ကိုနေ၀င်းရဲ့ အင်မတန်ကောင်းတဲ့ သီချငိးတွေကို ခိုင်ထူးဆိုတာ အရင်က ပိုကောင်းတယ်..အခုက အံကြိတ်ပြီး စစ်ချီသီချင်းလို လုပ်ဆိုနေသလိုဘဲ
ကျေးဇူးပါဧရာဝတီအဖွဲ့သားများခင်ဗျား၊ ကိုခိုင်ထူးက အရင်အသံကိုမမီတော့ပေမယ့် ခံစားရတဲ့ ကျနော်တို့အဖို့ကတော့ ဘယ်တော့မှပြန်နှိပ်လို့မရတော့တဲ့ ဘဝရဲ့ reverse ခလုပ်ကြီးကိုပြန်နှိပ်ခွင့်ရပြီး လွန်ခဲ့သော အနှစ် ၂၀ ကျော်ကျော် ၃၀ နီးနီးဘဝကိုပြန်ရောက်သွားသလိုပါပဲဗျာ၊သမိုင်းဝင် မန်မာ့အနုပညာသည်များ ကျန်းမာရွှင်လန်းကြပါစေဗျာ။
88 အရေးတော်ပုံမတိုင်ခင် ခပ်လှမ်းလှမ်းကာလတွေထဲက လမ်းဘေးအုပ်ခုံလေးတွေ ၊ ဓါတ်တိုင်အလင်းအောက်ကပလက်ဖောင်းတွေ ၊ပုရစ်သံစဉ်ညတွေနဲ့ အဆောင်တဝိုက်တွေ ငြိမ်သက်ခံစားနေတဲ့ ဂျပ်ဆင်အိုကြီးဘေးနားတဝိုက်တွေထဲကို reverse ခလုပ်နှိပ်လိုက်သလိုပဲ ပြန်ရောက်သွားတယ်ဗျာ၊ ဘယ်တော့မှပြန်မရတော့ပေမယ့် ဘယ်တော့မှပျောက်ကွယ်မသွားနိုင်တဲ့ ပုံရိပ်တွေ သံစဉ်စာသားတွေ အားလုံး " သို့...တရံတခါဆီ '' မှာ --
အောင်မလေး ချီးကျူုးနေလိုက်ကြတာ ဘယ်နိုင်ငံတကာကဆုတွေ ရထားလို့ ဒီလောက်တောင်ဖြစ်နေရတာလဲ အာရှမှာရော ဘယ်လောက်ပေါက်လို့လဲဒီအနုပညာတေးသံရှင်တွေက ပြောပါဦး
အာရှမှာမကလို့..ဘယ်ဂြိုလ်မှာဘဲပေါက်ပေါက်ကိုယ့်မြန်မာသီချင်းမဟုတ်ရင်နင့်နင့်နဲနဲခံစားလို့ရမလားသောက်ရူးရဲ့...အခုကသံစဉ်ရော..စာသားပါကောင်းပြီးအရမ်းကိုအောင်မြင်ကျော်ကြားခဲ့တဲ့သီချင်းတွေမို့လို့ချီးကျူးတာ..ဘာကြောင့်မနာလြိုဖစ်နေတာလဲ...။
ဒီသီချင်းတွေကို ခံစားကြိုက်နှစ်သက်ကြသူတွေကတော့ ... အောက်မေ့သတိရကြ ... အတိတ်ကို ပြန်လည်လွမ်းဆွတ်တမ်းတမိကြပေမဲ့ ...ဒီအနုပညာရှင်တွေရဲ့ အကြောင်းကို ဘာမှမသိ နားမလည်သူအဖို့ကတော့ ကျွဲပါးစောင်းတီးပြသလို ဖြစ်မှာပေါ့လေ ......
ှဆယ်စုနှစ် နှစ်စုကျော်က၊ ဆိုခဲ့တာတော့ အခုထက်ပိုကောင်းတယ်ပေါ့ဗျာ၊ ဒါကပြောစရာ မဟုတ်ပါဘူး။ အံကြိတ်ပြီးဆိုတဲ့စတိုင်က၊ ခိုင်ထူးကို နှစ်သက်ကြသူတိုင်း၊ သူ့ ရဲ့စတိုင်ပဲဆိုတာ သိကြပါတယ်။ ကျနော်တို့ ကိုယ်တိုင်တောင်၊ အပျင်းပြေ ဂစ်တာတီးပြီးး၊ သူ့ သီချင်းတွေဆိုရင်၊ တမင် အံကြိတ်ဆိုပြီး၊ သူ့ ရဲ့ဟန်တွေကို၊ လိုက်တုခဲ့ကြတာဗျ။ ကိုယ်ပိုင်သံစဉ်တေးတွေကို၊ လှိုက်လှိုက်လှဲလှဲခံစား အားပေးနေကြတာကို၊ ဟို အမည်မဖေါ်လိုသူ တယောက်က၊ ဘာ့ကြောင့်ဝင်ပြီး၊ ငထွားက ခါးနာနေရတာလဲ။ သူရေးတာကို ဖတ်ပြီး၊ ကျနော်လည်း ခိုင်ထူးသီချင်းဆိုတဲ့စတိုင်အတိုင်း၊ ဒေါသဖြစ် အံကြိတ်မိသွားတယ်။ ကိုယ့်လူရေ--- အဲဒီလို အသားလွတ်ကြီးဝင်ပြီး၊ မဝေဖန်ပါနဲ့ ။ ဝေဖန်လို့  မရဘူးလို့  ပြောတာမဟုတ်ဘူး။ ဝေဖန်ပါ၊ ဒါပေမယ့် အကျိုးသင့် အကြောင်းသင့်လုပ်ပါ။ အာရှနဲ့  နိုင်ငံတကာမှာပေါက်ဖို့ ၊ ဆုရဖို့ မလိုပါဘူး။ လှပတဲ့ စကားလုံးလေးတွေနဲ့ ၊ မြန်မာပြည်ထဲက မြန်မာပရိတ်သတ်တွေ၊ လွယ်ကူစွာ နားလည်ခံစားနိုင်အောင်၊ သီကုံး သီဆိုသွားသူတွေကို၊ မုဒိတာပွားပေးဖို့ အတွက်၊ တောင်းဆိုပါတယ်။ နိုင်ငံတကာကို ရင်ပေါင်တန်းနိုင်အောင်လုပ်မယ်ဆိုပြီး၊ အနောက်တိုင်းသံစဉ်တွေချည်း သီဆိုအောင်မြင်နေတဲ့ တေးရေး တေးဆိုတွေကို၊ ကိုယ့်လူ ဘယ်လိုသဘောထားသလဲဆိုတာ၊ အလျဉ်းသင့်ရင် ဒီဘလော့မှာ တင်ပေးပါ။ ကျေးဇူးတင်ပါတယ်။
ကိုနေ၀င်းရဲ့ အင်မတန်ကောင်းတဲ့ သီချငိးတွေကို ခိုင်ထူးဆိုတာ အရင်က ပိုကောင်းတယ်..အခုက အံကြိတ်ပြီး စစ်ချီသီချင်းလို လုပ်ဆိုနေသလိုဘဲ
ReplyDeleteကျေးဇူးပါဧရာဝတီအဖွဲ့သားများခင်ဗျား၊ ကိုခိုင်ထူးက အရင်အသံကိုမမီတော့ပေမယ့် ခံစားရတဲ့ ကျနော်တို့အဖို့ကတော့ ဘယ်တော့မှပြန်နှိပ်လို့မရတော့တဲ့ ဘဝရဲ့ reverse ခလုပ်ကြီးကိုပြန်နှိပ်ခွင့်ရပြီး လွန်ခဲ့သော အနှစ် ၂၀ ကျော်ကျော် ၃၀ နီးနီးဘဝကိုပြန်ရောက်သွားသလိုပါပဲဗျာ၊သမိုင်းဝင် မန်မာ့အနုပညာသည်များ ကျန်းမာရွှင်လန်းကြပါစေဗျာ။
ReplyDelete88 အရေးတော်ပုံမတိုင်ခင် ခပ်လှမ်းလှမ်းကာလတွေထဲက လမ်းဘေးအုပ်ခုံလေးတွေ ၊ ဓါတ်တိုင်အလင်းအောက်ကပလက်ဖောင်းတွေ ၊ပုရစ်သံစဉ်ညတွေနဲ့ အဆောင်တဝိုက်တွေ ငြိမ်သက်ခံစားနေတဲ့ ဂျပ်ဆင်အိုကြီးဘေးနားတဝိုက်တွေထဲကို reverse ခလုပ်နှိပ်လိုက်သလိုပဲ ပြန်ရောက်သွားတယ်ဗျာ၊ ဘယ်တော့မှပြန်မရတော့ပေမယ့် ဘယ်တော့မှပျောက်ကွယ်မသွားနိုင်တဲ့ ပုံရိပ်တွေ သံစဉ်စာသားတွေ အားလုံး " သို့...တရံတခါဆီ '' မှာ --
ReplyDeleteအောင်မလေး ချီးကျူုးနေလိုက်ကြတာ ဘယ်နိုင်ငံတကာကဆုတွေ ရထားလို့ ဒီလောက်တောင်ဖြစ်နေရတာလဲ အာရှမှာရော ဘယ်လောက်ပေါက်လို့လဲဒီအနုပညာတေးသံရှင်တွေက ပြောပါဦး
ReplyDeleteအာရှမှာမကလို့..ဘယ်ဂြိုလ်မှာဘဲပေါက်ပေါက်ကိုယ့်
ReplyDeleteမြန်မာသီချင်းမဟုတ်ရင်နင့်နင့်နဲနဲခံစားလို့ရမလားသောက်ရူးရဲ့...အခုကသံစဉ်ရော..စာသားပါကောင်းပြီး
အရမ်းကိုအောင်မြင်ကျော်ကြားခဲ့တဲ့သီချင်းတွေမို့လို့ချီးကျူးတာ..ဘာကြောင့်မနာလြိုဖစ်နေတာလဲ...။
ဒီသီချင်းတွေကို ခံစားကြိုက်နှစ်သက်ကြသူတွေကတော့ ... အောက်မေ့သတိရကြ ... အတိတ်ကို ပြန်လည်လွမ်းဆွတ်တမ်းတမိကြပေမဲ့ ...
ReplyDeleteဒီအနုပညာရှင်တွေရဲ့ အကြောင်းကို ဘာမှမသိ နားမလည်သူအဖို့ကတော့ ကျွဲပါးစောင်းတီးပြသလို ဖြစ်မှာပေါ့လေ ......

ReplyDelete