Pages

Thursday, June 2, 2011

လပြည့်ဝန်းသို့ တမ်းခြင်း ၃


မဇ္ဈိမလှိုင်း စင်မြင့်ဖျော်ဖြေပွဲ သီချင်း ၄ ပုဒ် တင်ပေးလိုက်ပါတယ်။

ချမ်းချမ်း ၂ ပုဒ်၊
မာရဇ္ဇ ၂ ပုဒ်၊

ထုံးစံအတိုင်း တေးရေးကိုနေ၀င်းရဲ့ နာမည်ကျော် လက်ရာတွေပါ။



နေမွန်းမတည့်ခင်
ချမ်းချမ်း

ဒီသီချင်းကို တခြား အမျိုးသမီး အမျိုးသား အဆိုတော်တွေ ဆိုခဲ့ကြပြီးပါပြီ။
ဒီပွဲမှာတော့ ချမ်းချမ်းက ဆိုဟန်ကို လုံးဝ ပြောင်းထားပါတယ်။ သူတို့နဲ့ လုံးဝ မတူပါဘူး။ အင်မတန် နားထောင်လို့ ကောင်းတယ်၊ အရသာ အသစ်ပဲ ဆိုတာ တွေ့ရမှာပါ



အစောဆုံးပြန်ခဲ့
ချမ်းချမ်း

ဒီမှာလည်း ဆိုဟန် ပြောင်းထားပါတယ်။




ကြွေမယ့်မိုးမသဲနဲ့
မာရဇ္ဇ

ဒီသီချင်းမျိုးက မဇ္ဈိမလှိုင်းရဲ့ဟန်တော့ မဟုတ်ပါဘူး။ ဒါကို မာရဇ္ဇက ပြန်ဆိုထားတော့ ကိုနေ၀င်းရဲ့ လက်ရာမှ ဟုတ်ရဲ့လားလို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် စကားလုံးတွေ နားထောင်မိရင်တော့ ကိုနေ၀င်းရဲ့ စာသားတွေ ဖြစ်တယ်ဆိုတာ သံသယ ရှိစရာ မလိုတော့ပါ။



လွမ်းရေးခက်ခက်
မာရဇ္ဇ

ကိုနေ၀င်းရဲ့ အကောင်းဆုံးလက်ရာ၊ သူ့ပရိသတ်တွေ အနှစ်သက်ဆုံး လက်ရာတွေထဲက တပုဒ်ပါ။ နားဆင်ကြည့်ကြပါအုံး။

ဆက်စပ် ကြည့်ရှုရန်

လပြည့်ဝန်းသို့ တမ်းခြင်း

လပြည့်ဝန်းသို့ တမ်းခြင်း ၂

7 comments:

  1. ကိုကိုJune 3, 2011 at 1:22 AM

    ကိုနေ၀င်း ကိုယ်တိုင်ရေးဆိုထားတဲ့ ဒီသီချင်းလေးကိုပါ တင်ပေးရင်ပိုပြီး ဧရာဝတီအနေနဲ့ အသက်ဝင်လိမ့်မယ် ထင်လို့ ပို့ပေးလိုက်ပါတယ်။ http://www.youtube.com/watch?v=qlpRiAwn2t0&NR=1 အခုလောလောဆယ် မြန်မာပြည်မှာ နာမည်အကြီးဆုံးဖြစ်နေတဲ့ ဂီတသူရဲကောင်း ( -ျ-်း--်းေ-ာင်) လိဒ်ဂစ်တာသမားထက် ရာဇ၀င်တွင်ရစ်ပြီးတဲ့ ဂီတ သူရဲကောင်းကြီးပါ။

    ReplyDelete
  2. ကိုကို ခင်ဗျာ ..
    မြန်မာပြည်မှာ နာမည်အကြီးဆုံးဖြစ်နေတဲ့ ဂီတသူရဲကောင်း ( -ျ-်း--်းေ-ာင်) လိဒ်ဂစ်တာသမား က ဘယ်သူပါလဲ။ ကျေးဇူးပြုပြီး သဲသဲကွဲကွဲ ရေးပေးပါ။
    စဓဗဝ

    ReplyDelete
  3. အခုမှ ကိုကို ညွှန်းလိုက်တဲ့ ကိုနေ၀င်း ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုတဲ့ ငြိမ်းချမ်းရေးတိုက်ပွဲကို ပထမဆုံး နားထောင်ဖြစ်ပါတယ်။ ဆက်တိုက်နှစ်ခါတိတိ နားထောင် မိပါတယ်။ မျက်ရည်ကျမိပါတယ်။ ဒီလို ကောင်းလွန်းတဲ့ သီချင်းလေးကို ညွှန်းပေးတဲ့ ကိုကို ကို ကျေးဇူးအထူးတင် ပါတယ်။ ဧရာဝတီလည်း ဒီလို ကောင်းလွန်းလှတဲ့ သီချင်း လေးတွေကို တင်ဆက် ပေးနိုင်ရင် သိပ်ကောင်းမှာပါ။

    ReplyDelete
  4. ခံစားရပါတယ်... ကျက်သီးတောင်ထတယ်ဗျာ ကောင်းတယ် တကယ့်ကိုငြိမ်းချမ်းရေးသီချင်းဘဲ..... အပေါ်ကအဆိုတော်တွေဆိုတာတော့ .. ဟဲဟဲ....ပြောချင်ဘူး... american idol ဘဲကြည့်တော့မယ်...

    ReplyDelete
  5. ကို ခလေးJune 25, 2011 at 9:18 AM

    တေးရေး ကိုရဲလွင် ကြီးလည်း ကောင်းကောင်း တီးနေတုန်းပဲ....လေးစားပါတယ်.. မုတ်စိတ် ရှည် နဲ့ ဘေ့စ်ဂီတာ ကို ဟန်မပြတ် တီးနေနိုင် တာကြည့်ပြီး အနုပညာ ရိပ်တွေသူ့မျက်နှာမှာ မြင်နိုင်ပါတယ်။ ကင်မရာ သမားက.. သူ့ကို ရှောင်နေပေမယ့်...
    ဇော်မျိုးထွတ်၊ တေးရေးကိုနေ၀င်း..တို့ဟာလည်း မြန်မာပြည် ခေတ်ပေါ် ဂီတလောက ရဲ့ ရှေ့ပြေး အနုပညာ သမားတွေပါပဲ။ ကိုနေ၀င်းရဲ့ သီချင်းထဲက.. "Battle for Peace" ဆိုတာ..ဒသနဆန် လှတဲ့ သီချင်းပါ..

    ReplyDelete
  6. မိုးကြီးJune 27, 2011 at 1:22 AM

ိချမ်းချမ်းရဲ့ ဆိုဟန်ကို သိပ်သဘောကျဖို့ ကောင်းတယ်။
    မပြန်နဲ့အုံး ဆိုတဲ့နေရာမှ ဟာမိုနီလိုနေသလိုပဲ။ ဒါပေမယ့် ချစ်ဆုံး...ဆိုပြီး...အသံမြှင့်ဆိုလိုက်တာ..တော်တော်လေးလှ သွားသလိုပဲ။ နားထောင်လို့ကောင်း တယ်။ ချမ်းချမ်း ဟာလဲတကယ့်ပါရမီရှင် အဆိုတော်တစ်ယောက်ပဲ။ ရုပ်ရည် ခေတ်မှီတာက..ထပ်ဖြည့် ပေးထားတယ်..

    ReplyDelete