Pages
Thursday, June 23, 2011
မရိုးနိုင်တဲ့ ငွေရှာနည်း
ကရင်ပြည်နယ်ထဲမှာ မီးသတ်က ရွာတွေအရောက် လိုက်ဖြန့် လိုက်ကပ်တဲ့ ပိုစတာပါ။
အန္တရာယ်ကို ကာကွယ်ဖို့ လှုံ့ဆော်တာ သာဓု ခေါ်စရာပေါ့။
ဒီပိုစတာ အကပ်ခံရဖို့အရေး အိမ်ရှင်က မီးတပ်အဖွဲ့ကို ကျပ် တထောင် ပေးရတယ် ဆိုတာကတော့ မြန်မာပြည်က မရိုးနိုင်တဲ့ ငွေရှာနည်း မဟုတ်လား။
မီးသတ်ကားတစီးမှာ ရေသယ်နိုင်တဲ့ ပမာဏ အကန့်အသတ် ရှိတာကြောင့် ၃ မိနစ်ပဲ ပက်နိုင်တယ်လို့ ပိုစတာက ဆိုတယ်။
ကံဆိုးချင်တော့ ဒီပိုစတာ လိုက်ကပ်တဲ့ ရွာတချို့က ကားလမ်း မပေါက်ပါဘူး။ ဆိုင်ကယ်၊ ထော်လာဂျီ တို့တော့ ရောက်ပါတယ်။ မီးသတ်ကား ဘယ်လိုဝင်မှာပါလိမ့်။
2 comments:
  1. ဆောင်းပါးရှင် ခေတ်နောက်ကျနေပါပကော.. မီးသတ်ကားတစီးမီးသတ်ချိန်က ၃ မိနစ်ရှိပေမဲ့ .. ပိုက်ခေါင်းက ၂ ခုပါတယ်လေ..။ တဖက်က ပိုက်ဆံထည့်ရင် ဟိုတဖက်က ရေထွက်တယ်တဲ့..။
    သူတို့ကပ်တဲ့ ပိုစတာခ ပေးရတယ် ဆိုတာတော့ အေးဓါးပြ တိုက်တယ်လို့ဘဲ သတ်မှတ်လိုက်ပေါ့ဗျာ.. ။ :D
    ReplyDelete
  2. မီးရထားဘီး လေထိုးတဲ့အလုပ်တို့ ၊ တောင်ကြီးသဘောင်္ဆိပ် ဖွင့်ပွဲတို့  ဆိုတာမျိုးလို၊ ဖြစ်နေမလားပဲ။ မီးသတ်ကား ၀င်မရ၊ ကား
    လိုက်ကပ်တယ်ဆိုတာ၊ ဟုတ်ပါ့မလား။ အဲဒီလို လိုက်လုပ်တဲ့သူတွေက ရယ်စရာလား၊ ဆောင်းပါးပါ အချက်က ချက်မကျတော့ ရယ်စရာလားဆိုတာ၊ စဉ်းစားတာနဲ့ ပဲ၊ ရယ်ရပါတယ်ဗျာ။ ဗြဲဟဲဟဲ။
    ReplyDelete