Pages

Thursday, June 23, 2011

ဦးတင့်ဆွေကို Facebook က ဆင်ဆာ မဖြတ်



စာပေစိစစ်ရေးဌာန ဓားသမား ဦးတင့်ဆွေက အဖြတ်အတောက် နာမည်ကြီးပါတယ်။
နိုင်ငံတော်ကို အကျိုးမဲ့စေတဲ့ ရေးသားတင်ဆက်မှုဆိုရင် ရွှပ်ရွှပ်ရွှပ် ဆိုပြီး ဖြတ်လိုက်တာပဲ လို့ သတင်းတွေက ဆိုတယ်။

သို့ကလို နာမည်ကြီးတဲ့ သူ့ကို Facebook မှာ အခု တွေ့ရမှာပါ။

စာပေ ကင်ပေတိုင် အကြီးအကဲမို့ ဆိုပြီး Facebook က သူ့စာမျက်နှာကို မှန်ဘီလူးနဲ့ကြည့်၊ သူ့စာတွေ အထက်အောက်ပြောင်းပြန်ဖတ်၊ ရွှပ်ရွှပ်ရွှပ် ဖြတ်တာမျိုးတွေ မလုပ်ပါ။
ဦးတင့်ဆွေကြီး Facebook မှာ လွတ်လပ်စွာ ဖော်ပြခွင့် ရနေပါပြီ။
http://www.facebook.com/profile.php?id=100000831631685

လောလောဆယ် ရေးထားသမျှကတော့
၁၉၈၀/၈၁ ပညာသင်နှစ်တွင် အထက်တန်းကို TTC မှ ပြီးသည်။
ထို့နောက် DSA ကျောင်းဆင်း (1982-86)
အိမ်ထောင်ရှိသည်
ပြန်ကြားရေးဌာနတွင် ၂၀၀၅ မှ ယနေ့တိုင် လုပ်ကိုင်နေ။

အဲဒါပါပဲ။
ဂီတကို မြတ်နိုးပုံ ရပါတယ်။ စိုင်းထီးဆိုင် ဆိုထားတဲ့ နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတယ် ဆိုတဲ့ သီချင်းလည်း တွေ့ရမှာပါ။

သူ့ဓာတ်ပုံတပုံအောက်မှာတော့ ပြုံးချင်စရာ မှတ်ချက်ကို အခုလို တွေ့ရပါတယ်။


;)

12 comments:

  1. ဦးတင့်ဆွေ ကို သေချာလေ့လာပါ။ လူကောင်းတစ်ယောက်ပါ။ အထက်က ကျပ်သမျှ ကြားညပ်နေရသူလို့မြင်ပါ၏။ အရင် ဦးတင်စိုး (စာရေးဆရာ ဂုဏ်လင်းကျော်) အကြောင်းသိသူများ ဝေဖန်ပါလေ။ တပ်ရင်းမှာ ရှိစဉ်ကပင် ရဲဘော်တစ်ယောက် ခွင့်လိုချင်သော်မှ အိမ်သွားလျင် သရက်သီးနှစ်လုံးလောက် ပါမှ ရလေ၏။ ဦးတင့်ဆွေထက် ပိုဆိုးသည့် ပုဂ္ဂိုလ်ကျော်များရှိပေသေး၏။ ရုပ်ရှင်သရုပ်ဆောင် ဦးညီဂျော်ဇနီးသည် အကြောင်း နားဆင်ပါ မိတ်ဆွေ။ တပ်မှ ဗိုလ်မှူးကြီး အဆင့် စာရေးဆရာကြီးကိုပင် ရစ်နည်းအဖုံဖုံ ကြုံခဲ့ရဘူးလေ၏။

    ReplyDelete
  2. စာပေ ကင်ပေတိုင် ကိုတင့်ဆွေက သူ့နာမ၀ိသေသန နာမည်နဲ့လိုက်အောင် ဂျပန်ရုပ် ထွက်နေပါလား။ ရုပ်တည်ကြီးနဲ့ ဆိုတော့ ရွံစရာကြီး။ ဒါကြောင့် မြတ်ခိုင်က ပြောတာနေမှာ ။ ပြုံးနေတာကျတော့ ဘယ်ဖက်ကကြည့်ကြည့် ဘယ်သမီးကမှ ကြည်မှာ မဟုတ်..။ ဟိုကဗျာလေး သတိရစရာ.. အန်ချင်စရာငါ့ပုံဆိုးတာက.. အစချီတယ်လေ..။ ဟိဟိ..။

    ReplyDelete
  3. ဒီပုတ်ထဲကပဲဒီပဲပါပဲကွာ ဘယ်မအေပေးမှမကောင်းကြပါဘူး

    ReplyDelete
  4. သြော်..လူ့လောကကြီးမှာ တင့်ဆွေလိုကောင် မဖြစ်ရတာကို ကျေးဇူးတင်နေမိတယ်..:P

    ReplyDelete
  5. If your web page is stopped by Facebook, how will you feel, U Tin Swe??

    ReplyDelete
  6. ခ၇မ်းသီးကိုမီးနဲ့ဖုတ်ပြီးတူနဲ့ထုထားသလိုရုပ်ကြီးပါလား။

    ReplyDelete
  7. သူ့လိုဖြစ်ချင်တိုင်းမှ ဖြစ်လို့မရတာ :)

    ကို bagyi က ၀ါးလုံးသိမ်းရမ်းတော့ ဘယ်သူမှမကောင်းဘူးဆိုတော့ ကိုဘကြီးရဲ့မိဘတွေပါပါနေတယ်ဗျ။ကြည့်လည်း ရမ်းပါဗျာ။မရမ်းတတ်ပဲ လျှောက်ရမ်းလို့ ကိုယ့်ဟာကို ပြန်ထိနေလို့ သောက်ကျိုးနဲရချည်ရဲ့။ ;)



    ဒေါက်တာ ဂေါက်ကြီး

    ReplyDelete
  8. အထပ်က ကျပ်လို့  အထက်က ခိုင်းလို့  ဆိုရုံနဲ့  ကျွန်တော်တို့ က ဝန်ထမ်းပါ ပြောရုံ နဲ့ လူယုတ်မာ နအဖ လက်ပါးစေ လက်ကိုင်တုတ် ကင်ပေတိုင် အဖြစ် ကင်ပွန်းတက်ထားတာ မလွတ်ပါဘူး ကိုယ့်လူတို့ ရေ။ တင့် ဆွေ လည်း မလွတ်ဘူး။ သန်းရွှေလည်း တရာခံ ဘဝက မလွတ်ဘူး။ မကောင်းတာ လုပ်ခဲ့ မတရားတဲ့ အမိန့်တွေကို လုပ်ခဲ့ နာခံခဲ့တဲ့ မည်သူမှ သမိုင်းတရာခံ အဖြစ် က ပြေးမလွတ်ပါဘူး။ လူထုကို ဆန့် ကျင်တဲ့ နိုင်ငံရေး ရေပေါ်စီ ၊ လူထုကို ဖိနိပ် အနိုင်ကျင့် စစ်တပ် စစ်ကောင်စီတွေ အားလုံး ရာဇဝင် တွင်ကျန်နေမှာပါ။

    ReplyDelete
  9. မြန်မာပြည်ရဲ့ စာပေကင်ပေတိုင်ကိုကိုင်တွယ်တဲ့သူဆိုတော့ဒီလူခွင့်ပြု့ မှ နိုင်ငံသာတွေကနိုင်ငံတွင်းရောနိုင်ငံပြင်ပက သတင်းတွေကိုပါသိရကြားရမယ်ပေါ့။အခုသူကိုယ်တိုင် Facebook ကိုသုံးနေပြီဆိုတော့ မြန်မာနိုင်ငံရဲ့ ပြင်ပမှာသတင်းလွတ်လပ်ခွင့်တွေ ဘယ်လောက်ရှိနေတယ်ဆိုတာ လူသာတယောက်အနေနဲ့ သူစဉ်စားတတ်လာမှာပါ။ လူပေါင်းသန်6း0 နီးပါနေတဲ့နိုင်ငံကသတင်းစီးဆင်မူ့ ကိုသူဖြတ်တောက် ခြင်သလိုဖြတ်တောက်နေပေမယ့် လူသန်းပေါင်600ကျော်သုံးစွဲနေတဲ့ Facebook ကသူ့ အပေါ်ဖြတ်တောက်မူ့ မရှိတာကို ဒီလူကိုယ်ခြင်းစာတတ်သွားရင်ပိုမကောင်းဘူးလာ...

    ReplyDelete
  10. ဦးတင့်ဆွေကသူ.အလုပ်သူလုပ်တာပါ။သူ.အလုပ်ကစာပေစီစစ်ရေးဆိုတော့သူ.လုပ်ပိုင်ခွင့်အရသူလုပ်တာပေါ့။အခုတောင်စာပေစီစစ်ရေးကနည်းနည်းခွင့်ပြုလိုက်လို.ဂျာနယ် လစ်တွေရေးလိုက်တာပြသနာတွေတက်နေကြပြီမှတ်လား။
    ပြီးတော့မြန်မာပြည်တွင်းတောင်မပြောပါနဲ.။ပြည်ပ၀ပ်ဆိုက်
    တွေတောင်commentsတွေပေးရင်သူတို.အလိုကျမဟုတ်ရင်ဖော်ပြခွင်.မပေးပါဘူး။ဖော်ပြစေချင်ရင်သူတို.မလိုကျ
    ရေးရပါတယ်။ကိုယ်တွေ.ပါ။

    ReplyDelete
  11. He is currently working for Ministry of Information.But he said that He live in Rangoon (not Yangaon) and Burma (Not Myanmar).I like it.

    ReplyDelete
  12. တွတ်တွတ်June 24, 2011 at 4:59 PM

    လူတော်တစ်ယောက်ပါ
    သူ့အရင်ကညွှန်မှူးဗိုလ်မှူးအေးထွန်းနဲ့ယှဉ်ရင် သူက
    အများကြီးကောင်းပါတယ်
    သူတစ်ယောက်ထဲနဲ့ပြီးတဲံကိတ်စတွေမှမဟုတ်ပဲလေ
    ကိုယ်ကရောနိုင်ငံအတွက်
    ဘယ်လောက်အနစ်နာခံခဲ့ဖူးလဲစဉ်းစားကြပါ

    ReplyDelete