Pages

Monday, May 30, 2011

လပြည့်ဝန်းသို့ တမ်းခြင်း ၂


မဇ္ဈိမလှိုင်း တေးဂီတဝိုင်းရဲ့ နှစ် ၃၀ ပြည့်ခရီး စင်မြင့်ဖျော်ဖြေပွဲ သီချင်း ၃ ပုဒ်။

တေးရေးကိုနေ၀င်းအတွက် အမှတ်တရပွဲလည်း ဖြစ်တဲ့အတွက် သူရေးထားတဲ့သီချင်းတွေကို အဆိုတော်တွေက ဒီပွဲမှာ ဆိုကြပါတယ်။
အဲဒီထဲက ၃ ပုဒ်ကို နားဆင် ကြည့်ရှုနိုင်ဖို့ ဒီနေ့ တင်ပေးလိုက်ပါတယ်။


သီချင်းအမည် - ရေစီးကြောင်း
ဆို- ကိုရဲလွင်

၁၉၈၈ ၀န်းကျင် အဆိုတော် မွန်းအောင်ရဲ့ မိုးလုံးမှိုင်း စီးရီးမှာ ပါဝင်ခဲ့ပါတယ်။ နူးညံ့တဲ့ ဂီတသံ၊ ကိုနေ၀င်းရဲ့ စာသားအဖွဲ့အနွဲ့တို့ကြောင့် မွန်းအောင်ရဲ့ ပရိသတ်တွေ ကြိုက်ကြတဲ့ သီချင်းပါ။
အခု စတိတ်ရှိုးမှာတော့ တူရိယာပြောင်းပြီး တင်ဆက်ထားပါတယ်။ ကိုရဲလွင်ရဲ့ ဆိုဟန်မှာ တယောဦးတင်ရီကလည်း ပါဝင် အားဖြည့်ထားတဲ့အတွက် သီချင်းက အသွင်သစ် ဖြစ်နေပါတော့တယ်။




သီချင်းအမည် - စဉ်းစားထား
ဆို- သားထွေး

သားထွေးက မဇ္ဈိမလှိုင်းရဲ့ ၀ိုင်းတော်သားတယောက် ဖြစ်ပါတယ်။ ဒီ ၂ ပုဒ်လုံးက သားထွေးရဲ့ အသံနဲ့လည်း လိုက်ဖက်ပါတယ်။ သီချင်း ၂ ပုဒ်လုံးက ကိုနေ၀င်းရဲ့ ငယ်လက်ရာတွေ ဆိုတော့ သီချင်း သက်တမ်း အနှစ် ၃၀ ၀န်းကျင်တော့ ရှိပါပြီ။
ဒါတွေကို ပထမဆုံး ယူဆိုခဲ့သူက ခိုင်ထူး ဖြစ်ပါတယ်။ အဆိုတော် ခိုင်ထူးရဲ့ အဉ္စလီ၊ တေးမြုံငှက် စီးရီးတွေမှာ မြူးမြူး သွက်သွက် ဒီသီချင်း ၂ပုဒ်ကို ရှေ့ဆုံးက တွေ့နိုင်ပါတယ်။



သီချင်းအမည် - စိုးစံစားစေ
ဆို- သားထွေး

ဆက်စပ် ကြည့်ရှုရန်

လပြည့်ဝန်းသို့ တမ်းခြင်း ၁ ကို ဒီမှာ
irrawaddyblog.com ကြည့်နိုင်ပါတယ်။

မဇ္ဈိမလှိုင်း အကြောင်းကိုတော့ ၀ီကီမြန်မာ
wikimyanmar မှာလည်း ဖတ်နိုင်တယ်။

2 comments:

  1. ဧရာဝတီဝိုင်းတော်သားများခင်ဗျ

    ကျနော်တခုလောက် တောင်းဆိုချင်လို့။ ဇေယျာသော် ထောင်ကလွတ်ပြီဆိုတော့ သူပါဝင်ခဲ့တဲ့ နာမည်ကျော် သီချင်းတပုဒ်လောက် ဘလောက်ပေါ် တင်ပေးနိုင်မလားလို့။ ဒီသီချင်းဆိုရင် ဂွတ်ရှယ်ဖြစ်မယ်
    (အချစ်သီချင်း - ဇေယျာသော်၊ စိုင်းစိုင်း၊ အဲလက်စ်၊ မျိုးကျော့မြိုင်၊ ကောင်းမြတ်)http://www.youtube.com/watch?v=TbxSzKDac3E)

    ReplyDelete
  2. Million Thanks.

    The songs brought me back to my age of 20's.

    This is really something that you guys gave to Burmese who are away from home for certain reasons.

    Kind regards,
    Nanda

    ReplyDelete