ဂျွန်မက်ကိန်း မြန်မာပြည် ရောက်ပြီ ထင်ပါရဲ့။
လွန်ခဲ့တဲ့ ၃ နာရီလောက်က တွစ်တာ (Twitter) မှာ သူရေးသွားတာက - မြန်မာပြည်မှာတော့ တွစ်တာသုံးနိုင်မယ်မဟုတ်ဘူးဗျာ၊ ကံဆိုးလိုက်တာ။ အဲဒီကိုသွားလည်ပြီး ပြန်ရောက်တဲ့အခါ (ဖြစ်ပျက်နေတာတွေကို) ပိုပြီး ပြည့်စုံအောင် ပြောနိုင်မှာပါ တဲ့။
နောက်တပုဒ်မှာတော့ - ဒီမနက် ရန်ကုန်သွားပြီဗျို့။ ကျနော် လေးစားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့။ အရင် နှစ်ပေါင်းများစွာကတည်းက တွေ့ချင်နေတာ လို့ ဆိုပါတယ်။
ဒေါက်တာစင်သီယာမောင်နဲ့ တွေ့ပုံကိုလည်း ရေးထားပါတယ်။ တွစ်တာမှာ ရေးနည်းအတိုင်း တကြောင်းတည်း ရေးတာပါ။ တကယ့် သူတော်စင်နဲ့တွေ့ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး၊ ကျနော်တော့ ဒီနေ့ တွေ့ခဲ့သဗျ။ ဒေါက်တာစင်သီယာကတော့ သူ့ဆေးခန်းမှာ ကြီးမြတ်လေးစားစရာကောင်းတာတွေ လုပ်နေတာပဲ တဲ့။ မနေ့ညက ရေးထားတာပါ။
ရှူးတူးတူး ပေါတောတောနဲ့။ဒါကြောင့်လည်း သမ္မတအဖြစ် အရွေးမခံရတာ။အတွေးခေါ် အပြောဆိုက ကလေးကလား။ဒါနဲ့များ ဘယ်လိုလုပ်ပြီး ထိပ်ပိုင်းထိရောက်နေလည်းမသိဘူး။စစ်ပြန်ကြီးမို့ ဦးစားပေးလို့ ရောက်လာတာ ထင်ပါတယ်။
ReplyDeleteနိုင်ငံရေးသမားက
ReplyDeleteနိုင်ငံရေးစကားပြောသွားတာပါ။
အဲဒါကို အဟုတ်ထင်နေရင်တော့
မှားပြီ။
နိုင်ငံရေးသမားက
ReplyDeleteနိုင်ငံရေးစကားပြောသွားတာပါ။
အဲဒါကို အဟုတ်ထင်နေရင်တော့
မှားပြီ။
I am very respect to Mr McCain, he is a really gentleman. You can look back his comments upon Obama. Once again i salute you, Mr McCain.
ReplyDeleteပထမဆုံး comment ရှင်သို
ReplyDeleteအေးလေ..နော် .. မင်းလောက် အင်္ဂလိပ်စာ စကား မတတ်ရှာလို့ အရေးအသား မကောင်းတာ ဖြစ်ပါလိမ့်မယ် ;)P
ပထမဆုံး ကွန်မင့် ပေးတဲ့ကောင်... သူ့နိုင်ငံမှာ အမတ်တစ်ယောက်ဖြစ်ဖို့ လွယ်တယ်များ မှတ်နေလား။ ဗမာပြည်က မင်းမြင်ဖူးတဲ့ သောက်ဖား အမတ်တွေလိုများ နေ့ချင်းညချင်း အမတ်ဖြစ်နိုင်တယ်များ ထင်နေလား ငတုံးရဲ့။
ReplyDeleteတရုပ်နိုင်ငံ၊ မြန်မာပြည်နယ်မှ
ReplyDeleteအူးသိမ်းစိမ် နှင့်စစ်ပြန်ကြီးများအား
ဂျွန်မက်ကိန်းမှ ဒီမိုကရေစီအကြောင်း
ပြောကြားပေးမှာဖြစ်ပါတယ်..
ကြံ့ဖွတ်ကြောင်းသား
လဒူသိရိ၊ ဒုက္ခ သိရိ.. ဏေပြီဒေါ်
တရုတ်နိုင်ငံ မြန်မာပြည်နယ်တဲ့ လှောင်ထားတာမှန်းသိပေမယ့် စိတ်ထဲတော့ အတော်မကောင်းဖြစ်ရတယ်။ အဲ့လိုထေ့ထားတဲ့လူတွေရဲ့ခံစားချက်ကို နားလည်ပါတယ်။ ဒါပေမယ့် ကျနော့နောက်အမြင်တခုက ဒီလူပေးထားတဲ့ comment က "ငါ့အကိုလေ ဆိုက်ကားဂိတ်မှာ အရက်မူးလဲနေတယ် ဟားဟားဟား" ဆိုတာလိုဖြစ်နေဘီ။ :'(
ReplyDeleteကျနော်တို့နိုင်ငံ အခုလိုနိမ့်ပါးနေတာ အစိုးရမကောင်းလို့ဆိုတာ ရာနှုန်းပြည့်လက်ခံပါတယ်။
ကျနော်ပြောချင်တာက ကျနော်တို့ကရော ဗမာနိုင်ငံသားတွေ မဟုတ်ကြလို့လား။
ဒီမကောင်းတာကြီးကရော ကျနော်တို့အပေါ် သက်ရောက်မှုမရှိလို့လား။
ကိုယ့်အပေါ်မှာ သက်ရောက်နေတဲ့ အထင်သေးအမြင်သေးခံရတာကို လျှော့ပါးအောင်လုပ်ဖို့တာဝန် ကျနော်တို့မှာလဲရှိမယ်လို့ ကျနော်ထင်ပါတယ်။
ပထမဆုံး ကွန်မင့် ပေးတဲ့ကောင်... သူ့နိုင်ငံမှာ အမတ်တစ်ယောက်ဖြစ်ဖို့ လွယ်တယ်များ မှတ်နေလား။ ဗမာပြည်က မင်းမြင်ဖူးတဲ့ သောက်ဖား အမတ်တွေလိုများ နေ့ချင်းညချင်း အမတ်ဖြစ်နိုင်တယ်များ ထင်နေလား ငတုံးရဲ့။
ReplyDeleteဆိုတဲ့ အဖြစ်မှန်ကို ထောက်ပြတဲ့ comment မျိုးကို အရမ်းသဘောကျပါတယ်။
Anonymous said...
ReplyDeleteရှူးတူးတူး ပေါတောတောနဲ့။ဒါကြောင့်လည်း သမ္မတအဖြစ် အရွေးမခံရတာ။အတွေးခေါ် အပြောဆိုက ကလေးကလား။ဒါနဲ့များ ဘယ်လိုလုပ်ပြီး ထိပ်ပိုင်းထိရောက်နေလည်းမသိဘူး။စစ်ပြန်ကြီးမို့ ဦးစားပေးလို့ ရောက်လာတာ ထင်ပါတယ်။
June 1, 2011 2:05 PM
Anonymous said...
နိုင်ငံရေးသမားက
နိုင်ငံရေးစကားပြောသွားတာပါ။
အဲဒါကို အဟုတ်ထင်နေရင်တော့
မှားပြီ။
ဟုတ်မှာပါ...စစ်သားတွေနဲ့စစ်ပြန်တွေပဲကောင်းတာ... အရိုးမှာကပ်တဲ့အသားကပိုစားကောင်းတယ်... ဝက်ရိုးစွပ်ပြုပ်တို့...ဆိတ်ရိုးစွပ်ပြုပ်တို့...ရှလွတ်.. အလကားနိုင်ငံရေးသမားကြီး..နိုင်ငံရေးတွေပြောသွားတယ်... တို့ဘကြီးဆိုရင် သူ့စီးပွါးရေးနဲ့ သူ့လုံခြုံရေးပဲပြောတာ...
ရေခြားမြေခြား မောင်ကျောင်းသား ခင်ဗျာ..
ReplyDeleteတရုတ်နိုင်ငံ မြန်မာပြည်နယ်တဲ့ လှောင်ထားတာမဟုတ်ပါ
"ခင်ဗျားအကိုလေ အရက်သမားဖြစ်နေပီ ဟားဟားဟား" ဆိုလိုတာဖြစ်ပါတယ်။
အထင်သေးအမြင်သေးခံရတာကိုရော တကယ်ဖြစ်နေတာကိုပါပြောတာပါ..
အူးသိမ်းစိမ် နှင့်အဖွဲ.ပထမဆုံးတွေ.တာ တရုပ်အစိုးရပါ
ဧရာဝတီမြစ်ဆိုတာ မေခ မလိခ မပါလို.မဖြစ်..
မန္နလေးမှာတရုပ်စာမတတ်ရင်အလုပ်မရ..
မြန်မာနိုင်ငံတခုလုံးဖြတ်ပီး ပိုက်နဲ.အကုန်သယ်
ရထားလမ်းလည်း မကြာခင်လာမည်..
Burma will become like Tibet soon.
ကိုယ်.်နိုင်ငံချစ်တယ်ဆိုတာ ပါးစပ်ကပြောနေလို.
အပိုပါ..ရင်ထဲကလာပြီးလက်တွေ.လုပ်ပြပါ
ကြံ့ဖွတ်ကြောင်းသား
လဒူသိရိ၊ ဒုက္ခ သိရိ.. ဏေပြီဒေါ်
တရုပ်နိုင်ငံ၊ မြန်မာပြည်နယ်မှ
ReplyDeleteအူးသိမ်းစိမ် နှင့်စစ်ပြန်ကြီးများအား
ဂျွန်မက်ကိန်းမှ ဒီမိုကရေစီအကြောင်း
ပြောကြားပေးမှာဖြစ်ပါတယ်..
ကြံ့ဖွတ်ကြောင်းသား
လဒူသိရိ၊ ဒုက္ခ သိရိ.. ဏေပြီဒေါ် .....
ဆိုတဲ့ မိတ်ဆွေ ... မိတ်ဆွေက မြန်မာနိုင်ငံကို တရုပ်နိုင်ငံ ၊မြန်မာပြည်နယ်လို့ ပြောတာ မခံချိမခံသာဖြစ်လို့ ပြောတယ်လို့ ယူဆပါတယ်။ သို့ ပေမယ့်လဲ မြန်မာတွေက မိတ်ဆွေရဲ့  အကြိုက်အချစ်တော်နိုင်ငံဖြစ်နေတဲ့  အမေရိကန် ရဲ့ သြဇာ ခံနိုင်ငံတော့ မဟုတ်သေးဘူးနော်။ မိတ်ဆွေပြောသလို ဂျွန်မက်ကိန်း ပြောပြတဲ့ ဒီမိုကရေစီအကြောင်းနားထောင်လိုက်ရင် မြန်မာနိုင်ငံလဲ ဖာနိုင်ငံ ဖြစ်သွားနိုင်တာကို စဉ်းစားမိရဲ့ လား။လက်ရှိ သူတို့ နိုင်ငံတွေကို အရင်ကြည့်ပါဦး။လူမြင်ကွင်းမရှောင် သူမြင်ကွင်းမရှောင် ပြုမူနေကြတဲ့ မြင်ကွင်းတွေ။သူတို့ သြဇာခံ ပြီးရင် တဆင့်တက် သူတို့ လူမျိုးတွေဝင်လာတော့မယ်။သွေးနှောတော့မယ်။တရုပ်နဲ့ ရော မိလို့  တရုပ်သွေးနှောတာ တရုပ်လက်ဝါးကြီးအုပ်နေတာကို နမူနာယူပါဦး။ မြန်မာပြည်တိုးတက်စေချင်ရင် မြန်မာနိုင်ငံသားအားလုံးမှာ တာဝန်ရှိပါတယ်။ အပြစ်လိုက်ရှာမနေကြဘဲ တက်နိုင်တဲ့ ဘက်ကနေ ကိုယ့်တာဝန်ကိုယ်ကျေအောင် အားသွန်ခွန်စိုက် ကြိုးစားကြပါစို့ လား။ လက်ရှိ တော်တော်များများက ပါးစပ်ကသာ မကောင်းပြော နေကြတာ။ကိုယ်တိုင်ကြိုးစားပြီးမြန်မာနိုင်ငံ တိုးတက်အောင် ဘယ်သူမှ မလုပ်ကြပါဘူး။ကိုယ့်အတွက်ချည်း ကြည့်နေကြပါတယ်။ ဒီတော့ မိတ်ဆွေတို့ ကျနော်တို့ အားလုံးလက်တွဲပြီး မြန်မာနိုင်ငံ ဆိုတာ မားမားမတ်မတ်ရပ်တည်နိုင်အောင် ၊ဘယ်သူအကူအညီမှ မယူရတဲ့ နိုင်ငံဖြစ်အောင်ကြိုးစားကြပါစို့ လားဗျာ..........
အေးအတူပူအမျှ နေနေကြတဲ့ မြန်မာလူမျိုးတွေ အချင်းချင်းစည်းလုံးညီညွှတ်ကြပါစို့ ...။ သူတပါး နိုင်ငံရဲ့ သြဇာ အာဏာခံ အကူအညီယူနေရမှုတွေ ကနေ ကင်းဝေးအောင် ၀ိုင်းဝန်းကြိုးစားကြပါစို့ လားဗျာ.........
စစ်ပြန်မှို့နေရာပေးရအောင် သူကမြန်မာ စစ်တပ်ကမဟုတ်ဖူး
ReplyDelete@မျိုးချစ်မောင်
ReplyDeleteခင်ဗျားစကားနဲ.ခင်ဗျားလည်နေပြီး..ခင်ဗျားပြောတာ
တွေကခင်ဗျားအတွေးအခေါ်တွေမှားနေတာပြနေတယ်..
မခံချိမခံသာဖြစ်လို့ ပြောနေတာမဟုတ်.လက်တွေ.
ဖြစ်နေတာပြောတာပါ..အူးသိမ်းစိမ် အစိုးရ
သမဒ ၊ လွှတ်တော်စနစ်နဲ.သွားမယ်ဆိုရင် US ဆီက အများကြီးလေ.လာလို.ရပါတယ်..
အမေရိကန် မှာသဘောထားမတူပဲ ပြည်သူတွေ
ညီညီညွတ်ညွတ်နဲ. ဒီမိုကရေစီကျင်.သုံးလာတာ နှစ်ပေါင်း ရာကျော်နေပါပီ..အတုယူစရာပါ..
၂၁ ရာစုမှာ US သြဇာခံ ဖာနိုင်ငံ ဖြစ်တာမရှိပါ..ထိုင်း၊စင်ကာပူ၊ဒူဗိုင်း၊ဂျပန်၊ကိုရီးယား၊
တရုတ် မှာလည်းအမေရိကန် တွေအများကြီးပါ..
အမေရိကန်တွေ ဒုတိယကမ္ဘာစစ်အတွင်းရော..
အပြီးမှာ တရုပ်နိုင်ငံနဲ.ဥရောပကို ဒေါ်လာသန်းပေါင်း
များစွာကူညီခဲ.ပါတယ်...
ဆရာကြီးသန်းထွန်းပြောသလို.သမိုင်းမသိရင် အမယ်
သမိုင်းကိုအလွဲလွဲအချော်ချော်သိရင် ရူးမယ်..
ခင်ဗျားလည်း ဗိုချုပ်ကြီးတွေလို အမေရိကန် ရဲ.့ သြဇာခံမည်မဟုတ်အော်နေပြီး..သားသမီး၊ဆွေမျိုးတွေ
အကုန်လုံး အမေရိကား ကိုပို.နေမယ်ဆိုရင်တော...
ကျနော့်ကို ပြန်ပြောသွားတဲ့ မိတ်ဆွေ ..
ReplyDeleteမိတ်ဆွေက လက်တွေ့ ဖြစ်နေတယ်ပြောရအောင် တရုပ်နိုင်ငံ မြန်မာပြည်နယ်လို့ ဘယ်သူသတ်မှတ်တာလဲ။ခင်ဗျားသတ်မှတ်တာလား။ ပြီးတော့ ပြည်သူတွေညီညီညွတ်ညွတ်သွားကြမယ်ဆုရင် ဒီမိုကရေစီကျင့်သုံးနိုင်ပါတယ် ဆိုတော့ လက်ရှိဖြစ်ပျက်နေတဲ့ မြို့ ကြီးတွေပေါ်က အဖြစ်အပျက်တွေကို အရင်လေ့လာပါဦးမိတ်ဆွေ။ တယောက်တပေါက်နဲ့  လူနည်းနည်းလေးစုမိတာနဲ့ တပါတီထောင်ထားတဲ့ အဖွဲ့ တွေ အများကြီး ။အဲ့ အဖွဲ့ တွေ အချင်းချင်း စည်းလုံးညီညွှတ်မှု မရှိကြလို့  ဘာမှအရာမထင်ဖြစ်နေတာရော ခင်ဗျား သတိထားမိရဲ့ လား။ ပြီးခင်ဗျားပြောတဲ့  စင်္ကာပူ၊ထိုင်း၊ဂျပန်၊တရုပ်၊ကိုရီးယား အဲ့ နိုင်ငံတွေ ကို ထည်ထည်ဝင်ဝင်လေ့လာပါဦး။ သမိုင်းဟောင်းကိုချည်းပြန်ကြည့်မနေနဲ့ ။ လက်ရှိဖြစ်ပျက်နေတာနဲ့ လဲယှဉ်ကြည့်ပါ။ စာတွေ့ ချည်းလေသံဟစ်မနေနဲ့ ။လက်တွေ့ လောက် ဘယ်အရာမှ မမှန်ကန်ပါဘူး ဆိုတာကိုလဲသိထားပါ။ မိတ်ဆွေ ပြောသလို စာတွေ့  သမိုင်းကိုလဲပြန်သုံးသပ်၊ လက်တွေ့  ဖြစ်ပျက်နေတာကိုလဲ ပြန်ကြည့်ပြီးဆင်ခြင်၊ လုပ်သင့်တာကိုလုပ်ရမှာ ကျုပ်တို့ မြန်မာပြည်သားတိုင်းတာဝန်ပါ။ ကျုပ်ပြောသွားတဲ့ ထဲမှာလဲ တပါးနိုင်ငံ သြဇာခံဖို့ တခွန်းမှမပါခဲ့ ဘူး။ ဘယ်နိုင်ငံကိုမှလဲ အထင်မကြီးဘူး။ လက်ရှိကျုပ် ကလဲ ခင်ဗျားပြောသလို သားသမီးတွေ အမေရိကန်ပို့ နေတဲ့  အမေရိကန်မုန်းပါတယ်ဆိုတဲ့ လူကြီးလဲမဟုတ်ဘူး။ ကျုပ် က မြန်မာပြည်သူပြည်သားအားလုံးအနေနဲ့ စာနာပြီးပြောတာ။ကျုပ်ကိုယ်တိုင်လဲ ပြည်သူထဲက လူတယောက်ဘဲ။ အမေရိကန် သြဇာခံ နိုင်ငံတွေ တိုးတက်မှုတွေရှိပါတယ်။ဒါပေမယ့် ပျက်ဆီးမှုတွေ အများကြီးရှိတယ်။လူမျိုးပျက်ဆီးတယ်။ လူငယ်တွေ အကျင့်စာရိတ္တပိုင်းပျက်ဆီးတယ်။ ယဉ်ကျေးမှုပိုင်းပျက်ဆီးတယ်။ ဒါတွေကိုရော ခင်ဗျား မြင်မိ သတိထားမိလား။ လက်ရှိမြန်မာလူငယ်တွေ ဖြစ်ပျက်နေတဲ့ အပြုအမူ တွေ ခင်ဗျား တွေ့ မိရဲ့ လား။မသိသေးရင်လဲ နမူနာပြ ပါ့မယ်။
http://gossip.myanmarcelebrity.com/2011/05/video-hip-hops-hardcore-show-myaw-sin.html#comments
အဲ့ လင့်မှာအရင်ကြည့်ပါဦး။ မြန်မာမိန်းမပျိုလေးများမှဟုတ်ရဲ့ လား။ အနောက် သြဇာခံရင် အနည်းနဲ့ အများ အနောက်ယဉ်ကျေးမှုကူးလာမယ်။ သွေးနှောလာမယ်။ မြန်မာပြည်က သေးသေးလေးပါ။ သူများနိုင်ငံတွေလို ကြီးကြီးမားမား မဟုတ်ပါဘူး။ လက်ရှိမြန်မာပြည်မှာတောင် တရုပ်နဲ့ ကုလား သွေးနှောတာတွေ အများကြီး။ နောက်ထပ် တပါးလူမျိုး ထပ်ရောလာရင် မြန်မာလူမျိုးစစ်စစ်ပျောက်ကုန်မယ်။ ဒါတွေကိုရော တွေးမိရဲ့ လား။ ခင်ဗျားမတွေးဘူး။ ခင်ဗျား က ခင်ဗျားရဲ့ မျက်စိတဆုံးလေးကြည့်ပြီးပြောတာ။ခင်ဗျားလိုချင်တာလေးကိုဘဲကြည့်တာ။
ကျနော်ပြောသွားတာ .. ပြည်ထောင်စုမြန်မာနိုင်ငံနဲ့ နိုင်ငံကိုချစ်တဲ့  မြန်မာနိုင်ငံသားစစ်စစ်တွေ အားလုံးအတွက်ပြောတာ။ ရန်ဖြစ်ရပါစေတော့ရယ်ပြောထားတာမဟုတ်ဘူး။ အားလုံးစည်းစည်းလုံးလုံးညီညီညွှတ်ညွှတ် နဲ့ မြန်မာပြည်တိုးတက်ရေး ဆောင်ရွက်ကြဖို့ ၊ ဘယ်နိုင်ငံ အကူအညီမှမယူဘဲ စွမ်းဆောင်နိုင်ကြဖို့  တိုက်တွန်းထားတာ။သေချာပြန်ဖတ်ကြည့်ပါဦးမိတ်ဆွေ။ " မြန်မာနိုင်ငံ ဆိုတာ မားမားမတ်မတ်ရပ်တည်နိုင်အောင် ၊ဘယ်သူအကူအညီမှ မယူရတဲ့ နိုင်ငံဖြစ်အောင်ကြိုးစားကြပါစို့ လားဗျာ..........
အေးအတူပူအမျှ နေနေကြတဲ့ မြန်မာလူမျိုးတွေ အချင်းချင်းစည်းလုံးညီညွှတ်ကြပါစို့ ...။ သူတပါး နိုင်ငံရဲ့ သြဇာ အာဏာခံ အကူအညီယူနေရမှုတွေ ကနေ ကင်းဝေးအောင် ၀ိုင်းဝန်းကြိုးစားကြပါစို့ လားဗျာ........."
ဝေးဝေးမပြောသေးဘူး... ခင်ဗျားရဲ့ ညီကိုမောင်နှမ အရင်းအချာမဟုတ်ဘဲ ဆွေမျိုးတွေတောင် ခင်ဗျားကို အကျိုးအမြတ်မရှိဘဲ ကြီးကြီးမားမား ကူညီဖူးလား။ ခုက တခြားလူမျိုးတခြားနိုင်ငံတွေ ၊ တရုပ်ဆိုလဲ သူ့ အကျိုးစီးပွား မရှိဘဲ ဘာကူညီမှာလဲ။ သူ့ အကျိုးရှိလို့ ကူညီတာ။ အမေရိကန်ကရော ... ဘလိုင်းကြီးကူညီမယ်ထင်လို့ လားး။ မင်းတို့ ဒီလို ဒီမိုကရေစီစနစ် ကျင့်သုံးကြ ဆိုပြီး ပြီးသွားမယ်ထင်လို့ လား။ နောက်ဆက်တွဲ အကျိုးကို မျှော်နေကြတဲ့ သူတွေချည်းဘဲ။ရေရှည်အတွက်ကို ကြည့်ပြီးမှ သူတို့ ကူညီကြတာပါ။သူတို့ အကျိုးမရှိရင် အလကား ကူညီမဲ့ သူတွေ မဟုတ်ကြပါဘူး။။ ဒါကြောင့် ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးပြီး အားလုံးညီညွှတ်စွာနဲ့ ဘဲ အကောင်အထည်ဖော် ပြီး အေးချမ်းသာယာ ဖွံဖြိုးတဲ့ နိုင်ငံဖြစ်လာအောင် လက်တွဲကြိုးစားကြပါစို့ လို့ ဘဲ ထပ်ဆင့်တိုက်တွန်း ပါရစေ........ ။။ ။။

@မျိုးချစ်မောင်
ReplyDeleteတရုပ်နိုင်ငံ မြန်မာပြည်နယ်လို့ ဘယ်သူသတ်မှတ်တာလဲသိချင်ရင် သန်းရွှေ..အူးသိမ်းစိမ် ဖွတ်အစိုးရ
မေးကြည်.ပေါ.၊ အောက်က လင်.တွေလည်းဖတ်.
http://irrawaddy.org/article.php?art_id=21377
http://news.xinhuanet.com/english2010/china/2011-06/03/c_13908220.htm
http://english.cri.cn/6909/2011/05/29/2821s639992.htm
ခင်ဗျားဘကြီးတွေပဲ လွပ်လပ်စွာ့ ပါတီတွေထောင်ခွင်.၊ ရွေးကောက်ပွဲလုပ်ပေးပြီး စစ်တန်းလျားပြန်
မယ်ပြောတာလေ.. ခင်ဗျားမှသမိုင်း မလေ့လာပဲ..
လက်ရှိဖြစ်ပျက်နေတာကတော့ မြန်မာနိုင်ငံ ပညာရေးလုံးဝပျက်စီးနေတော့လူငယ်အနည်းစုဖြစ်နေ
တာပါ၊ ၁၀ တန်းအောင်ရင်ဘာဆက်လုပ်ရမလည်းဖြစ်နေကြတာပါ..
နိုက်ကလပ်တွေ..ရှိုးတွေဆိုတာဝင်ကြေးက ၅၀၀၀ိ၊၆၀၀၀ိ..လူအများစုလစာက
တလမှ ၃၅၀၀၀ိ၊ ခင်ဗျားစဉ်းစားကြည့်ပေါဗျာ။ဘယ်သူတွေများများသွားနိုင်လဲ
သန်းရွှေနဲ.ကြိုင်ကြိုင်လည်းမြန်မာ့ရိုးရာ ပုဆိုး၊ထမိန်တွေဝတ်ပြီးဖောက်ပြန်ခဲ့သူတွေပါ.ဗျာ
(နောက်မှတပ်ထဲမှာမဲဖောက်ပီးယူတာပါ)၊ သန်းရွှေ သမီးတွေလည်း မြန်မာ့ ချိတ်ထမိန်
တွေ သံရုံးမှာဝတ်ပြီးဖောက်ပြန်ခဲ့ဖူးပါတယ်..
နေပြည်တော်လမ်းမကြီးတွေမှာ မာစွပ်တွေ (မာရင်စွပ် /Massage) ၊ ကာရာအိုကေတွေ
ခင်ဗျားဘကြီးတွေခွင့်ပြုချက်နဲ. ဘကြီး၊လူကြီးတွေပဲပျော်မြူးနေတာပါ။ ရန်ကုန်က
ဟိုတယ်ကြီးတွေမှာလည်း ခင်ဗျားဘကြီးတွေပဲ မကောင်းတဲ့ ထိုင်း၊ရုရှားမတွေနဲ.
အပျော်ကြူးနေကြတာပါ၊
လူငယ်တွေ အကျင့်စာရိတ္တကောင်းကောင်းနဲ.ကျောင်းတက်၊စာဖတ်နေတာပါ။
ခင်ဗျားဘာသာ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးပြီးနေချင်တယ်ဆိုရင်တော့
ခင်ဗျားရဲ. ဖုန်းဆိုးမြေ ကျပ်တီး လွင်ပြင်ခေါင် နေပူတော ဖုန်တထောင်းထောင်း
တောရှင်း...... မြေကော် လဒူသိရိ၊ ဒုက္ခ သိရိ.. ဏေပြီဒေါ် မှာ
စိုင်းစိုင်းသီချင်းလို “ငါ့အတွက်ကတော့ စောင်ကိုသာခြုံ” ဖြစ်နေမှာပါ နောင်ကြီး..
ကျွန်တော်မြန်မာနိုင်ငံတွက်ဘာလုပ်ပေးတယ်
သမိုင်းဟောင်းကိုချည်းပြန်ကြည့်မနေနဲ့ ဆိုရင်တော့ ခင်ဗျားအခုသုံးနေတဲ့
မီး၊ကွန်ပျူတာ၊အင်တာနက်တွေဘယ်ကစပြီး..ဘယ်လ
ိုဖြစ်လာတယ်ဆိုတာ
သေသေချာချာလေ့လာစေလိုကြောင်း ထပ်ဆင့်တိုက်တွန်း ပါရစေ
(( တရုပ်နိုင်ငံ မြန်မာပြည်နယ်လို့ ဘယ်သူသတ်မှတ်တာလဲသိချင်ရင် သန်းရွှေ..အူးသိမ်းစိမ် ဖွတ်အစိုးရ
ReplyDeleteမေးကြည်..........))
ခင်ဗျားပြောခဲ့ တဲ့ စကားတွေက မြန်မာပြည်က ခင်ဗျားရဲ့ မွေးရပ်မြေ မဟုတ်သလိုဘဲ။ ခင်ဗျားက မြန်မာပြည်ကောင်းစားရေးလုပ်နေတာလား။ မြန်မာပြည်ပျက်ဆီးကြောင်း သွေးထိုးနေတာလား။ ကျုပ်ပြောသွားတဲ့ အထဲမှာ မြန်မာပြည် ပျက်ဆီးရာ ပျက်ဆီးကြောင်း တခွန်းမှ မပါခဲ့ ဘူး။ မြန်မာပြည်နဲ့ မြန်မာပြည်သူလူထု အောက်ခြေလူတန်းစားကောင်းစားရေးအတွက်ဘဲပါတယ်။ အားလုံးကြိုးစားဖို့ လိုတယ်လို့ ဘဲ ပြောခဲ့ တယ်။ ခင်ဗျားလို ဘေးထိုင် အပုတ်ချ ပျက်ဆီးစေကြောင်း တခွန်းမှ မပြောခဲ့ ဘူး။ နအဖ လူကြီးတွေ ကျုပ်အမျိုးတယောက်မှ မပါဘူး။ ခင်ဗျား က လူမှုရေး မုန်းတီးမှုနဲ့  မြန်မာပြည်ကိုပါ ဖျက်ဆီးချင်နေတဲ့ သူ ဆိုတာ ခင်ဗျား အပြုအမူ အပြောအဆိုတွေမှာ ပြနေတယ်။လူကြီးသမီးတွေ လူကြီးမယားတွေ ထမိန်ဝတ် ဖောက်ပြန်တာနဲ့ ဘဲ မြန်မာအမျိုးသမီးထု ကြီး လိုက် ဖောက်ပြန်နေရမှာလား။ ခင်ဗျားနှမသားချင်းစာနာကြည့်ဦး။ ကျုပ်ပြောခဲ့တာ ယိုယွင်းနေတဲ့ မြန်မာ့ယဉ်ကျေးမှုတွေ ပြန်တည့်မတ်လာအောင် ၊ မြန်မာ့ ယဉ်ကျေးမှုတွေထဲမှာ အနောက်ယဉ်ကျေးမှုတွေ ရောမပါလာအောင် ဆင်ခြင် ပြုပြင်ဖို့ ပြောတာ။ခင်ဗျားကိုလဲ ကျုပ် အတိုက်အခံလုပ်မပြောချင်ဘူး။ ခင်ဗျားယူဆချက် နဲ့ ခင်ဗျားမှန်တယ်ထင်ရင်ဆက်လုပ်ပါ။ ခင်ဗျားစိတ်ထဲမှာ တခုတော့ မှတ်ထားပါ။ မြန်မာပြည်ပျက်စီးရာ ပျက်စီးကြောင်း ခင်ဗျားပထွေးတွေနဲ့ ပေါင်းပြီးတော့ ကြံမယ်တော့ မစဉ်းစားနဲ့ ။ ခင်ဗျားဘယ်သူမှန်းမသိပေမယ့် ခင်ဗျားလို ကိုယ့်ပြည်ကိုယ်မချစ်ဘဲ ပထွေးလက် ၀ကွက် အပ်ချင်တဲ့ သူတွေ အားလုံးကို သတ်ချင်နေတယ်ဆိုတာသတိရထားပါ။ ခင်ဗျား မြန်မာစစ်စစ် ဆိုရင် မြန်မာလူမျိုးနဲ့ မြန်မာနိုင်ငံကို ချစ်ပါ။ မြန်မာပြည်ပျက်စီးရာပျက်စီးကြောင်း မလုပ်နဲ့ ။ ကျုပ်က တရုပ်နဲ့ ပေါင်းတဲ့ အစိုးရကိုလဲ အားမပေးဘူး။ အမေရိကန်နဲ့ အကျိုးတူ ဆောင်ရွက်နေကြတဲ့ ပါတီတွေ အဖွဲ့ အစည်းတွေကိုလဲ မထောက်ခံဘူး။ သူတို့ တွေ အားလုံးက မြန်မာလူမျိုးတွေရဲ့ ဂုတ်သွေးစုတ်ပြီး အသားကိုမြို မယ့် သူတွေမို့ လို့ ဘဲ။
မြန်မာ့ အောက်ခြေ လူတန်းစားတွေ စားဝတ်နေရေး အဆင်ပြေ စေဖို့ ရာ ပြည်သူတရပ်လုံးမှာတာဝန်ရှိပါတယ်။ အားလုံးဆောင်ရွက်ဖို့ လိုပါတယ်။
ခင်ဗျား ကျုပ်ပြောခဲ့ တာတွေကို သေသေချာချာပြန်ဖတ်ပါဦး။ကျုပ်ကို စကားပြောနိုင်ချင်တဲ့ စိတ်နဲ့ တော့ မပြောပါနဲ့ ။ကျုပ် ခင်ဗျားကို နိုင်ချင်စိတ်နဲ့ ပြောနေတာ မဟုတ်ဘူး။ လက်ရှိ အဖြစ်အပျက်တွေနဲ့ နှိုင်းယှဉ်ပြီးပြောပြနေတာ။ သမိုင်းဟောင်းချည်းပြန်မကြည့်နေနဲ့ ပြောထားတာ သမိုင်းကိုပြန်မကြည့်နဲ့ ပြောတာမဟုတ်ဘူး။ ကြည့်သင့်တာကိုကြည့်ပါ။ မကြည့်သင့်တာကိုမကြည့်ပါနဲ့ ။ ခင်ဗျားဦးနှောက်က အသုံးဝင်သေးရင် သေချာစဉ်းစားကြည့်ပါဦး။ ပါးစပ်ထဲတွေ့ ရာစကားလုံးအသေးအမွှားလေးတွေနဲ့ တော့ လူအများအာရုံဒွိဟ ဖြစ်အောင် မလုပ်ချင်နဲ့ ။ကျုပ်ပြောခဲ့ တာ ဒီမှာသေချာပြန်ဖတ်ကြည့်ဦး...
သမိုင်းဟောင်းကိုချည်းပြန်ကြည့်မနေနဲ့ ။ လက်ရှိဖြစ်ပျက်နေတာနဲ့ လဲယှဉ်ကြည့်ပါ။ စာတွေ့ ချည်းလေသံဟစ်မနေနဲ့ ။လက်တွေ့ လောက် ဘယ်အရာမှ မမှန်ကန်ပါဘူး ဆိုတာကိုလဲသိထားပါ။ မိတ်ဆွေ ပြောသလို စာတွေ့  သမိုင်းကိုလဲပြန်သုံးသပ်၊ လက်တွေ့  ဖြစ်ပျက်နေတာကိုလဲ ပြန်ကြည့်ပြီးဆင်ခြင်၊ လုပ်သင့်တာကိုလုပ်ရမှာ ကျုပ်တို့ မြန်မာပြည်သားတိုင်းတာဝန်ပါ။ ....
တိုးတက်ဖို့ အရေးကြိုးစားဖို့ ပြောနေချိန်မှာဖျက်လိုဖျက်ဆီး မလုပ်ပါနဲ့ ။ခင်ဗျား ဖျက်လိုဖျက်ဆီးလုပ်နေတာ ဘယ်သူ့ အတွက်လဲ။ခင်ဗျားဘယ်သူလဲ ။ ဒါတွေ ကျုပ်စိတ်မ၀င်စားဘူး။ မြန်မာပြည်ကို တကယ်ချစ်တဲ့ သူဆိုရင် ဒီလိုအပြောအဆိုတွေ ဆက်မလုပ်ဖို့ ဘဲ ပြောချင်ပါတယ်။ ခင်ဗျားစိတ် ခင်ဗျားပိုင်ပါတယ်။ ခင်ဗျားသမိုင်းခင်ဗျားရေးမှာပါ။ခင်ဗျား မမှားရလေအောင်ပြောပြနေတာ။ ခင်ဗျားမိုက်လို့ ဆက်လုပ်ရင်တော့ ခင်ဗျားအပိုင်းဘဲ။ ခင်ဗျား သမိုင်းအမဲစက် ခင်ဗျားဘာသာ ရေးတာဖြစ်သွားလိမ့်မယ်။ ကျုပ်က တော့ ခင်ဗျားလိုလူတယောက်လောက်နဲ့  မထိခိုက် မနစ်နာပါဘူး။ ကျုပ်ပြောစရာ ပြည်သူလူထုကို တိုက်တွန်းစရာ ရှိတာ ကိုဆက်လုပ်နေတိုက်တွန်းနေမှာဘဲ။ ခင်ဗျား ကုသိုလ်ကံကောင်းပါစေလို့  ဆုတောင်းပေးလိုက်ပါတယ်ဗျာ........
မြန်မာပြည်နဲ့ ပြည်သူလူထု ကောင်းစားဖို့ နိုင်ငံချစ်တဲ့ မြန်မာ့သားကောင်းတိုင်းမှာ တာဝန်ရှိပါတယ်။အားလုံးလက်တွဲလုပ်ဖို့ လိုပါတယ်။ ပျက်ဆီးယိုယွင်းနေတဲ့ မြန်မာပြည်ရဲ့  ယဉ်ကျေးမှု၊ ဘာသာရေး၊ ပညာရေး၊စီးပွားရေး အားလုံးကို မြန်မာတိုင်းပြုပြင်မှရပါ့မယ်။အချင်းချင်းလက်တွဲဆောင်ရွက်ကြပါ .တပါးသူ အားမကိုးပါနဲ့ လို့ တိုက်တွန်းလိုက်ပါရစေ.......
သိန်းစိန်ကိုဒီမိုကရေစီအကြောင်းသင်ကြားပေးကြပါ။သူကစစ်တပ်ကကွှေးတဲ့ထမ်ငးစားပြီကြီးပြင်းလာတော့ဒီမိုကရေစီဆိုတာသန်းရွှေရဲ့အမိန်လို့ပဲထင်နေတယ်။
ReplyDeletePlease teach to Thein Sein, he doesn't know what is calling the democracy. He think democracy is the order of Than Shwe.
ReplyDelete