ဘလော်ဂါ ဒီကိုလာ ရဲ့ စာမျက်နှာကနေ ကာတွန်း ၁၅ ပုံ ကော်ပီကူးလာပါတယ်။
ထိုင်ဝမ်ဘလော်ဂါ ကာတွန်းဆရာ Mark Lee ရဲ့ လက်ရာတွေကို ဘာသာပြန်ထားတာပါ တဲ့။
အခုခေတ်ဝန်ထမ်းတွေရဲ့ လက္ခဏာ လို့ အမည်ပေးထားတဲ့ ဒီကာတွန်းတွေက တကယ်ပဲ ခေတ်ကို ထင်ဟပ်ပါတယ်။
နေ့စဉ်ရုံးဆင်းရုံးတက်လုပ်ရတဲ့၊ ကွန်ပျူတာ သုံးကြတဲ့ ၀န်ထမ်းတွေရဲ့ ပုံရိပ်တွေကို ကာတွန်းနဲ့ တင်ဆက်ထားတာပါ။















မဆိုးဘူးဟ.. အီစကို နဲ့ ၁၅ ချက်အနက်က ၈ - ချက်ကိုက်သဗျို့..။ ရှက်ရှက်နဲ့ ၀န်ခံလိုက်မယ်.. ဟိဟိ…ပလို့ဂျိ..။ :P
ReplyDelete၁) အိပ်ယာနိုးရင်..ကွန်ပြူတာ ခလုပ်ကို အရင်နှိပ်ပြီးမှ ခေါင်းဖြီးတယ်..။ ရုံးရောက်ရောက်ချင်း ကွန်ပြူတာ ခလုတ်ကို နှိပ်လိုက်ပြီးမှ ပစ္စည်းတွေနေရာချတယ်..။ ကိုင်း.. ဘာလိုသေးလဲ..။
၂) နေ့လည်စာဆိုတာ အိမ်ကထည့်ပေးရင်ပေး မပေးလို့ကတော့ ဟမ်ဘာဂါဘဲ.. ဘာစားမလဲ စဉ်းစားရရင် ခေါင်းကိုက်ကိုက် လာလို့..။
၃) ဒီနှစ်ထဲမှာ ၀လာနေပြိလို့ နေ့တိုင်းတွေးဖြစ်နေတယ်..။ အင်း.. gym ကိုသွားဥိးမှ..ဘဲလေ ၊ ဟုတ်တာမဟုတ်တာအပထား ဒီလိုတော့ နေ့တိုင်းကြံနေတတ်တာ ဟာဟ..။
၆) သေချာစဉ်းစားရင် အစိုးရမင်းများကို မျက်နှာလည်းမကြည့်ချင်.. အသံလဲ မကြားလို..။ သို့သော်.. လဲ.. အဲ..ဒင်းတို့ခွင့်မပြုရင် အလုပ်ကအဆင်မပြေတော့ သနားစရာ့ အီစကို ဖါးပြီးရင်း ဖါးနေရတယ်ကို.. လို့ ငိုချင်းက ချနေရတာ နေ့တိုင်းပေါ့နော်။ မယုံမရှိနဲ့ဗျ..။
၇) အပေါင်းအသင်းတွေက အလုပ် ဗန်းပြလွန်းတယ်လို့.. ကဲ့ရဲ့ ညွှန်းပို စကားတင်းဆို ခံနေရတာ လည်း အမြဲလိုလို..။
၈) ရောက်လေရာ အရပ်မှာ တယ်လီဖုန်းကို နှိုးစက်အလား သုံးတတ်လာတာ ကြာခဲ့ပါပကောနော်..။ ဟိုအစည်းအဝေး… ဒီ မီတင်.. အချိန်မီရောက်အောင်သွားလေမှ.. အသက်ရှူဝတဲ့ဘ၀။
၁၀) ငါပြောတာ နားလည်ရဲ့လား..။ ဒီနေ့ဘာဆွေးနွေးခဲ့သလဲ ပြန်ပြောစမ်း.. ကိုယ်က ဂလို ပြောတတ်လေ့ရှိသူ.. ။ အမေးခံရ သူက မျက်လုံးလေး ပြာကလပ်နဲ့ တံတွေးတနင်နင်နဲ့ ပြန်ဖြေရင်ဒေါသက ဖြစ်တတ်သေး..။ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်လိုက်သမျှ… ကြည်ညိုစရာ တကွက်မှ ရှာမရ.. ခေါင်းဆောင်ကောင်းတဲ့လားဟ။
၁၁) အဟီး.. တယ်မှန်..။ ချစ်သူခင်သူ.. အပေါင်းအသင်း မိတ်ဆွေ လုပ်ဖေါ်ကိုင်ဖက်အပေါင်းကို online ပေါ်မှာဘဲ တွေ့ရလေ့ ရှိနေရသူအတွက် online message တွေက အရေးကြီးတယ်လို့ သတ်မှတ်နေမိတာကလား..။