စင်ကာပူ ရောက်ရင် တွေ့ရတာကတော့ i pod, i pad ကွန်ပျူတာ ပိစိ ကိုယ်စီနဲ့ စလုံးတွေပါပဲ။ ရထားပေါ်မှာ ကားပေါ်မှာ အချိန်ကို အအား မထားကြပါ။ ဖုန်းနဲ့ အိုင်ပေါ့နဲ့ သီချင်းနားထောင်မယ် တယောက်ယောက်ဆီ စာရေးမယ် ဆိုတာ စလုံးတွေရဲ့ ပုံရိပ် ဖြစ်နေပါပြီ။ တချို့ဆိုရင် တလုံးတည်းမက ၂ လုံး။
စလုံးမှာလည်း မြန်မာပြည်သား အင်အားက ထုထည်ကြီးကြီး ရှိတာကြောင့် ဒီဓလေ့ ဒီရောဂါ အထိုက်အလျောက် စွဲနေကြပါပြီ။
ဒီခေတ်ပေါ် ပစ္စည်းတွေအားကိုးနဲ့ ကိုယ်ဘာလုပ်နေ ဘယ်ရောက်နေလဲ ဘာစားနေလဲ ဆိုတာတွေကို facebook မှာ တင်ကြ ဖလှယ်ကြပါပြီ။ မြန်နှုန်းမြင့်အင်တာနက်ကြောင့် အဆင်ပြေပါတယ်။
အခု ရန်ကုန်၊ နေပြည်တော်တို့မှာ လက်ကိုင်ဖုန်းနဲ့ အင်တာနက် သုံးနိုင်ပြီလို့ သိရပါတယ်။ အင်တာနက် မြန်နှုန်း သိပ်မနိမ့်ဖို့၊ လူကြိုက်များအသုံးတည့်တဲ့ ၀က်ဆိုက်တွေကို ပိတ်မထားဖို့ပဲ လိုပါတော့တယ်။
မဖြစ်နိုင်ပါ။ မဖြစ်နိုင်ပါ။
ReplyDeleteမြန်မာပြည်မှာက နွားနို့ကိုရေထိုးရောင်းသလို
အင်တာနက်ကို ရေထိုးရောင်းလိုက်၊ အလေးခိုးလိုက်
ခဲတွေသလဲတွေနဲ့ရောရောင်းလိုက်နဲ့ ရှိထားတဲ့အင်တာနက် ၁ ပိသာလောက်ကို အမျိုးမျိုးရောပြီးရောင်းနေတဲ့အင်တာနက်အတုတွေပါ။
ရေရောထားတဲ့အင်တာနက်ကိုနာမည်တမျိုးပေးလိုက်။
အလေးခိုးထားတဲ့အင်တာနက်ကိုနာမည်တမျိုးပေးလိုက်
ခဲတွေသလဲတွေရောထားတဲ့အင်တာနက်ကိုနာမည်တမျိုးပေးလိုက်နဲ့ အင်ထုပြီးလုပ်စားနေကြလို့ပါ။
တုနိုင်းစရာရှားလို့ စင်ကာပူနဲ့မှယှဉ်ရတယ်လို့
မဖြစ်နိုင်ပါ။မဖြစ်နိုင်ပါ။
ဆက်သွယ်ရေးပစ္စည်းပေါက်စ လို့ ဘာသာပြန်ထားတာကိုတွေ့ရတော့ အားပါးတရပြုံးမိတယ်.. ဟုတ်ပေသားဘဲလို့တွေးရင်းလေ..။
ReplyDeleteဖုန်းလိုင်းတောင် ကောင်းကောင်း ခေါ် ပြု မရချင်ဘူး။ ပိုက်ဆံတော့ စလုံးထပ်တောင် ပိုယူထားပြီး ပြန်ပေးတဲ့ ဝန်ဆောင်မူကကျ ဘာလို့  နံသာဆီ နှင့် အီလို ကွာနေရတာလည်း။
ReplyDeleteစင်္ကာပူတိုးတက်တာကိုရေးရင်အားလုံးက၊ စင်္ကာပူရဲ့သေးကွေးတဲ့နိုင်ငံအကျယ်အ၀န်း၊လူဦးရေတို့ ကြောင့်၊ အုပ်ချူပ်တဲ့အစိုးရကကောင်းကောင်းကိုင်တွယ်ထိန်းချုပ်နိုင်လို့ တိုးတက်တာလို့ ပြောလေ့ရှိကျတယ်. တွေးကြည့်ရင်တော့၊ ဟုတ်တယ်လို့ ပြောနိုင်လောက်တယ်.. အဲ..မြန်မာပြည်ကိုအဓိကယှဉ်ပြသင့်တဲ့နိုင်ငံတွေကဝေး ဝေး ရှာနေစရာမလိုပါ..
ReplyDeleteဖင်ချင်းကပ်နေတဲ့.လူဦးရေလဲမတိမ်းမယိမ်း. အကျယ်အ၀န်းလဲမတိမ်းမယိမ်း...ထိုင်းနိုင်ငံဘဲ.. iPad ipone ဆိုတဲ့ပစ္စည်းတွေဟာထိုင်းမှာတောင် သူဠေးမှကိုင်နိုင်တဲ့ ပစ္စည်းတွေမဟုတ်တော့ပါ.. MRT မြေအောက်မီးရထား၊ BTS ကောင်းကင်မီးရထား တို့ စီးရင်းကြည့်နိုင်ပါတယ်..ထိုင်းချာတိတ်တွေ ကောင်းကောင်းသုံးနေကြတာ Central World တို့ Siam Paragon တို့ ဖက်ရောက်ရင်လဲကြည့်ပါအုံး
ယုတ်စွအဆုံး LaoStar TV လိုင်းကိုဘဲကြည့်.. အပြင်အဆင်..setting ဒီဖိုင်း..ကင်မရာမင်းတွေရဲ့ရိုက်ချက်အဟူအဆ..တင်ဆက်သူတွေရဲ့ခောတ်မှီဝတ်စားဆင်ရင်ပြောဆိုပုံတွေ ဟာမြန်မာပြည်က MRTV4 ထက်အများကြီးရှေ ရောက်နေတယ်ဗျ.. ကျွန်တော်ကတော့၊ အဲဒီကိုယ်အောက်ကကျော်တက်နေတဲ့တိုင်းပြည်တွေကိုဘဲမြင်ကြည့်မိတယ်.. ဒါတောင်လောနိုင်ငံကကွန်မြူနစ်ဗျ.. Passport စာအုပ်အဆင့်အတန်းမှာကိုလော စာအုပ်ကသာတယ်ဗျ.. ဖြစ်ပုံများ....