Pages

Wednesday, June 29, 2011

NLD ကို ၀က်အူရစ် ထပ်ကျပ်ပြီ

ဒီနေ့ သတင်းစာများမှာ ထည့်ထားတဲ့ ဦးသိန်းစိန်တို့ရဲ့ အော်ချက်
NLD ကို ပြင်းထန်စွာ သတိပေးထားတယ်
လူမှုရေးလုပ်ငန်း လုပ်ပါလားဟင် လို့လည်း နားချထားပါတယ်။

11 comments:

  1. ဒေါ်စု နယ်ထွက်မှာကို အတော်ကြောက်နေကြတဲ့ပုံပေါ်တယ်။
    ဒေါ်စုကို နေအိမ်အကျယ်ချုပ်ကနေ ရန်ကုန်အကျယ်ချုပ်လုပ်ချင်ကြတဲ့သဘော။
    ခက်တာက ဒေါ်စုတို့ အဖွဲ့ ကလည်း ကိုယ့်အတတ်ကိုယ်စူး။
    ရွေးကောက်ပွဲကိုသပိတ်လည်းမှောက်၊ တရားဝင်ပါတီပုံစံမျိုးလည်း လုပ်ချင်၊
    ကိုင်း...ဇတ်လမ်းကတော့ စပြီ

    ReplyDelete
  2. တရားဝင် ဥပဒေဘောင်ထဲကနေ ဘဲ လုပ်ချင်ပြောချင်တဲ့ အင်အယ်ဒီ အတွက် ဒီသတိပေးချက်ဟာ အကွက်ဘဲဖြစ်တယ်။ သူတို့ အင်အယ်ဒီ တရားမ၀င်ဖြစ်နေတာ မသိကြသေးဘူး။ အင်း အင်အယ်ဒီက သူကိုယ်တိုင်းတရားဝင်ဖြစ်ဘို့လိုနေပါပြီ။ ပါတီတရားဝင်တော့မှ ပါတီဝင်တွေ လုပ်တာလည်း တရားဝင်တော့မှာပေါ့။ အင်အယ်ဒီဖျက်သိမ်း ခံရရင် ဒေါ်စု ဘယ်လိုလုပ်ပြီးရပ်တည် မယ်မသိဘူး။ သိန်းစိန်က အကြမ်းမဖက်ဘဲ အင်အယ်ဒီကို စတိုက်ပြီ။ ကဲ ဒေါ်စု ဘာလုပ်မလည်း။ ပြေးပြီးမှတ်ပုံတင်မလား။ တရားမ၀င် အသင်း အဖြစ်ခံမလား။

    ReplyDelete
  3. အစိုးရ က တရားဝင် ပြီလား..
    .....????????.......?????????

    ReplyDelete
  4. ခုမှပြေးပြီး မှတ်ပုံတင်လို့လဲမရ။ ဥပဒေအရကိုက ရွေးကောက်ပွဲမတိုင်ခင် မှတ်ပုံမတင်တဲ့ပာတီတွေ အလိုလိုပျက်ပြီးသား။ ပျက်တာကို မသိချင်ယောင်ဆောင်သလိုလို ဥပဒေမလိုက်နာသလိုလို လုပ်နေတာတော့ သူ့ထိုက်နဲ့သူ့ကံပဲ။ လူမှုရေးလုပ်ငန်းလုပ်ပါလား လို့ပြောထားတာက သူ့ကို ထွက်ပေါက်ပေးထားတာပဲ။ အဲဒါကိုမှ ခေါင်းထပ်မာပြီး NLD ကို နိုင်ငံရေးပါတီကနေ တစ်ပြားသားမှမလျှော့ဘူးဆိုရင်တော့ နောက်လုပ်မယ့် ရွေးကောက်ပွဲထိသာ စောင့်ပေတော့။ ခုတော့ မရတော့ဘူး။

    ReplyDelete
  5. လက်နက်ကိုင်အဖွဲ့ တွေကိုလည်းရှင်း
    တပြိုင်တည်းလက်နက်မကိုင်တဲ့အဖွဲ့ တွေကိုလည်းရှင်း
    ရှင်းရင်းရှင်းရင်းနဲ့ အချင်းချင်းပြန်ရှင်းတဲ့ဇတ်တော့
    ကြည့်ရတော့မယ်နဲ့ တူတယ်

    ReplyDelete
  6. nld ကတော့နိုင်ငံရေးပါတီအဖြစ်ကနေလျှော့မှာမဟုတ်ဘူး
    နိုင်ငံရေးပါတီအဖြစ်ကနေ အစိုးရကလည်းလျှော့လို့ မရဘူး။ စစ်တပ်ကအခုလို ကြေငြာလိုက်တာကြိုက်တယ်။ မတရားသင်းကြေငြာလိုက်ရင်ပိုကြိုက်တယ်။

    ReplyDelete
  7. ကျွန်တော်ကတော့
    အစိုးရ က တရားဝင် ပြီလား..
    .....????????.......?????????
    ဆိုတဲ့ကွန်မင့်ကိုကြိုက်တယ်ဗျ.. ကဲ NLD ဒီတိုင်းနေတော့ကောဘာလုပ်မတုန်း၊ မေလှမြိုင်စီချင်းအတိုင်းဆိုရရင်တော့.. အဆံမပါအသံသာမြည်တဲ့သင်္ကြန်အမြောက်ဖေါက်ကြည့်တာပေါ့...

    ReplyDelete
  8. ကဲ NLD ရေ တိုက်ပွဲ အမြန်ခေါ်ပါတော့။ နောက်မှာ ပြည်သူတွေ တစ်တပ်တစ်အားပါဝင်ဖို့ စောင့်နေကြောင်းပါ။
    NLD နောက်မှာ ပြည်သူတွေ ရှိတယ်။ တိုက်ပွဲခေါ်ရင် အချိန်မရွေးဘဲ။

    ReplyDelete
  9. nld ကတိုက်ပွဲခေါ်ရင်ပြည်သူကအချိန်မရွေးဆိုတာ ဟုတ်ပါ့မလား။

    ReplyDelete
  10. အေးဆေးပါ။ ပြည်သူ့သဘောထားမှန်ကို ပြသခွင့်ကြုံပြီ လို့သာ သဘောထားလိုက်ကြ။ တနည်းအားဖြင့် ဒို့ပြည်သူတွေ ဘယ်လိုအစိုးရနဲ့ထိုက်တန်တယ်ဆိုတာ အပြီးသတ် အဆုံးအဖြတ်ပေးမဲ့ ကာလရောက်လာပြီ ဆိုပါတော့။

    (ငတေ)

    ReplyDelete
  11. ပြည်သူတွေ တစ်တပ်တစ်အားပါမယ်ဆိုတာ သေချာပါရဲ့လား။ခေါင်းဆောင်ပိုင်းတွေက နိုင်ငံတကာရဲ့ ဖိအားတွေကြောင့် အလွန်အကျွံ မဖြစ်ပေမဲ့ နောက်ဆုံးတော့ ကြားကနေ ပြည်သူတွေဘဲ ခံနေရပေါင်းများနေပါပြီ။ ခေါင်းဆောင်ပိုင်းခြင်း ဆွေးနွေးရမဲ့ ကိစ္စကို ရိုးသားတဲ့ ပြည်သူတွေ ကို ဓားစာခံလုပ်ပြီး အုံကြွမှုတွေ ထပ်မလုပ်ရင် ကောင်းမယ်။

    ReplyDelete