Pages

Tuesday, June 21, 2011

ဆင်ဆာထိ မြန်မာသရဲကား လမ်းဘေးမှာ ၀ယ်ကြည့်နိုင်


မောင်မျိုးမင်း(ရင်တွင်းဖြစ်) ရိုက်ကူးတဲ့ ကားပေါ်မှာ လိုက်လာတယ် ဆိုတဲ့ သရဲကား ဆင်ဆာထိပါတယ်။

ဘာသာရေး ထင်ယောင်ထင်မှားမှု ဖြစ်စေတယ်၊
ဘယာနကရသမြောက်တယ်
ဒါကြောင့် အများပြည်သူ မကြည့်သင့်ဘူးလို့ ဆင်ဆာအဖွဲ့က ဆုံးဖြတ်ထားတဲ့ ဇာတ်ကားပါ။

အများပြည်သူ မကြည့်သင့်တဲ့ကားဟာ အများပြည်သူသွားတဲ့ ပလက်ဖောင်းမှာ အရောင်းသွက်နေပါတယ် တဲ့။

ဇာတ်လမ်းက ဘယ်လိုလဲ ???
ခွန်းဆင့်နေခြည်နဲ့ ယွန်း ကားတိုက်ခံရပြီး မိုင်တိုင် ၇၆ မှာ အမြှုပ်ခံရတယ်၊ သရဲဖြစ်သွားကြတယ်၊ အဲဒီနေရာမှာ ပျက်တဲ့ ကားတစီးပေါ်ကို သရဲတက်လာတယ်၊ ကားပေါ်မှာ မင်းသားမင်းသမီးတွေ ဖြစ်တဲ့ မင်းအုပ်စိုး၊ လင်းဇာနည်ဇော်တို့ ပါတယ်၊ ခရီးသည်တွေကို သရဲဝင်ပူးတယ် စသဖြင့် ရိုက်ထားတယ်လို့ ကြည့်ဖူးသူတယောက်က ပြောပြပါတယ်။

ဒီတပတ်ထုတ် အလင်းတန်းဂျာနယ်မှာလည်း ဒီအကြောင်း သတင်း တပုဒ် ရေးထားပါတယ်၊ ဖတ်ပါအုံး။

18 comments:

  1. သရဲကားကိုတော့ ဆင်ဆာထိတာ ကျွန်တော် ထောက်ခံပါတယ်။ တကယ်ပဲ ဘာသာရေးဆိုင်ရာ
    သာသနာနဲ့မကိုက်ညီတဲ့အတွက် ပြည်သူတွေရဲ့
    ထင်ယောင်ထင်မှားဖြစ်စေလို့ပါ။ ဥပမာ..ထိုင်းက
    ပြည်သူတွေဟာ သရဲကားတွေထင်တိုင်းကြဲ
    ရိုက်တဲ့သူကရိုက် ကြည့်တဲ့သူတွေက ကြည့်ကြ
    အခုဆို ထိုင်းဆယ်ယောက်မှာ ကိုးယောက်လောက်က
    သေရင် အားလုံးသရဲဖြစ်တာပဲလို့ ယုံကြည်နေကြတာ
    သတိထားမိတယ်..မြန်မာပြည်သူတွေကိုထိုင်းလိုမဖြစ်
    စေချင်ဘူး။ ကျွန်တော့်ကိုယ်တွေ့ပါ။

    ReplyDelete
  2. မောင်ဥက္ကာငယ် ပြောသလိုပါပဲ.. ယုံကြည်မှုတွေ မှားယွင်းသွားနိုင်ပါတယ်..

    ReplyDelete
  3. just see like horror movies nothing will happen.u say like that how about 2012.who can say can't be happen.Now day u can feel ready alot of earthquake n tsunami.do u believed the ghost.after u die where u go.if u will be a ghost how do u prepair for it.

    ReplyDelete
  4. သေလို့ .. သရဲလောက်ဖြစ်ရင်တော်သေးတာပေါ့..။ ဘာလို့လဲဆိုတော့ သရဲဆိုတာ ပြိတ္တာဘုံလေ..။ အပါယ်လေးဘုံမှာ သိပ်အဆိုးကြီးမဟုတ်တဲ့ဘုံမို့လို့ပေါ့။ သူများအမျှအတမ်းဝေတာကို သာဓုခေါ်နိုင်ရင်ကျွတ်နိုင်သေးတယ်လေ..။ ကျန်တဲ့ဘုံတွေက အဲလိုအခွင့်အလမ်းမရှိဘူး။

    ReplyDelete
  5. အပေါ်ကဆ၇ာများ ခင်ဗျား။ အဲဒါဆို ဆင်ဆာကို ထောက်ခံတယ်ပေါ့။ လွတ်လပ်စွာဖော်ထုတ်ခွင့် လွတ်လပ်စွာပြောဆိုခွင့် လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့် စတဲ့ လွတ်လပ်ခွင့်တွေကို မယုံကြည်ဘူးပေါ့။
    Mg Wai

    ReplyDelete
  6. အမေရိကားမှာသရဲကားတွေပေါမှပေါ၊ ဒါပေမဲ့ယုံတဲ့လူလဲရှိ။ မယုံတဲ့လူလဲရှိပါ... အဓိကကတော့လူတွေပညာတတ်နေဖို့ အဓိကပါ.. ပညာတတ်တော့၊ အမှားနဲ့ အမှန်၊ အကောင်းနဲ့ အဆိုး၊ အကြောင်း နဲ့  အကျိုး၊ ပိုင်းခြားတတ်တဲ့ဆင်ခြင်မှု့ အလိုလိုဖြစ်လာပါလိမ့်မယ်ဗျာ၊ ဟောင်းနွမ်းနေပြီဖြစ်တဲ့၊ နေရာတကာဆင်ဆာလုပ်ချင်တဲ့ဟာကြီးမလိုတော့ပါဘူး၊ ဒီနေ့ ဗုဒ္ဒဘာသာဒီလောက်ထွန်းကားပါတဲ့ဆိုတဲ့မြန်မာပြည်ကြီးမှာ.. ဗုဒ္ဒဘာသာနဲ့ ဆန့် ကျင်တဲ့အရာတွေဖြစ်ချင်တိုင်းဖြစ်နေတဲ့ဟာ.. ဆရာတော်ဦးသုင်္မဂလအဟောအရဆို.. ဘီယာဆိုင်ဖွင့်ဖို့ လိုင်ဆင်လျှောက်တာကမှ ဗုဒ္ဒတရားတော်ဟောဖို့  ခွင့်တောင်းရတာထက်လွယ်သေးဆိုဘဲ... ကြည့်လုပ်ကြပါအုံးအရပ်ကတို့ ရဲ့.. Entertainment ဆိုတာကိုနားလည်ကြဖို့ ပါ..
    ပြောရအုံးမယ်..ထိုင်းမှာမှ လူငယ်တွေဘုန်းကြီးဝတ်ရင်အနဲဆုံးတစ်လဗျ..၀န်ထမ်းရပိုင်ခွင့်မှာကို အတိအလင်းရှိတယ်.. ပြီးတော့ အသက်၁၈နှစ်အောက်အရက်မရောင်းရနေရာတကာမှာရှိသဗျ.. နေ့ လည်ပိုင်းအရက်မရောင်းရ..ညနေ ၅ နာရီနောက်ပိုင်းမှရောင်းသဗျ..ကဲမြန်မာပြည်မှာဘာများလုပ်ပေးနေသတုံး၊ ဒီလို လူငယ်တွေလဲအကျိုးရှိ၊ ဘာသာရေးကိုလဲတဖက်ကအထောက်အကူဖြစ်စေတဲ့စည်းမျည်းမျိုးတွေ.. မြန်မာပြည်ကတော့..၀ါးလုံးခေါင်းထဲလသာတဲ့အတတ်မှာတော့တစ်ထက်ကမ်းခတ်ပါဘဲ..
    နားထောင်ချင်ရင်ဟောဒီမှာသွားနားထောင်..မြန်မာပြည်ဘယ်လောက်ဘာသာ၊ သာသနာပျင်စီးနေသလဲသိရမယ်.. အဲနားထောင်နိုင်တဲ့ကိုယ်ခံအားတော့ရှိမှနော်..တော်ကြာကိုယ့်အကြိုက်နဲ့မကိုက်လို့ ဘုန်းကြီးကိုရန်လုပ်မိနေအုံးမယ်...
    http://buddhism.goldenlandpages.com/buddhismmp3/uthumingala.html

    ReplyDelete
  7. အတ္တဆိုတဲ့ငနဲ သိသလိုတတ်သလိုနဲ့ေ၇ာဖြီးတတ်တဲ့ မြန်မာစောက်ကျင့်ကမပျောက်ဘူး သေချာသိအောင်လုပ် လေ့လာပြီးမှပြော ပြိတ္တာ သူ၇ဲဘာပဲဖြစ်ဖြစ် သူ့အကုသိုလ်ကံတွေရှိနေ၇င် သူများအမျှဘယ်လောက်ပေးပေး သာဓုမခေါ်နိုင်တာလည်း နားလည်ဦး ကိုယ့်ကျောကုန်းသားကိုယ့်လက်သဲရှည်ကြီးနဲ့ခွာစားနေ၇တဲ့ ပြိတ္တာမင်းဖြစ်ဦးမှာ

    ReplyDelete
  8. Notic >>> notice that what u r talking about??? we r not talking about 'unpredictable disaster'!!!
    i believe that u r not a real buddhism (Theravada)after looking upon ur commment bcoz u dont know how to prepair not to be a ghost. how pity u r!

    ReplyDelete
  9. @ My Wai လွတ်လပ်မှုဆိုတာလည်း အတိုင်းအတာ တခုအထိပဲ ကောင်းပါတယ်.. အရှင်းဆုံးပဲ စဉ်းစားကြည့်ပါ.. (အပြာကားတွေကို TV မှာ အတွဲလိုက်တောင် ပြနေလောက်ပီ...)

    ReplyDelete
  10. Burma, Buddhism, Neutralism

    http://www.youtube.com/watch?v=myi_Vg5vu9I

    ReplyDelete
  11. This comment has been removed by a blog administrator.

    ReplyDelete
  12. ပြောရရင် ဒီဇာတ်လမ်းမှာ ဘာသာရေး အယူလွဲမှားတယ် ဆိုတာကို ပညာဥာဏ် အသိဥာဏ် နုသေးလို့လားတော့ မသိဘူး အယူလွဲတယ်ဖို့ ဆိုတာကို မတွေ့မိသလိုပဲ။ ဘာလို့လဲ ဆိုတော့ ဇာတ်လမ်းထဲမှာ ပြောသွားသလိုပဲ သရဲတို့ ပြိတ္တာတို့ဆိုတာ မြတ်စွာဘုရား လက်ထက်ကတည်းက ရှီပါတယ်လို့ ဟောကြားထားခဲ့တာပဲ။ နောက်ပြီး ဒီဇာတ်လမ်းဟာ ဖြစ်ရပ်မှန် တစ်ခုကို ရိုက်ထားတာ ဖြစ်သလို ဘယ်သူ ဘယ်သူ့ကို မှ နစ်နာစေလို့တဲ့ သဘော ဘာသာရေးကို ထိခိုက်တာ နစ်နာစေလို့တဲ့ သဘောမပါပါဘူး။ တစ်ခုရှိတာက နောက်ဆုံး ဘာမှ လုပ်မရတဲ့ အဆုံး ဘုန်းကြီးကျောင်းကို မောင်းသွား ဆရာတော် သံဃာတော်တွေ ရွတ်ဖတ်တော့မှ ကျွတ်လွတ်ပြီး အမျှဝေတော့မှ အမှုမှန်ပေါ် ဇာတ်သိမ်းတာဆိုတော့ မြန်မာလူမျိုးတွေရဲ့ ဘာသာရေး နဲ့ သံဃာကိုးကွယ် ယုံကြည်မှု ကို မပြစေချင်တာလား တော့မသိဘူးပေါ့နော်။ နောက်တစ်ခုက ဆင်ဆာပိတ်တာတို့ လွတ်လပ်ခွင့်တို့ဆိုတာကို လဲ အသိဥာဏ်ပြည့်ဝပြီး ဘက်မလိုက်တဲ့ သူတွေကသာ ချုပ်ကိုင်ထားရင် ဘယ်သူ့ ဘယ်သူမှ ထိခိုက်စရာ ငြင်းစရာ ပြောစရာ ဖြစ်လာမှာမဟုတ်ပါဘူး။ ဒီလိုနဲ့ပဲ တစ်ယောက်နဲ့ တစ်ယောက် လက်ညှိုးထိုး အပြစ်ပြောနေကြရင်တော့ အထက်က လူလိုမျိုး ကိုယ့်ဘာသာရေးကို ဝေဖန်ကန့်ကွက်တဲ့သူတွေ ၊ အပုပ်ချစော်ကားတဲ့ သူတွေများလာမှာ အမှန်ပဲ။ မေတ္တာပို့ ဆုတောင်းတာတောင် မကြိုက်တဲ့ အစိုးရနဲ့ သူများဘာသာရေးကို အပုပ်ချ ပုပ်ခတ်တဲ့ လူမျိုးတွေနဲ့သာဆိုရင်တော့ ကြာရင် ဘုရားသာသနာ ပျောက်ကွယ်မှာတောင် စိုးရိမ်မိပါတယ်။ အခု ဆင်ဆာဖြတ်တယ်ဆိုတာကလဲ ရိုက်ကူးတဲ့ ဦးမျိုးမင်းကိုရော အစိုးရအနေနဲ့ ၊ဆင်ဆာအဖွဲ့အနေနဲ့ အမြင်ရောကြည်ရဲ့လား ဆိုတာလဲမူတည်ပါတယ်။ ဘာပဲပြောပြော ဆင်ဆာပိတ်တဲ့အတွက်တော့ ပိုရောင်းရ လူသိများသွားတာတော့ ဦးမျိုးမင်းအတွက် ကောင်းကျိုးများသွားတာပေါ့။ လူတိုင်းငြိမ်းချမ်းပါစေ။

    ReplyDelete
  13. Brainless
    ယုံကြည်မှု မှားယွင်းသွားနိုင်ပါသည်တဲ့လား အစထဲက မှား နေတဲ့ ယုံကြည်မှု ဆိုတာကော သိသလား????
    မသိသေးရင် ဒီမှာ သွားကြည့် www.messengerforbuddhist.blogspot.com
    အော် ကျွတ်ကျွတ် ကျွတ်

    Hey brainless guys, are u fighting the Buddhists according to that brainless website? It is so funny. They are fighting our religion unreasonably.Your master(the writer of that blog) have jealous upon our religion.
    If u do not satisfy with my respond, u and your master can visit to sskyaw1992@gmail.com.
    Oh such a poor and jealous guys.

    ReplyDelete
  14. comment တွေဖတ်ရတာဖွလိုက်တဲ့ဆောင်းပါးထက်ကောင်းတယ် http://www.demowaiyan.co.cc/2011/06/blog-post_3393.html?showComment=1309003785057#c5732988908962571402 ပြီးတော့ ဒီဆိုဒ်မှာလည်းဖတ်ရသေးတယ် http://myanmartruthers.blogspot.com/

    ReplyDelete
  15. ဟိဟိ ငြင်းနေကြတယ် ပျင်းစရာကြီး သရဲ ဆိုတာ ဘယ်ပုံ ရှိလဲ သိကြပါလား ဘယ်သူမှ တိကျ သေချာ တာမပြောနိုင်
    ပါဘူး။ပန်းချီ ဆရာတွေ ဆွဲလိုက်ကြတာ လဲ စုံလို ။မငြင်းကြ
    ပါနဲ့ ။မသေချာဘူး၊ ဆင်ဆာထိလည်း၊ဘာမှမဖြစ်ဘူး၊ရောင်းရသလောက်ရောင်းနေကြတာဘဲ၊ဆင်ဆာလွတ်ရင်လည်း၊ဘာမှမထူးဘူး လမ်းဘေးက ခိုးကူး ခွေ ဖြစ်ရတာဘဲ

    ReplyDelete
  16. သေချာတာကနိုင်ငံခြားကရိုက်တာအပျော်တမ်တို့မြန်မာကတကယ့်အဖြစ်အပျက်တဲ့ဒါဆိုဖျော်ဖြေေ၇းသက်သက်မဟုတ်ပဲငွေရှာဖို့၇ည်ရွယ်ချက်သက်သက်ပါဇာတ်လမ်းရှင်တွေကိုနစ်နာစေလို့ဇာတ်လမ်းဖိုးပေးသင့်တယ်တောင်းပန်သင့်တယ်လို့ထင်တယ်တစေသူ၇ဲမှော်စုန်းကဝေတွေအယုံအကြည်အစွဲလမ်းတွေမြန်မာတွေကိုတကယ့်အအဖြစ်အပျက်ဆိုတာနဲ့သွပ်သွင်းကြဦးမှာပေါ့စိတ်မကောင်းစ၇ာပဲတိုင်းပြည်ပျက်နေ၇တဲ့အထဲဗျာ

    ReplyDelete
  17. အဲဒီဇာတ်ကား ကြည်.နိုင်သော လင်ခ်.များရှိလျှင် ကျေးဇူးပြုရ်ျ ရှယ်လုပ်ပေးပါရန်။ ကျေးဇူးတင်စွာဖြင်.

    ReplyDelete
  18. http://www.freemyanmarvcd.org/PlayMovie/12231/1/oPn7t0mjYVPSssb3JHgGA_aRrRQHZq

    ဒီမှာ ကြည့်ကြည့်ဗျာ... သရဲကား လင့်ခ်ပဲ...

    ReplyDelete