Pages

Tuesday, June 21, 2011

မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး - လမ်းပြစာတမ်း

ဒေါက်တာ ဦးမြင့်ရဲ့ ဒီစာတမ်းကို ဒီလအစောပိုင်းမှာ Horst Rudolf က ဝေဖန်လို့ ဒေါက်တာ ဦးမြင့်က ပြန်လည် ချေပခဲ့ရပါသေးတယ်။ အခုက စာတမ်း အပြည့်အစုံပါ။ အရင်က စာတမ်းအကျဉ်းလည်း တင်ထားဖူးပါတယ်။

Dr U Myint-Poverty Reduction Paper in Burmese

4 comments:

  1. ဒေါ်လာတစ်ရာပေးမယ်၊ ဦးမြင့်ရဲ့စာတမ်းကို ပြီးအောင်ဖတ်...လို.ဆိုရင် တော်တော် စဉ်းစားရအုံးမယ် ထင်တယ်..။ အဲလောက်အများကြီး သာမန် ပြည်သူလူထုတွေ ဖတ်နိုင်မယ် မထင်ဘူး..။ ဖတ်လို.မပြီးခင် ပိုက်ဆံ ပြန်အမ်းမိလိမ့်မယ်...။ တိုတိုနဲ.လိုရင်း အရပ်သား နားလည်နိုင်တဲ့ အနှစ်ချုပ်လိုမျိုး ထပ်ထုတ်ပြန်ဖို. မျှော်လင့်မိပါတယ်...

    ReplyDelete
  2. စစ်အစိုးရရဲ့ ခေါက်ရိုးကျိုး စစ်သားအကျင့်ရယ်....
    အာယာတကိုအခြေခံတဲ့ NLD ရဲ့  စီးပွားရေးပိတ်ဆို့ မှုရယ်...
    ထင်ရာမြင်ရာ သတင်းဖြစ်ပြီးရော တာဝန်သိစိတ်မရှိတဲ့
    ပြည်တွင်းပြည်ပမီဒီယာတွေ..ဘလော့ဂ်တွေရယ်...
    မြန်မာ့အရေးကျွမ်းကျင်သူလို့ ခေါ်တဲ့ ကိုယ်တိုင်ခန့် 
    မြန်မာနဲ့ မြန်မာမဟုတ်တဲ့..ဂုရုကြီးတွေရယ်
    လူမှုဝန်ထမ်းစိတ်ဆိုတာထက် မြိုးမြိုးမြက်မြက် ဒေါ်လာရ အင်္ဂလိပ်စာတတ် မြို့ ကြီးပြကြီးနေ ရေပေါ်ဆီ NGO လူတန်းစားတွေရယ်....
    စီးပွားရေးစီမံခန့် ခွဲမှု၊ စီးပွားရေးစွမ်းဆောင်ရည် ဆိုတာကို နကန်းတလုံးမသိပါဘဲ.. လူပြိန်းကြိုက် ဆွဲဆောင်မှု (populism)တွေနဲ့ မဲဆွယ်ကြဦးမယ့် ပါတီမျိုးစုံနဲ့ 
    အနိုင်ရအစိုးရကြံ့ဖွံ့ ပါတီရယ်...တွေနဲ့ 
    ဆရာကြီးဦးမြင့်ရေ....
    ဆရာကြီးတစ်ယောက်
    ဆူးကြားကဗူးသီးဘ၀ ကနေ
    ကျုပ်တို့ တောသားတွေ
    အသက်ရှူချောင်မယ့် အပေါက်လေးတွေ
    ဖေါက်ပေးနိုင်လျှင်တော့ .....
    ပြည်သူတရပ်လုံးကနေ ဆရာကြီးကို နိုဘယ်ဆုပေါင်း ၅၅ သန်း ကိုချီးမြှင့်ဖို့ ပါပဲ။ ဆုမွန်ကောင်းလည်းတောင်းမိပါရဲ့ ။

    ReplyDelete
  3. ပြည်ချစ်သားကောင်းJune 21, 2011 at 11:21 PM

    သာမာန်ပြည်သူတွေဖတ်ဖို့ ထုတ်တဲ့ စာတန်းမဟုတ်ပါ။ ပညာရှင်စာတမ်း လို့ ပါပြီးသားဖြစ်တဲ့ အတွက် စာတမ်းဖတ်ပြီး ဆက်လုပ်ရမယ့်ဟာတွေကို ပညာရှင်နဲ့ အာဏာပိုင်တွေ ဆက်ပြီး ညှိနှိုင်းလုပ်ဖို့ ပါပဲ။ ပြည်သူတွေအားလုံးဖတ်ဖို့ က မိန့် ခွန်းပါ။ ပညာရှင်စာတမ်းလို့ ဆိုတဲ့ အတွက် ပညာရပ်အသုံးအနှုန်းတွေလည်းပါသလို နားမလည်တာတွေလည်းပါပါတယ်။ စာတမ်းရေးတဲ့ ရည်ရွယ်ချက်ကိုက ပြည်သူတွေကို ပေးဖတ်ဖို့ မဟုတ်သလို ပြည်သူတွေနားလည်ဖို့ မဟုတ်ပါဘူး။ လူနာတစ်ယောက်ကို ခွဲစိတ်ဆရာဝန်တွေခွဲစိတ်နေကြချိန်မှာ သူတို့ အချင်းချင်းတိုင်ပင်နေကြတဲ့ ပုံစံမျိုးနဲ့ ခပ်ဆင်ဆင်တူပါတယ်။ ( စာတမ်းအတိုင်းလုပ်ဆောင်မလုပ်ဆောင်တော့မသိပါ။ စာတမ်းရဲ့ သဘောတရားကိုသာဝင်ပြီးအာချောင်မိခြင်းဖြစ်ပါတယ် )

    ReplyDelete
  4. သာမန်ပြည်သူတယောက်အနေနဲ့ ကြိုဆိုပါတယ်။
    တိုင်းပြည်အတွက် ဒီနေ့ က စ.ပြီးခြေတလှမ်း စ လှမ်းဖို့ အားလုံးကို တိုက်တွန်းပါတယ်ဗျာ။

    ReplyDelete