Pages

Friday, June 3, 2011

သမ္မတ အကြံပေး စိတ်ဝင်စားနေတဲ့ Burma နဲ့ Myanmar

The Voice Weekly, အတွဲ ၇၊ နံပတ် ၂၅၊ ဇွန် ၆-၁၂ မှာတွေ့လို့ ဖော်ပြလိုက်တာပါ။ သမ္မတ အကြံပေး ဦးကိုကိုလှိုင်က အနောက်နိုင်ငံတွေအနေနဲ့ Burma အစား Myanmar လို့ သုံးရေးကို မကြာခဏ ပြောတာ တွေ့နေရပါတယ်။ သမ္မတအကြံပေးအနေနဲ့ တခြားဟာတွေထက် ဒီကိစ္စက အတော်အရေးကြီးနေပုံပါပဲ။

ပြည်ပ မီဒီယာနဲ့ နိုင်ငံတကာ မီဒီယာတွေကလည်း Burma နဲ့ Myanmar အနက် တခုခုသတ်မှတ်ပြီး သုံးစွဲနေကြဆဲ ဖြစ်ပါတယ်။


7 comments:

  1. ဗမာပြည်ကဗမာပြည်ဘဲ ဘယ်တော့မှ မြန်မာပြည်လို့ခေါ်ဝေါ်သမုတ်မှာမဟုတ်ဘူး ၊ဗုဒ္ဓကို မုဒ္ဓလို့ပြောင်းချင်နေကြတဲ့သူတွေ

    ReplyDelete
  2. ကိုဖတ်June 4, 2011 at 10:20 AM

    (အပေါ်ကကွန်းမင့်ဆရာ ခင်ဗျား မြန်မာပြည်ထဲမှာမနေဖူးဘူးလား.. အခု တစ်နိုင်ငံလုံး မြန်မာပြည်လို့ပဲ သုံးနေတာတောင် မသိဘူးလား..)
    Burma or Myanmar အရေးကြီးတာ မကြီးတာထက် သံတမန်တစ်ယောက်အနေနဲ့ Diplomacy မကျဘူးလို့ ပြောလိုတာဖြစ်ပါလိမ့်မယ်။

    ReplyDelete
  3. ခုအတိုင်းကတော့ ဦးပုညမေတ္တာစာထဲကလို “ရာဂုနဲ့ထမနဲ၊ အမည်သာကွဲရော့၊ အပြဲကတော့အတူတူ..” ဆိုသလိုနေမှာပါဘဲ။ လက်ရှိအခင်းအကျင်းတွေရဲ့ ပျော့စိပြဲနံ လှတဲ့ အနှစ်သာရကို အနည်းဆုံး ပျော့ပြောင်းသင်းပြန့် ရုံကလေးလောက် ဖြစ်ဖြစ် အရင်ပြောင်းပြီးမှ အခေါ်အဝေါ်ကိစ္စ အာရုံစိုက် သင့်ပါတယ်။
    ယဉ်ကျေးတဲ့သူတိုင်း သူတပါးစိတ်အနှောက်အယှက် ဖြစ်စေမဲ့ ခေါ်ဝေါ်သုံးစွဲမှုမျိုး ရှောင်ကြဉ်မှာဖြစ်သလို ယဉ်ကျေးတဲ့သူတိုင်းဟာလဲ (ရိုင်းပြမှုမဟုတ်တဲ့) အခေါ်အဝေါ်လေးတခု အပေါ်မှာမကြေနိုင်မချမ်းနိုင် မိတ်ပျက်ဆွေပျက် ဖြစ်တဲ့အထိ နာလုံးပေါက် ပြောဆိုပြုမူတာမျိုး ရှောင်ကျဉ်သင့်ပါတယ်။ နောက်တခုသိသင့်တာက Myanmar ၊Burma ဆိုတာ အစိုးရတစ်ဖွဲ့ သမ္မတတစ်ဦး အကြံပေး တစ်ယောက်ရဲ့ပုဂ္ဂလိကအမည်မဟုတ်ဘဲ တိုင်းပြည် နိုင်ငံတစ်ခုရဲ့အမည်ဖြစ်တာမို့ ကိုယ်ခေါ်စေချင်သလို မခေါ်တာနဲ့ စိတ်ကောက်ပြတဲ့ ကလေးကလား အမူအကျင့်မျိုး တိုင်းပြည်မျက်နှာထောက်ထားသော အားဖြင့် မလုပ်သင့်ပါ။
    ဂျွန်မက်ကိန်းက Burma ဟု သုံးမသွားခြင်းအပေါ် ကလေးမုန့်ပေးခံရသလို အားရကျေနပ်နေခြင်း အတွက်တစ်ခုမေးလိုပါသည်။ ဂျွန်မက်ကိန်းက Myanmar လို့ရော သုံးသွားတာကြားမိပါသလား။ ဂျွန်မက်ကိန်းသည် အတွေ့အကြုံရင့်ကျက်၊ သြဇာကြီးမားပြီး သိက္ခာလည်းရှိသောနိုင်ငံရေးသမား တစ်ဦးဖြစ်ကြောင်း အများကလက်ခံယုံကြည်ကြပါ သည်။ သူ၏တရားဝင်သတင်းထုတ်ပြန်ချက်ကို သေချာစွာ ဖတ်ရှုပါက ပြည်တွင်းပြည်ပ မြန်မာနိုင်ငံရေး သမားအများစု၊ အထူးသဖြင့်ခေတ် အဆက်ဆက်စိုးမိုးအုပ်ချုပ်ခဲ့ကြသော မြန်မာအစိုးရ မင်းများထက်ပင်မြန်မာလူမျိုးအကြောင်းပိုသိသူ တစ်ဦးဖြစ်ကြောင်းအငြင်းပွားလိမ့်မည်မထင်ပါ။ အကြံပေးပုဂ္ဂိုလ်တို့လို နိုင်ငံ့ဥသျှောင်သမ္မတ အပေါ်ဆရာလုပ်ခွင့်ရထားသူများအတွက် တိုင်းပြည် အကျိုးငှါ(အတ္တအနည်းငယ်ခွာ၍)ယူတတ်လျှင် မက်ကိန်းထံမှ အများကြီးရနိုင်ပါသည်။ တိုင်းပြည်နှင့်ပြည်သူတို့၏အကျိုးငှါ ယူတတ်ပါစေ၊ ယူနိုင်ကြပါစေဟု မျှော်လင့်ဆုတောင်းပါသည်။

    (ကဖိုးတေ)

    ReplyDelete
  4. ကိုဖတ်ရေ
    ဒေါ်အောင်ဆန်းစုကြည် နာမည်ကို အပြည့်မခေါ်ဘဲ ဒေါ်စုကြည်လို့ ဘယ်သူတွေခေါ်ခဲ့ကြပါလိမ့်၊ ယျောက်ကျားကြီးတွေတန်မဲ့၊ မိန်းမ၁ယောက်ကို၊ မိန်းမလိုမိန်းမရရန်တွေတွေ့ ၊ သတင်းစာထဲကဆဲ၊ ဘယ်သူတွေလုပ်ခဲ့ကြပါလိမ့်၊
    ..................အခု တစ်နိုင်ငံလုံး မြန်မာပြည်လို့ပဲ သုံးနေတာတောင် မသိဘူးလား.....ဆိုလို့ အဲဒါမြန်မာလိုသုံးကြတာပါ...အင်္ဂလိပ်လိုတော့..ပါးစပ်ကအကျင့်ပါနေတော့...Burma လို့ ဘဲသုံးကြတာကြားမိပါတယ်...အဲသတင်းစာတွေထဲမတော့ Myanmar ပေါ့...
    ကျွန်တော်သိတွေ့ ရ သ လောက် အစိုးရ ဘက်လိုက်လိုက်ပြီးအသားလွတ်ဝင်နာ ပြောနေတဲ့သူတွေ၊ သမ္မတ အကြံပေးတို့ ဆိုသူတွေရဲ့ အပြောအဆို၊ အတွေးအခေါ်တွေကို ကြည့်ပြီးတော့ ဒီလူတွေတော်တော်သဘောထားသေးသိမ်ပါလားလို့ မှတ်ချက်ပြုမိပါတယ်။၊ အရေးမကြီးတာအရေးကြီးလုပ်ပြောနေကြတော့၊ တော်တော်လေးစိတ်ပျက်မိပါတယ်.. ပြီးတော့ဒီလူတွေကိုရှင်းပြနေရင်လဲ၊ နွားကိုပလာတာကျွေးသလိုဖြစ်နေပါလိမ့်မယ်။

    ReplyDelete
  5. သိပ်ကောင်းတဲ့ မှတ်ချက်တွေပါ
    မှတ်သားစရာတွေ နဲ့မို့
    ကျေးဇူးအများကြီး တင်ပါတယ်ရှင်

    ReplyDelete
  6. ငါတို့ကတော့ဗမာပြည်မှာမွေးတဲ့ဗမာလူမျိုးဘဲ၊ မြန်မာဆိုတဲ့အခေါ်အဝေါ်ကို တော်လှန်ရေးကောင်စီ နေဝင်းလက်ထက်မှာ မွေးစားပြီးပြည်သူတွေခေါင်းထဲကိုရိုက်ထည့်လာတာ
    မြန်မာလို့မိမိကိုယ်ကိုသုံးစွဲနေသမျှကာလပတ်လုံး
    စစ်အစိုးရ ကို သွယ်ဝိုက်ပြီးထောက်ခံသလိုဖြစ်နေမှာပဲ
    အမည်နာမ ခေါ်ဝေါ်မှုဟာ အလွန်ကိုအရေးကြီးပါတယ်
    မြန်မာလို့ စတင်သုံးစွဲကတည်းက ယနေ့ထက်ထိ တို့ဗမာတွေ
    ဆင်းရဲတွင်းနက်လိုက်တာ၊ မသေခင် ပြောရဲပါတယ်
    ဘယ်အစိုးရမဆို ဗမာလို့သာတရားဝင်ပြောင်းလဲသုံးစွဲ
    ကြည့် တောင်ကိုရီးယားခေါင်းကို အသာလေးနင်းနိုင်မှာပါ

    ReplyDelete
  7. အဲဒီ့မဟုတ်က ဟုတ်ကနဲ့ပဲ အချိန်ကုန်နေတယ်။

    ReplyDelete