Pages

Monday, May 30, 2011

အပြစ်မရှိကြောင်း ဒန်ကလေ လျှောက်လဲချက်ပေး

သင်းအောင်

ပြစ်မှု မကျူးလွန်ခဲ့ပါဘူး လို့ မြန်မာတိုင်းမ် CEO ဟောင်း မစ္စတာ ရော့စ် ဒန်ကလေက
ဒီကနေ့ ကမာရွတ်မြို့နယ် တရားရုံး ရုံးချိန်းမှာ လျှောက်လဲချက် ပေးပါတယ်။
(ဓာတ်ပုံများ - ဧရာဝတီ)
သူ့ရှေ့နေကြီး ဦးမင်းစိန်ကတဆင့် လျှောက်လဲခဲ့တာ ဖြစ်ပါတယ်။

မခိုင်ဇာလင်းအား မည်သည့်ဆေးဝါးမျှ တိုက်ကျွေးခဲ့ခြင်း မရှိကြောင်း၊ ကျနော်၏ နေအိမ်တွင်လည်း မည်သည့် ဆေးဝါးမျှ မရှိကြောင်း၊ အခင်းဖြစ်ပွားပြီး ရဲနှင့် ရပ်ကွက် တာဝန်ရှိသူများ ကျနော်၏နေအိမ်တွင် တနာရီခန့် ၀င်ရောက်ရှာဖွေရာသော်လည်း မူးယစ်စေတတ်သော မည်သည့်ဆေးဝါးမှ ရှာဖွေ တွေ့ခဲ့ခြင်း မရှိကြောင်း
ကျနော် ကိုယ်တိုင်လည်း မူးယစ်ဆေးဝါး မသုံးကြောင်း။


ဇန်န၀ါရီ ၁၈ ရက်နေ့ ည ၁၁ နာရီ မတိုင်မီက ကျနော် ရန်ကုန်မြို့လယ်တွင် ရှိနေကြောင်း၊ ဂီတနှင့် ပတ်သက်သော သိမ်ကြီးဈေး ၃၆၉ ကလပ်သို့ ည ၁၁ နာရီခွဲခန့်မှ ရောက်ရှိသွားကြောင်း။

ကလပ်ပိုင်ရှင်နှင့် သိကျွမ်းသဖြင့် သွားရောက် တွေ့ဆုံခြင်းဖြစ်ပြီး ဘီယာဘားတွင် ၂ ခွက် သောက်နေကြောင်း၊ ထိုအချိန် မခိုင်ဇာလင်း ချည်းကပ်လာကာ ကျနော်နှင့် အတူ လိုက်လိုသည်ဟု ပြောဆိုကြောင်း၊ ကျနော်သည် ကလပ်တွင် ရှိသော အမှုထမ်းများနှင့် မခိုင်ဇာလင်းကို ယခင်ကတည်းက သိကျွမ်းပါကြောင်း။

စသဖြင့် လျှောက်လဲပါတယ်။


ဧရာဝတီက ရှေ့နေကြီးကို အမှုအကြောင်း မေးမြန်းခဲ့ပါတယ်။
ရှေ့နေကြီးက``ရော့စ်ဒန်ကလေဟာ ဇန်န၀ါရီ ၁၆ ရက်နေ့မှာ မြန်မာတိုင်း (အင်္ဂလိပ်) ပုံနှိပ်နေတဲ့ အချိန်မို့ သူ့ရဲ့ ရုံးခန်းမှာ ရှိနေပါတယ်။ ၁၇ ရက်နေ့မှာ သူ့အိမ် ပြန်သွားပါတယ်။ အခင်းဖြစ်တာက ၁၈ ရက်နေ့မှပါ။ ဒါကြောင့် တရားလို မခိုင်ဇာလင်းက သူမကို နေအိမ်ထဲမှာ ချုပ်နှောင်ထားတယ် ဆိုတာ လုံးဝ မဟုတ်ကြောင်း ရုံးတော်ကို တင်ပြခဲ့ပါတယ်´´ လို့ ဧရာဝတီကို ပြောပါတယ်။




5 comments:

  1. ကျနော့်စိတ်အထင်တော့ ဒန်ကြီးလဲ ဗမာပြည်က တရားဥပဒေ အကြောင်း အထာ ညှက်တော့ အလျှော်အစားဇယားခင်းလိုက်ပြီထင်ပါတယ်။ အမှုအသွားအလာ နဲ့ အခင်းအကျင်းတွေက အမှု စ ကာစကနဲ့ မတူတော့ဘူးထင်ပါတယ်။

    ReplyDelete
  2. what happen to khing zar lin? she pargant woman?

    ReplyDelete
  3. ဆေးက နောက်ဆုံးကျန်တဲ့ တလုံးကို တိုက်လိုက်တယ်ဆိုရင် သဲလွန်စက ရဦးမလား။ နှစ်ယောက်လုံးကို ဆေးစစ်ကြည့်တယ်ဆိုတာတော့ မပါဘူး။ စစ်လဲ lab က သိတဲ့အတိုင်းပဲ။ မမှန်တာရယ် လာဘ်စားတာရယ် ပေါင်းလိုက်တော့ မစစ်တာကပဲ အလုပ်ရှုပ် သက်သာတယ် ပြောရမလိုလို။

    ReplyDelete
  4. ဟိုဖက်ရက်တွေတုန်းက လျှပ်တပြက်ဂျာနယ် vol 3, no 37, page 16, column 3 မှာ မြတ်ခိုင်မေးတာကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ပြန်ဖြေထားပါတယ်။ ရန်ကုန်မြို့မှာ ယစ်မျိုးနဲ့ ပတ်သက်တဲ့ အရက်ရောင်းချခွင့် လိုင်စင်တွေ ချပေးနေပါတယ်။ နိုက်ကလပ်နဲ့ အနှိပ်ခန်းများကို လုံးဝခွင့်ပြုထားခြင်း မရှိပါဘူး တဲ့။ အခု ဒန်ကလေက အတိအလင်း ပြောလိုက်ပြီ။ သိမ်ကြီးဈေး ၃၆၉ ကလပ်။ ဂျာနယ်များ ဖတ်ချင်ရင် http://www.mediafire.com/?fnqtmcuwu86m9qc။

    ReplyDelete
  5. ဟိုဖက်ရက်တွေတုန်းက လျှပ်တပြက်ဂျာနယ် vol 3, no 37, page 16, column 3 မှာ မြတ်ခိုင်မေးတာကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ပြန်ဖြေထားပါတယ်။ ရန်ကုန်မြို့မှာ ယစ်မျိုးနဲ့ ပတ်သက်တဲ့ အရက်ရောင်းချခွင့် လိုင်စင်တွေ ချပေးနေပါတယ်။ နိုက်ကလပ်နဲ့ အနှိပ်ခန်းများကို လုံးဝခွင့်ပြုထားခြင်း မရှိပါဘူး တဲ့။ အခု ဒန်ကလေက အတိအလင်း ပြောလိုက်ပြီ။ သိမ်ကြီးဈေး ၃၆၉ ကလပ်။ ဂျာနယ်များ ဖတ်ချင်ရင် www.mediafire.com/?fnqtmcuwu86m9qc။

    ReplyDelete