် စီးပွားရေး ပိတ်ဆို့မှုမျိုး မြန်မာနိုင်ငံအပေါ် ဆက်လက်ထားရှိဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဒီနေ့ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

“စီးပွားရေး ပိတ်ဆို့မှုဟာ လူအများစုထက် အစိုးရနဲ့ သူတို့နဲ့ နီးစပ်တဲ့ စီးပွားရေးသမားတွေကိုသာ ထိခိုက်စေတယ်ဆိုတာ ကျနော်တို့ တွေ့ရှိခဲ့ပါတယ်” လို့ NLD ဒု ဥက္ကဋ္ဌ ဦးတင်ဦးက ပြောကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးကတည်းက စီးပွားရေး ပိတ်ဆို့ထားမှုအပေါ် ဘယ်လို သဘောထားမယ်ဆိုတာ ပြည်တွင်းကရော နိုင်ငံတကာကပါ စောင့်ကြည့်နေခဲ့တာပါ။

စီးပွားရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့ အာဆီယံအဖွဲ့က တောင်းဆိုတာကို အမေရိကန် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ်းဘဲလ် က ရုပ်သိမ်းဖို့ အချိန်စောသေးတယ်ဆိုပြီး ဖေဖော်ဝါရီလ အစမှာတုန်းက တုံ့ပြန်ခဲ့ပါသေးတယ်။

မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ ဒဏ်ခတ်အရေးယူမှုတွေကို ရုပ်သိမ်းရန် အစီအစဉ်မရှိသေးဘူးလို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ ပီဂျေ ခရော်လီကလည်း ဇန်နဝါရီကလည်းက ပြောထားပြီးသားပါ။

11 comments:

  1. မောင်သန့် ။February 7, 2011 at 6:25 PM

    C-box ထဲ MHK ရေးနေတာတွေ နားမလည်ဘူးဗျာ။
    MHK: her speech at Davos has killed also the credibility of NLD offiical position on sanctions
    ကျနော်လဲ ၃-၄ ကြိမ် Davos Message ကိုနားထောင်ခဲ့ပါတယ်။
    MHK's အယူအဆ criteria ကို နားမလည်ပါ။
    ထပ်ရှင်းပြပေးရင်တော့ ကျေးဇူးတင်ရမှာပါ။

    ReplyDelete
  2. “စီးပွားရေး ပိတ်ဆို့မှုဟာ လူအများစုထက် အစိုးရနဲ့ သူတို့နဲ့ နီးစပ်တဲ့ စီးပွားရေးသမားတွေကိုသာ ထိခိုက်စေတယ်ဆိုတာ ကျနော်တို့ တွေ့ရှိခဲ့ပါတယ်” လို့ NLD ဒု ဥက္ကဋ္ဌ ဦးတင်ဦးက ပြောကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
    ပျော်စရာကြီးပဲ။ စီးပွားထက်ပိတ်တော့ ဒေါ်လာဈေးတက်အုံးမှာပဲ။ ဒေါ်လာဈေးတက်တော့ ကုန်ဈေးနှုန်းတက်။ ကုန်ဈေးနှုန်းတက်တော့ ပြည်သူတွေမွဲ။ US အစိုးရကလည်း NLD ကိုပဲ တနိုင်ငံလုံးရဲ့ ကယ်တင်ရှင်လို့ထင်။ NLD ကလည်း အခုချိန်ထိ ဘာမှထိရောက်တဲ့ စွမ်းဆောင်ချက်မရှိ။ မျှော်လင့်ချက်တွေနဲ့ ဘယ်သူ့အဖေခေါ်ရမလဲမသိဘူး။ လွတ်လပ်စွာဖေါ်ပြခွင့်မရှိတဲ့ အချိန်ကြီးမှာ ပြည်ပဆိုက်တွေကလည်း NLD & DAW SU ကိုထိပြီးရေးရင်လက်မခံ။

    ReplyDelete
  3. စီးပွားရေးပိတ်ဆို့မှုဟာ အစိုးရနဲ့ သူတို့နဲ့နီးစပ်တဲ့စီးပွားရေးသမားတွေကိုပဲ ထိခိုက်တယ်ဆိုရင် တိကျတဲ့စာရင်းဇယားနဲ့ထုတ်ပြန်သင့်တယ်။ပါးစပ်နဲ့ အစိုးရပဲထိခိုက်တယ်လို့ မပြောသင့်ဘူး။တိကျခိုင်လုံမှုရှိရမယ်။
    အထည်ချုပ်လုပ်ငန်းတွေတင်ပို့မှု ပိတ်ဆို့မှုကြောင့် အထည်ချုပ်စက်ရုံလုပ်ငန်းမှာလုပ်နေတဲ့ အလုပ်သမားပြည်သူတွေ အလုပ်လက်မဲ့ဖြစ်သွားရတယ်။အဲဒါ အစိုးရနဲ့သူနဲ့နီးစပ်တဲ့စီးပွားရေးသမားတွေပဲ ထိခိုက်စေတာလား ပြည်သူပဲထိခိုက်သွားရတာလားဆိုတာ ခွဲခြားမြင်မိမှာပါ။

    လွတ်လပ်စွာကုန်သွယ်မှုမရတဲ့အတွက် နိုင်ငံရဲ့ထွက်ကုန်ပစ္စည်းတွေဟာ ဈေးကောင်းမရပဲ ရတဲ့ဈေးနဲ့ရတဲ့နိုင်ငံတွေမှာပဲတင်သွင်းရတဲ့အတွက် နိုင်ငံအတွက်ဝင်ငွေထိခိုက်သလို တိုက်ရိုက်ဆက်ဆက် ဆိုးကျိုးတွက် တိုင်းပြည်ဝင်ငွေနည်းလာတာနဲ့အမျှ ပြည်သူတွေကိုဆက်လက်ထိခိုက်စေတာပါပဲ။ဒီတော့ စီးပွားရေးပိတ်ဆို့မှုကို အားပေးနေတာဟာ အမုန်းတရား အာဃာတတွေ ဖုံးလွမ်းနေသေးတာတွေ့ရတယ်။ပြည်သူအတွက်ကြည့်နေတာ တစ်ယောက်မှမရှိဘူး။ဘယ်ပြည်သူကမှ စီးပွားရေးပိတ်ပါလို့မတောင်းဆိုသလို အားမပေးပဲ NLD ကတစ်ဦးတစ်ယောက်တစ်အုပ်စုကပဲ အားပေးထောက်ခံနေတာဟာ ဘယ်လိုမှ နားလည်ပေးလို့မရပါဘူး။တိုင်းပြည်နဲ့လူမျိုးတွက်ကောင်းစေချင်တဲ့ မြန်မာနိုင်ငံသားမှန်သမျှဟာ ဘယ်လိုမျိုးပိတ်ဆို့မှုကိုမှ လက်ခံမှာမဟုတ်ဘူးဆိုတာ နားလည်ဖို့ကောင်းတယ်။

    ဘယ်လိုပဲဖြစ်ဖြစ် စီးပွားရေးပိတ်ဆို့မှုကြောင့် ဘယ်သူတွေထိခိုက်တယ် ဘယ်လိုအကျိုးရလဒ်တွေရှိတယ်ဆိုတာကိုတော့ အတိကျစာရင်းဇယားအထောက်ထားတွေနဲ့တင်ပြသင့်တာ အမှန်ပဲ။

    ReplyDelete
  4. NLD is full of crap now. Sanction is their last resort so they try to hold on regardless of people's dire needs for job creations and survival. Anyway, with this kinda mentality and outlook, they are dying out. More and more people are seeing their dark side now. I used to support them but now it's clear that they don't care people. It's like in Ma Haw Thadar's story about The mother and Ba Lu Ma. The real mother will let the son when he's suffering but Ba Lu Ma will keep holding until she gets what she wants. Hope NLD won't follow the story.

    ReplyDelete
  5. အပေါ် က အမည်မသိ မိတ်ဆွေ ခင်ဗျား။
    လူ့ အခွင့်အရေး ချိုးဖောက်မှုတွေ အတွက်သာ ပိတ်ဆို့ မှု ပေါ်လာတာပါ။
    ခုထိ စစ်ဖက်ဆစ်တွေ က ၂၂၀၀ သော နိုင်ငံရေးအကျဉ်းသား မရှိပါဘူး -င်ပိတ်ငြင်း နေတုန်းပါ။
    ဒါကို မျက်ကွယ်ပြုပီး NLD ဘာမှ မစွမ်းဆောင်နိုင်ဘူး ပြောနေတာလဲ မျှတ မှု မရှိပါ။
    လက်၊ခြေ တုပ်ထားရုံမက ပါးစပ်ပါ ပိတ်ထားခံရတဲ့ လူတွေ ကို မလှုပ်ရကောင်းလား၊ မအော်ရ ကောင်းလား ပြောနေတာ အောက်တန်းကျမကျ ဘာသာပြန်စဉ်းစားပါ။

    ReplyDelete
  6. အပေါ်ကကွန်မန့်ရေးတဲ့မောင်ရင်.. ဒေါ်လာဈေးကထပ်မတက်ပါဘူးကွယ်။ တစ်ဒေါ်လာ မြန်မာငွေ၆ကျပ်မှ ၆ကျပ်တည်းရယ်ပါ ;) ပြီးတော့ အခုလိုကိစ္စတွေမှာ သီအိုရီချည်းပြောလို့မရဘူး။ နိုင်ငံရေးသိပ္ပံနဲ့ လူမှုစီးပွားရေးပညာတတ်တဲ့ ဒေါ်စုလိုပညာတတ်မျိုးပြောတာထက် တိကျတာရှိဦးမလား။

    ReplyDelete
  7. နိုင်ငံတနိုင်ငံ တိုးတက်ဖို့ဆိုရင် လုပ်ငန်းကြီးတွေ လုပ်ချင်ရင် financially safety ရှိတဲ့ infrastructureကို အရင်တည်ဆောက်ဖို့သာ အရင်လုပ်ရမှာပါ...
    ဒါတွေမရှိဘဲ နိုင်ငံတိုးတက်ဖို့ အော်နေလို့မရဘူး...

    ပညာရေးနဲ့ ကျန်းမာရေးအသုံးစရိတ်ဟာ အစိုးရအသုံးစရိတ်ရဲ့
    ငါးရာခိုင်နှုန်းအောက်မှာပဲ ရှိတယ်ဆိုတာကို ကြည့်ရင် လူသားချင်းဆိုင်ရာ အကူအညီတွေ ရဖို့ဆိုတာဟာ စီးပွားရေးပိတ်ဆို့မှုကို ပြောတာထက် အစိုးရမူဝါဒကို ပြောတာက ပိုကောင်းမယ်ဆိုတာကို စဉ်းစားကြည့်နိုင်ပါတယ်။

    အဲဒိအထည်ချုပ်တွေကို ပိုင်တာ Sanctionနဲ့ ဘယ်လိုမှ မပတ်သတ်တဲ့ နိုင်ငံက အရှေ့အာရှ အာဆီယံဝင် လုပ်ငန်းရှင်တွေပါပဲ၊ သူတို့ရဲ့ ဈေးကွက်ကလည်း Sanctionsနဲ့ ဘာမှမပတ်သတ်တဲ့ အာရှအတွင်းပဲ..
    ပည်တွင်းက လုပ်ငန်းရှင်တွေတောင် မီးမရလို့ စက်မှုဇုံတွေမှာ ထုတ်ကုန်အင်အား ဘယ်လောက်ကျဆုံးလဲ............
    ထုတ်ကုန်၁ခုရဲ့ ကုန်ကျစရိတ်ဟာ မီးမလာလို့ ဘယ်လောက်တောင် ထိုးတက်ကုန်လဲ...
    သယ်ယူပို့ဆောင်ရေးမကောင်းရင်ကော...

    မကြာသေးတဲ့ကာလက TOYOTA COMPANYကိုပဲကြည့် စစ်အစိုးရက ကားပါမစ်တွေ လက်ဝါးကြီးအုပ်မှုဟာ လက်ခံနိုင်စရာအကြောင်းမရှိလို့ မလုပ်ဖြစ်ဘူးလေ...

    အကြီးစားစီးပွားရေးလုပ်ငန်းတွေ လုပ်ကြတဲ့ လုပ်ငန်းရှင်တွေဟာ သူတို့ရင်းနှီးမြုပ်နှံမှုလုပ်မယ့် နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ တရားဥပဒေစု...းမိုးရေးတွေကို အဓိကထားကြည့်ကြတယ်...

    သူတို့အတွက် financial safetyရှိမယ့် နိုင်ငံမျိုးလား...
    အဲဒိလိုမှမဟုတ်ရင် အချိန်မရွေး စစ်အစိုးရက မကျေနပ်တိုင်း၊ သူတို့အလိုမလိုက်တိုင်း ကလိမ်ကျပြီး လက်ဝါးကြီးအုပ် သိမ်းပိုက်ခံလိုက်ရတဲ့ လုပ်ငန်းတွေမှ တပုံကြီးပဲ..
    ကဲ ဒါမျိုးဆို ကျနော်တို့ ခင်ဗျားတို့ကော ရင်းနှီးမြုပ်ကြမလား...
    ခင်ဗျားတို့ကိုယ်တိုင်လည်း မြန်မာပြည်မှာ စီးပွားရေးကို ဥပဒေဘောင်အတွင်းက လုပ်ကြည့်ကြပါ...

    ကိုယ့်အလုပ်ကိုယ် မလုပ်ရဘူး၊ ဟိုကြေး ဒီကြေး၊ ဟိုလူ့မျက်နှာလုပ် ဒီလူ့မျက်နှာလုပ်နဲ့ လုပ်ငန်း၁ခုလုပ်ရဖို့ ဘယ်လို အရှုပ်ထုပ်တွေကို ဖြေရှင်းနေရမယ်ဆိုတာ သိကြမှာပါ...Sanctionကြောင့် မဟုတ်ဘဲ မြန်မာပြည်မှာ အလုပ်အကိုင်တွေ ရှားပါးကုန်တာ ပြောရရင်တော့ အများကြီးပဲ...
    (ဆက်ရန်)

    ReplyDelete
  8. “ဘာပဲဖြစ်ဖြစ် Sanctionsကြောင့် ပြည်သူတွေ ဆင်းရဲတယ် နစ်နာတယ်။
    ဒါကြောင့် Sanctionsကို ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် ဖွင့်ပေးလိုက်ပါ။
    ဘယ်လိုနည်းနဲ့ပဲြ...ဖစ်ဖြစ် ရင်းနှီးမြုပ်နှံကြပါ”
    ဆိုတဲ့ ပြောဆိုနေမှုမျိုးတွေထက် ပိုသင့်တယ်...

    မြန်မာပြည်နဲ့ ပတ်သတ်ပြီး နိုင်ငံခြားတိုင်းပြည်တွေရဲ့ စီးပွားရေး မူဝါဒပိုင်းဆိုင်ရာ ပြောင်းလဲမှုဟာ မြန်မာပြည်တွင်းအခြေအနေပြောင်းလဲမှုပေါ်မှာ အဓိကအခြေပြုထားတယ်...
    စီးပွားရေးဆိုင်ရာ လုံခြုံမှုနဲ့ တိုးတက်ဖွံ့ဖြိုးမှုအပြင် နိုင်ငံရေးတည်ငြိမ်မှုပေါ်မှာ အဓိကကျတဲ့အတွက် စစ်အစိုးရရဲ့ မှားယွင်းတဲ့ စီးပွားရေးနဲ့နိုင်ငံရေးလမ်းစဉ်တွေကသာ ပြည်သူတွေကို ဒုက္ခရောက်စေတဲ့ အကြီးမား အဆိုးရွားဆုံးသော လုပ်ရပ်ဖြစ်ပါတယ်...

    စစ်အစိုးရရဲ့ မှားယွင်းနေတဲ့ လမ်းစဉ်တွေကို ထောက်ပြပြောဆိုသင့်ပါလျက်..
    ဒီလိုပုံစံမျိုး လက်ညှိုးတထိုးထိုးနဲ့ လုပ်နေလို့ကတော့ မြန်မာနိုင်ငံရေးပြောင်းလဲဖို့မဟုတ်ပါဘူး။ လူမှုအသိုင်းအဝိုင်းငယ်လေး တခုတောင် ပြောင်းလဲနိုင်မှာ မဟုတ်ပါ။

    ReplyDelete
  9. စီးပွားရေး ကြပ်တည်းဆင်းရဲမှုတွေ၊ ပြည်သူလူထုတွေ ဒုက္ခရောက်နေရာတာက လက်ရှိ စီးပွားရေး မူဝါဒတွေ၊ လုပ်ပုံလုပ်နည်းတွေ၊ စီမံခန့်ခွဲမှုတွေ လွဲမှားနေလို့၊
    ချို့ယွင်းချက်တွေ အားနည်းချက်တွေ ရှိနေလို့...

    လက်ရှိ စစ်အစိုးရရဲ့ မှားယွင်းနေတဲ့ စီးပွားရေးလမ်းစဉ်ကြောင့် လူနည်းစုသာ အထူးအခွင့်အရေးနဲ့လုပ်ပိုင်ခွင့်တွေ ရနေအုံးမယ်ဆိုရင်...
    စီးပွားရေးမူဝါဒတွေမှာ လွဲမှားနေတဲ့အတွက် Sanctionsကို ဖျက်သိမ်းလိုက်လို့ရှိရင်လည်း တိုင်းပြည်နဲ့ လူမျိုးတွေ၊ တိုင်းရင်းသားတွေအားလုံး အကျိုးရှိစေမယ့်၊ ကောင်းကျိုးဖြစ်စေမယ့် ရင်းနှီးမြုပ်နှံမှုတွေ၊ လုပ်နည်းကိုင်နည်းတွေ ဖြစ်လာမှာမဟုတ်တဲ့အတွက် ပြည်သူတွေကို တကယ်အကျိုးရှိစေမှာ မဟုတ်ဘူး။

    ဒါကြောင့် အဓိက လုပ်ကြရမှာက...
    အုပ်ချုပ်သူ အာဏာပိုင် စစ်တပ်အသိုင်းအဝိုင်းတွေ၊ ဆိုင်ရာပိုင်ရာ လူကြီးတွေဆီက အခွင့်အရေးနဲ့သာ လုံခြုံစိတ်ချရတဲ့ စီးပွားရေးလုပ်ငန်းတွေကို အကောင်အထည်ဖော်နိုင်တဲ့ စနစ်ကြီးအောက်မှာ တစ်ဦးတစ်ယောက် (သို့) အဖွဲ့အစည်းတစ်ခုခု (သို့) အဖွဲ့အစည်းတချို့ကိုသာ အထူးအခွင့်အရေးနဲ့ လုပ်ပိုင်ခွင့်တွေ ပေးနေတာမျိုးတွေကို အပြင်းအထန် ကန့်ကွက်ကြရမယ်။ စီးပွားရေး မညီမျှမှုတွေကို လျော့နည်းစေရမယ်။

    ReplyDelete
  10. ပိုပြီးတော့အရေးကြီးတာက စစ်အစိုးရကိုယ်တိုင်က တိုင်းပြည်ရဲ့ အနာဂတ်အတွက် နိုင်ငံရဲ့  ပြည်နယ်၊ တိုင်းဒေသ အသီးသီးမှာရှိတဲ့ မျိုးဆက်သစ်တွေနဲ့ လက်ရှိပြည်သူတိုအတွက် နိုင်ငံတော်ရဲ့ ငွေကြေးအလုံးအရင်းနဲ့ ပညာရေးနဲ့  ကျန်းမာရေးကို မြှင့်တင်လုပ်ဆောင် ရင်းနှီးမှုဆိုတာ မရှိသလောက်ပဲ။

    ဒီလိုပညာရေးနဲ့ ကျန်းမာရေးတွေမှာ မမြုန်နှံသလို အခြားသော စက်မှုနဲ့ စိုက်ပျိုးရေး ၊ ကုန်ထုတ် လုပ်ငန်းတွေနဲ့ ရေရှည် ၊ ရေတို စီးပွားရေး ဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်စေတဲ့ လုပ်ငန်းတွေမှာလည်း တစ်ခုမှကြီးမားသော ရင်းနှီးမြှုပ်နှံမှုတွေနဲ့ လုပ်ဆောင်ခဲ့ခြင်းမျိုး မရှိဘူး။

    ReplyDelete
  11. အောက်ပါသတင်းကလည်း “မှန်ကန်တဲ့ နိုင်ငံရေးလမ်းစဉ်ရှိမှ စီးပွားရေးတိုးတက်မယ်”ဆိုတာကို ထပ်လောင်း ထောက်ခံပြောဆိုနေပါသေးတယ်...
    (ဖတ်ခဲ့တဲ့နေရာက မူရင်းလင့်ခ်ကို မဖော်ပြထားဘူး)

    ဖတ်ကြည့်ပါအုံး...

    ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလွတ်လပ်မှု စောင့်ကြည့်ရေး Global Economic Freedom အဖွဲ့က ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံပေါင်း ၁၇၉ နိုင်ငံရဲ့ စီးပွားရေး လွတ်လပ်မှုဆိုင်ရာ အချက်အလက်တွေကို စာရင်းပြုစု ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံကို စီးပွားရေးလွတ်လပ်မှု ဆဋ္ဌမမြောက် အနိမ့်ဆုံးနိုင်ငံအဖြစ် အမှတ်စဉ် ၁၇၄ မှာ ဖော်ပြထားကြောင်း သိရပါတယ်။

    အခုလို မြန်မာနိုင်ငံမှာ စီးပွားရေးလွတ်လပ်မှုတွေ ဆိပ်သုဉ်းနေရတဲ့ အခြေခံ အကြောင်းတရားတွေနဲ့ ပတ်သက်ပြီး သြစတြေလျ အခြေစိုက် မြန်မာ့ စီးပွားရေးပညာရှင် ဒေါက်တာမျိုးညွန့်က အခုလို သုံးသပ်ပါတယ်။

    “အကြောင်းရင်းကတော့ အများပြည်သူကို ကိုယ်စားပြုတဲ့ အစီအစဉ်လုပ်ရပ်တွေကို စစ်အာဏာရှင် အစိုးရအနေနဲ့ အကောင်အထည် မဖော်ခဲ့လို့ပေါ့။ အဲဒါက အဓိကပဲ။ နောက်တခုက အများပြည်သူရဲ့ ဘဝရပ်တည်ရေး လုပ်ငန်းတွေကို အကျိုးမပြုဘဲနဲ့ စစ်တပ်နဲ့ ပြည်တွင်း လုပ်ငန်းရှင်တွေရဲ့ အကျိုးကို ကိုယ်စားပြုတဲ့ စီးပွားရေး မူဝါဒတွေ အစီအစဉ်တွေကို ချမှတ်ခဲ့တာ။ နောက်တခုကတော့ စစ်အာဏာရှင်အစိုးရ အနေနဲ့ ဒီနေ့တမျိုး နက်ဖြန်တမျိုး ချမှတ်တဲ့ စီးပွားရေးမူဝါဒတွေ။ အဲဒါကြောင့် ကျနော်တို့ဟာ တဖြည်းဖြည်း ဆင်းရဲတဲ့နိုင်ငံ၊ တခါတည်း ချောက်တွင်းထဲမှာကျနေတယ်”

    Global Economic Freedom အဖွဲ့ရဲ့ ညွှန်းကိန်းတွေအရ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှု လွတ်လပ်ခွင့် သုံည ရာခိုင်နှုန်း၊ ငွေရေးကြေးရေး လွတ်လပ်မှု ၁ဝ ရာခိုင်နှုန်း၊ ပိုင်ဆိုင်မှုလွတ်လပ်ခွင့် ၅ ရာခိုင်နှုန်း၊ အလုပ်သမား လွတ်လပ်ခွင့် ၂ဝ ရာခိုင်နှုန်း၊ ငွေကြေး ထိန်းချုပ်နိုင်မှု လွတ်လပ်ခွင့် ၅၆ ရာခိုင်နှုန်း၊ ကုန်သွယ်မှု လွတ်လပ်ခွင့် ၇၂ ရာခိုင်နှုန်း နဲ့ အစိုးရက အသုံးစရိတ် လွတ်လပ်ခွင့်ရတာ ၉၈ ရာခိုင်နှုန်း ရှိကြောင်း ဖော်ပြထားပါတယ်။

    ReplyDelete