အသက် ၆၉ နှစ်အရွယ်မှာ လည်ချောင်းကင်ဆာ ဝေဒနာကို အပြင်းအထန် ခံစားနေရပေမယ့် ရင်ထဲက ခံစားချက်တွေ အုံကြွလာတာနဲ့ ပန်းချီထရေးလေ့ရှိတဲ့ ပန်းချီဆရာကြီး ရာဟုလာ၊ နိုင်ငံရေး အကျဉ်းသားအဖြစ် ၇ နှစ် ထောင်ထဲမှာ နေခဲ့ဖူးသူ ပန်းချီရာဟုလာ၊ ရင်ထဲက အနုပညာကို ရောင်းမစားချင်တဲ့သူ၊ ပန်းချီ မြတ်နိုးသူတွေကို ဆင်းရဲချမ်းသာ မရွေး သူ့ပန်းချီကားတွေကို ခံစားစေချင်သူ ပန်းချီရာဟုလာ ... ပြီးတော့ သူနေထိုင်ရာ မင်းကွန်း ပထိုးတော်ကြီးနားက အိမ်ကလေး၊ သူ့ရဲ့ ရိုးရှင်းတဲ့ ပန်းချီပြခန်းလေးနဲ့ သူ့ရဲ့ ပါရမီဖြည့်ဖက် ဇနီးသည် ... သူ့ မိသားစုဘဝ .... စသည်ဖြင့် ... မနက်ဖြန်မှာ ရာဟုလာ သို့မဟုတ် ဝေဒနာများနဲ့ပန်းချီဆရာ ကို ဧရာဝတီ ဝက်ဘ်ဆိုက် မှာ ဖတ်နိုင်ပါပြီ ...။
တကယ်တော်တဲ့၊ တတ်တဲ့ ဥာဏ်ပညာရှိပြီး အများအကျိုး အတွက်သယ်ပိုးနေတဲ့ သူတွေများကျတော့ အသက်တိုပြီး အနာများလိုက်ကြတာဗျာ ....
ReplyDeleteIt is very sad to see a genius man will end his life with this misery. He supposed to earn well and able to support the family for the brighter future. And he could light up the country to see the truth through his realistic painting.
ReplyDeleteIt is worthy to thank to his family for always supporting him and for their loyalty to him as he does to the people.
Only the Government is not loyalty to their own people... You Government, step down from the power now..... you are not worthy to hold it.
Pass over those power to the right person....DASSK....
People will praise you as people love DASSK... due to she is loved not only by Myanmar people but also the world give respect to her now.. she is the strongest lady in this world..... much much stronger than your stupid.. TS....
လွန်ခဲ့တဲ့လေးနှစ်လောက်က သူနှင့် မင်းကွန်းမှာတွေ့ဖြစ်တယ်။ သူ့အိမ်လည်းရောက်ဖြစ်တယ်။ သူပန်းချီဆွဲတာလည်း ထိုင်ကြည့်ဖြစ်ခဲ့တယ်။ အဲဒီတုန်းကတော့ လည်ချောင်းကင်ဆာမဖြစ်သေးပါဘူးဗျာ။ ဘယ်တုန်းက ဖြစ်သွားတာလဲမသိ။
ReplyDeleteကိုအောင်မြင့်ရဲ့ကျန်းမာရေးသတင်းကြားရတာ စိတ်မကောင်းဘူး... တမြို့တည်းသားတယောက်အနေနဲ့ရော၊ အနုပညာညီငယ် တယောက်အနေနဲ့ရော.. ကိုအောင်မြင့်ကြီးတယောက် ကျန်းကျန်းမာမာနဲ့ ပန်းချီမှော်ဝင်ဆက်လက်ဝင်စားနိုင်ပါစေ ဆုတောင်းမိပါရဲ့ဗျာ.... (ကိုအောင်မြင့်ကြီးတယောက် ကျနော်ရေးလိုက်တာကိုဖတ်ဖြစ်ပါစေလို့ ဆန္ဒပြုမိပါတယ်)
ReplyDeleteသန့်ဇင်
အင်မတန်ချစ်စရာကောင်းတဲ့ အနုပညာရှင်တယောက်ပါ။
ReplyDeleteတမြို့တည်းသားတယောက်အနေနဲ့ရော... အနုပညာညီငယ် တယောက်အနေနဲ့ရော.. ကိုအောင်မြင့်ကြီး ကျန်းကျန်းမာမာနဲ့ ပန်းချီမှော်နောက် တကောက်ကောက် လိုက်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်.. (ကိုအောင်မြင့်ကြီး ဒီစာကိုဖတ်ဖြစ်ပါစေ လို့လည်းဆုတောင်းမိပါရဲ့)
လေးစားမိ
ReplyDeleteသူ့ဘဝ သူ့အနုပညာကို လေးစား
ReplyDelete