Pages

Monday, July 4, 2011

၃ သိန်းတန် မိုဘိုင်းဖုန်း လာမယ်

ဓာတ်ပုံ - Swiatoslaw Wojtkowiak
| လာမယ့် နိုဝင်ဘာ လဆန်းကစပြီး ၃ သိန်းတန် GSM ဖုန်းတွေ ချပေးတော့မယ်လို့ သိရပါတယ်။ မန္တလေးအလင်း ဂျာနယ်မှာ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးသိန်းဦးကို ကိုးကားဖော်ပြထားတာ ဖြစ်ပါတယ်။

ရည်ရွယ်ချက်ကတော့ အခြေခံ လူတန်းစားတွေပါ မိုဘိုင်းဖုန်း ကိုင်နိုင်စေဖို့ပါတဲ့။ ဒီ ၃ သိန်းတန်ဖုန်းတွေ ထပ်ချပေးလို့ လိုင်းမကျပ်ပါဘူး၊ တာဝါတိုင်တွေ ထပ်ဆောက်ပြီး ဖုန်းကွန်ရက် ဆော့ဖ်ဝဲလ်အသစ်တွေလည်း တည်ဆောက်ထားပါတယ်လို့ ဆိုပါတယ်။

အလုံးရေ ၁ သိန်း ရန်ကုန်မှာ စချပေးမယ်၊ ပြီးရင် နေပြည်တော်နဲ့ မန္တလေးကိုပါ ဆက်ချပေးပါမယ်တဲ့။ အိမ်နီးချင်းနိုင်ငံတွေမှာ အလွယ်တကူ ဈေးပေါပေါနဲ့ ဝယ်နိုင်တဲ့ မိုဘိုင်းဖုန်းမျိုး မြန်မာပြည်မှာ ဇိမ်ခံပစ္စည်းအဆင့်ကနေ အများသုံးအဆင့်နဲ့ နီးစပ်လာတာ ကြိုဆိုရမှာပါပဲ။

(အပြည့်အစုံ ဖတ်ချင်ရင် ... )

Source: မန္တလေးအလင်း၊ ဇူလိုင်လ ၁ ရက်၊ ၂၀၁၁ ခုနှစ်

5 comments:

  1. သပ်သပ် အကြံပြုကွန့်မင့်ရေးရမယ့်နေရာမထားလို့ဒီမှာပဲရေးလိုက်တော့မယ်ဗျိုး ဧရာဝတီဘလော့ လေးအောက်အသစ်အရမ်းကောင်းတယ်ဗျိုး အရင်ကထဲက ဒီလိုဖြစ်နေရမှာ ပထမအရောင်နဲ့က ကြာကြာဖတ်ရင်မျက်လုံးကျိန်းစပ်စပ်ဖြစ်လာတယ် အခုကတော့ အင်မတန်သန့်ပြီး ရိုးရိုးရှင်းရှင်းလေးနဲ့ ဆွဲဆောင်မှု အတော်ရှိပါတယ်ဗျိုး good work

    ReplyDelete
  2. ဟီးဟီး...ဒီမှာက လျှောက်တာနဲ့ အလကားဗျ၊ အပိုတောင် ဖုန်းတစ်လုံးလက်ဆောင်ပေးသေးတယ်၊ ထိုင်ဝမ်မှာပြောတာပါ၊ အာဖရိကတိုက်က နိုင်ငံတစ်ခုမှာဆို အာလူးကြော် သုံးထုပ်ဝယ်ရင် ဖုန်းဆင်းကတ်လက်ဆောင်ပေးတယ်၊ မြန်မာဆက်သွယ်ရေးက တာဝန်ရှိလူကြီးမင်းများလည်း နိုင်ငံတကာ အတွေ့အကြုံ၊ အကြားအမြင်များများရှိပါစေလို့ ဆုတောင်းပါတယ်....

    ReplyDelete
  3. ပြည်သူတွေ အဆင်ပြေစေချင်တာက နည်းနည်းပါဗျာ။ ၀င်ငွေ မရှိလို့ ကြံဖန်ပြီး စားပေါက်အသစ်ထပ်ရှာတာပဲ ရှိပါတယ်။ တကယ်သာ စေတနာရှိရိုးမှန်ရင် ခုမှထလုပ်ပြနေစရာမလိုပါဘူး။ စောစောကတည်းက ထယောင်သင့်တာ။ ခုမှလာတစ်ရေးနိုးနေတယ်။

    ReplyDelete
  4. ကောင်းပါတယ် မြန်မာနိင်ငံရဲ့တိုးတက်မူတွေကိုကြိုဆိုပါတယ် ဒါပေမယ့် အရေးအသားတွေထက် လက်တွေ့မှာနည်းနည်းလိုနေသေးတယ် ထင်မိပါတယ်

    ReplyDelete
  5. ၀မ်းသာပါတယ် တိုးတက်မူတွေအတွက်
    ဆက်လက်ကြိုးစားပေးပါ Thank you very much

    ReplyDelete