Pages

Friday, May 27, 2011

စိတ်ကြွဆေး နှစ်သောင်း မြန်မာပြည်သားထံမှ ဖမ်းမိ



သန်းထိုက်ဦး၊ မေလ ၂၇၊ ၂၀၁၁

စိတ်ကြွဆေး အလုံးရေ ၂၀၀၀၀ သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား ၁ ယောက်ကို ထိုင်းနိုင်ငံ အလယ်ပိုင်း ချုံဘူရီ ခရိုင် စီလာချာမြို့နယ်မှာ အာဏာပိုင်တွေက မနေ့က ဖမ်းဆီးလိုက်တဲ့အကြောင်း ထိုင်းသတင်းဌာန ၀က်ဆိုက် မန်နေဂျာ အွန်လိုင်းမှာ ဒီကနေ့ ရေးထားပါတယ်။

အဖမ်းခံရသူက အသက် ၃၅ နှစ်အရွယ် စောစိုးပိုင် ဖြစ်ပြီး၊ သူက ဒီ ယာဘ (ခေါ်) မက်သာ အဖက် တမင်း စိတ်ကြွဆေးပြားတွေကို လူတယောက်ဆီကို သွားပို့မယ့် အချိန်မှာ အာဏာပိုင်တွေက ၀ိုင်းဖမ်းခဲ့တာလို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ မတ်လကလည်း မြန်မာနိုင်ငံသား ၃ ယောက်ဆီက စိတ်ကြွဆေးပြား ၃ သိန်းကျော်နဲ့ အတူ ဘတ်ငွေ ၅ သိန်း ၆ သောင်း တို့ကို ဘန်ကောက်မှာ ဖမ်းမိခဲ့ပါတယ်။

တယောက်က ၂၅ နှစ်၊ ကျန်တဲ့ ၂ ယောက်ကတော့ အသက် ၂၈ နှစ် နဲ့ ၃၆ နှစ် အရွယ်တို့ ဖြစ်ပါတယ်။ သူတို့ဆီက ဖမ်းမိထားတယ် ဆိုတဲ့ စိတ်ကြွ ဆေးပြားတွေက ခန့်မှန်းခြေ ဘတ်သန်း ၁၀၀ ၀န်းကျင် (ဒေါ်လာ ၃သန်း ၀န်းကျင်) ရှိမယ်လို့ ဆိုပါတယ်။



2 comments:

  1. အဲဒီလူက ဘယ်အဖွဲအစည်းနဲဆက်သွယ်ဆောင်၇ွက်နေတာလဲဆိုတာလေးပါဖေါပြ၇င်ပိုကောင်းမယ်နော်........

    ReplyDelete
  2. စိတ်ကြွဆေး ရောင်းဝယ်ရင် ချမ်းသာသလားသိချင်ပါတယ်။ ချမ်းသာမယ့် နည်းလမ်းများရှိရင် ပြန်ပြောပေးပါ။ သူ လုပ်သလို ရောင်းဝယ်ရေးလုပ်ရင် ချမ်းသာမလား စီးပွားရေးကောင်းမှာလား စိတ်ကြွဆေး သုံးတဲ့သူတွေရော သုံးရင်နဲ့ သေသွားတာမျိုးရှိလား အလုပ်လုပ်တဲ့သူတွေ သုံးရင် ပိုပြီးလုပ်နိုင်တယ်ဆိုရင် ကောင်းတယ်မဟုတ်ဘူးလား ကောင်းတဲ့ ဘက်က သုံးရင် ကောင်းတယ်လို့ ပြောထားကြတာလား ရှင်းအောင်ပြောပေးကြပါ စစ်သားတွေ စိတ်ကြွဆေး သုံးရင် ပိုပြီးသတ္တိရှိလာတယ်ဆိုရင် ရပ်ကွက်ထဲ က ၀က်သတ်တဲ့ သူတို့ ၊ကြက်သတ်တဲ့ သူတို့ သုံးရင် လူပါသတ်ရဲလာကြမှာလား စဉ်းစားရင်းတွေးရင်း မေးခွန်းလေးတွေ ပေါ်လာ
    အဲဒါ ဟေမာနေ၀င်းပါ

    ReplyDelete