Pages

Thursday, August 18, 2011

သမ္မတ မိန့်ခွန်းအပေါ် ပြည်သူတယောက်ရဲ့ အမြင်

မနေ့က ဟောပြောပွဲမှာ ဖိတ်ထားသူတွေနဲ့ အတူ တွေ့ရတဲ့ သမ္မတ ဦးသိန်းစိန် (ဓာတ်ပုံ - အလဲဗင်းမီဒီယာ)

(မျိုးသက်ပိုင်၏ ဖေ့စ်ဘုတ်မှ ကူးယူဖော်ပြပါသည်)

သမ္မတ ဦးသိန်းစိန်က ပြန်လာနိုင်ပါတယ်..။ ခွင့်လွတ်ပါတယ်..။ သို့ပေမယ့် ကျူးလွန်ခဲ့ဖူးတဲ့ အမှုတွေအတွက်တော့ ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို ခံရမယ်..။ အမှုသေးရင်တော့ စဉ်းစားပေးမယ်ပြောတော့ ကျွန်တော့အမြင်အရတော့ ဒါကလည်း အစိုးရတစ်ရပ်အနေနဲ့ မလုပ်မဖြစ်၊ မပြောမဖြစ်မို့ ပြောရတာလားပဲ..။

ဈေးဆစ်သန်တဲ့ လူမျိုးမို့ လားတော့ မသိဘူး..အသံတွေ ဘက်ပေါင်းစုံကနေ ထွက်လာကြတယ်..။ သို့ပေမယ့် ထောက်ပြတဲ့အချက်ကလည်း လူ ၂၀၀၀ ကျော်ကိစ္စဆိုတော့ လက်ခံနိုင်လောက်တဲ့ အချက်ပဲလို့ တွေးမိတယ်..။ တကယ်ပြန်လာရင်တော့ ကောင်းတာပေါ့.. အတိုင်းအထက်အလွန်ပဲလေ..။ သို့ပေမယ့် အိမ်ထမင်းဟင်းမေ့လို့မှပဲ ခုနေပြန်လာတော့ရော၊ သူတို့နေခဲ့တဲ့ ဘတ်စုံခေတ်မှီဖွံဖြိုးတိုးတက်နေတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးများနဲ့တော့ နှိုင်းမရဘူးပေါ့လေ..။ ဒီမှာကခုထိ မြောင်းရေလျှံတုန်း ဆိုတော့..။ အနည်းဆုံးတော့ နယ်စပ်က ဒုက္ခသည်စခန်းတွေမှာ တကယ်ကိုဒုက္ခခံနေရတဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေ အတွက်တော့  မျှော်လင့်ချက်လေး ဖြစ်လာမယ်လို့ ယူဆတာပဲ..။ သူတို့တွေကနေ စပြီး ရွှေလမ်းငွေလမ်းဖောက်ရင် သင့်မယ်လို့ ထင်တာပဲဗျ..။

အခွန်တွေလည်း လျှော့ခဲ့တယ်..။ ထပ်လျှော့ပေးတယ်..။ နောက်ကိုလည်း လျှော့သင့်တဲ့ ကုန်ပစ္စည်းတွေအတွက် လျှော့ပေးမယ်လို့ ပြောတာတွေဟာ နောက်များကျပြီလားပြောချင်တယ်..။ အဘက်ဘက်က နာပြီးရင်းနာနေတဲ့ ပို့ကုန် ကဏ္ဍအတွက်တော့ ဒီအချိန်မှ အခွန်တွေလျော့ပေးတာဟာ သေခါနီးလူမမာကို ဒန်ပေါက်လေးတော့ စားသွားပါဦး ဆိုပြီး စေတနာတွေ ထားပြနေတာနဲ့များ တူနေသလိုလို...။ ဒါပေမယ့် ဒါကမျှော်လင့်မထားရဲခဲ့တဲ့ အပြောင်းအလဲလို့တော့ ၀န်ခံချင်သား..။

နောက်ပြီး ဒေါ်လာဈေးသတ်မှတ်ရေးမှာလည်း အစိုးရအနေနဲ့ တကယ်ကို ရောင်းဝယ်ရာမှာ တာဝန်ခံနိုင်တဲ့ ဈေးနှုန်းဖြစ်ဖို့ကို မျှော်လင့်ကြတယ်..။ တစ်ဒေါ်လာ ၈၀၀/ ၈၅၀ ဆိုတာ မရိုင်းပေမယ့် သိပ်အယဉ်ကြီးတော့လည်း မဟုတ်ဘူးမလား..။ ဒီထက်ပိုနိုင်လေ ကောင်းလေပဲလို့ သဘောရပါတယ်..။ ငွေဆိုတာကြီးက မလိုအပ်ပဲ မာနေရင် လုပ်ရကိုင်ရခက်တယ်ဆိုတာ အားလုံးအသိပါလေ..။

နောက်တစ်ချက်က ခုရေဘေးသင့် ဒေသတွေက လယ်သမားတွေကို ထုတ်ချေးငွေ ၂၀၀၀၀ ကနေ နှစ်ဆတက်ပြီး ၄၀၀၀၀ တင်လိုက်တာကိုလည်း ပြောရှာတယ်..။ မြေဆီ (ဓါတ်မြေသြဇာ) တစ်အိတ်ဘယ်ဈေးပေါက်လဲ ဆိုတာအရင် စုံစမ်းရင်တောင် သိပ်ပျော်စရာမရှိလှဘူးမှတ်တာပဲ..။ ဒီအတွက်လည်း နောက်နှစ်တွေမှာ ဆန်စပါးအသင်းဖွဲ့ပြီး အစိုးရနဲ့ half by half စပါးကို ဈေးပေးဝယ်မယ်လို့ ပြောပါတယ်..။ အရံဆန်အနေနဲ့ ထားမယ်လို့ပြောပါတယ်..။ ဒီလိုပုံစံဟာ အဆုံးရှုံး အလေလွင့်များလွန်းတဲ့ ကုန်သွယ်ရေးခေတ်တစ်ခေတ်ကို ပြန်ထူထောင်တာနဲ့တူနေ သလိုလို..။ နားလည်သလောက်၊ ကြုံဖူးသလောက်တော့ ဘယ်စီးပွား၊ ကုန်သွယ်ရေး ပဲ ဖြစ်ဖြစ် အစိုးရ ၀င်ပါတာနဲ့ ဂွမ်း တာပဲဗျ..။ (ပြောရတာတော့ အားနာလှတယ်)

ဒီကြားထဲမယ် ကပ်လျက်နေတဲ့ ဘေးထိုင်းပြည်က ၀န်ကြီးချုပ်အသစ် လုံးကြီးပေါက်လှ အန်တီလေး ယဉ်လခ်ကတော့ ဆန်စပါးတွေကို တိုက်ရိုက်ပဲ ဈေးမြင့်ထားဝယ်မယ် ဆိုပြီး ပုံစံပြောင်းကိုင်တာလေးကို လေ့လာကြည့်တော့ အတော်ပဲ သဘောကျစရာဗျ..။ ဒီမှာလို တင်းတစ်ရာထွက်ရင် ဘယ်ဈေးပေးပါ့မယ် ဆိုတာမျိုး၊ ထုပ်ချေးငွေတွေကို စပါးဈေးနဲ့ ပြန်ခုနှိမ်ပြီး ချေမယ် ဆိုတာမျိုးတွေ မဟုတ်ဘူး..။ သူ့နည်းက ကြားခံအဆင့်ဆင့်လည်း မလိုသလို၊ အဲ့ဒီအဆင့်ဆင့်သော အဆင့်ဆင့်တွေရဲ့ ကုန်ကျစရိတ်နဲ့ ဘတ်ကီးထုတာတွေကိုလည်း ကာဗာပေးပြီးဖြစ်နေတာကို တွေ့ရတယ်..။ တစ်တင်းထွက်ရင် တစ်တင်းစာ၊ တင်းတစ်ရာထွက်ရင် တင်းတစ်ရာစာ အကျိုးခံစားခွင့် တိုက်ရိုက်ရရှိမယ် ဆိုတဲ့ပုံမျိုးဗျ..။ ပြီးတော့ ထိုင်းဘတ်ဈေးကိုလည်း ဈေးချဖို့လုပ်တယ်ဆိုတာကြောင့် ကျုပ်တို့နဲ့များ ပြောင်ပြန်ဆိုပြီး အံသြယူရပါသေးတယ်..။ ခုတော့ ကမ္ဘာ့ဆန်ဈေးပါ အထိုက်အလျောက် မြင့်တက်လာတာ ကြောင့် မြန်မာ့ဆန်လည်း ရောင်းအားလေးနဲနဲ အတက်ပြလာတာကို တွေ့ရပါတယ်..။

ဘာပြောပြောပေါ့လေ..။ ထွက်စာတင်တယ်လို့ သတင်းတွေ ထွက်လာပြီး နောက်ပိုင်းမှာမှ ဒေါ်စုနဲ့ တွေ့ဆုံဆွေးနွေးတာလေး စိတ်လာတယ်..။ ကြေညာချက်တွေ ထုတ်ပြန်တာလည်း ရှိလာတယ်..။ ခရီးထွက်တော့လည်း အေးအေးချမ်းချမ်းနဲ့ ပြီးပြတ်တယ်..။ လက်နက်ကိုင်တွေနဲ့သဘောထားမှာလည်း ပျော့ပြောင်းတန်သလောက် ပျော့ထားပေးတာတွေလည်း မြင်ရတယ်..။ နောက်တစ်ဆင့်တက်ပြီး နိုင်ငံတော် အကြီးအကဲက သတ်မှတ်ခဲ့တဲ့ အခွန် ၁၀% ကို အခု နိုင်ငံတော် သမ္မတက ၂% ထိ ပြန်ဖြည်လျှော့ပေးလိုက်တယ်ဆိုတော့ နည်းနည်းတော့ တွေးစရာ ဖြစ်လာသလားပဲဗျ..။ ဒီလိုပဲ လမ်းဘေးဈေးသည်ကယ်တင်ရေးနဲ့ ဧရာဝတီကယ်တင်ရေးတို့မှာလည်း မထင်ထားတဲ့ အပြောင်းအလဲလေးတွေများ ရလာမလားလို့.... ထုံစံအတိုင်း.... မျှော်လင့်ရတာပါပဲဗျာ....။

5 comments:

  1. မောင်ကောင်းAugust 18, 2011 at 9:23 PM

    လက်ရှိအသစ်တက်လာတဲ့ အဟောင်းအမြင်းသမ္မတအသစ်နဲ့အစိုးရကို အမျိုးမျိုးသောအကောင်းမြင်ဝါဒရှု့ဒေါင့်ကနေကြည့်ပါတယ်ဘယ်လိုမှကောင်းလာဖို့ ဖြစ်မယ်မထင်ပါဘူး အဓိကပြဿနာကပန်းရံကျွမ်းကျင်သူကို ပန်းတိမ်သွားလုပ်ခိုင်းလို့မရပါဘူး ထိုနည်း၎င်းပဲ တိုင်းပြည်ကြီးဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ အသိပညာရှင်အတတ်ပညာရှင်တွေအလုပ်ပါ စစ်တပ်က ဘာမှမသိပဲလုပ်ချင်တာဝင်ဝင်လုပ်နေတော့ ဂွမ်းကုန်တာပေါ့ ၊ အခုတမျိုးပြောင်းလာတာကျပြန်တော့ ဘေးနားမှာအကြံပေးထားပြီး ပညာရှင်ထားပြီး လုပ်ကြည့်စမ်းကြည့်နေပြန်ပါသေးတယ် ဒါလဲပဲဖြစ်လာမယ်မထင်ပါဘူး အသိပညာရှင်အတတ်ပညာရှင်တွေရဲ့ သဘောကိုက လွတ်လပ်စွာလုပ်ပိုင်ခွင့်ပေးကိုပေးရပါမယ် ကြိုးကိုင်ထားလို့လဲမရပါဘူး၊ ပြည်သူတွေက ၃လကျော်ပြီ ဘာမှမဖြစ်သေးဘူးလို့ ထ အော်တော့မှ တွေ့ဆုံပွဲတွေ ရှင်းလင်းပွဲတွေ ကပေါက်တိကပေါက်ချနဲ့ ထလုပ်ကုန်တာလို့ပဲမြင်ပါတယ်၊ အဓိက ကတော့ ဗျာ တကယ်စေတနာရှိရင် ရင်ဘတ်ကြီးထဲမှာ ရှင်းနေကြဖို့လိုပါတယ်။

    ReplyDelete
  2. ကိုမောင်ကောင်းလည်း အမြင်တွေ မကြာခဏ ဝင်ရေးပေးတာ ကြိုဆိုပါတယ်။ ကိုမောင်ကောင်းအပါအဝင် တခြားသူတွေရော လက်ရှိ မြန်မာ့အရေးနဲ့ပတ်သက်လို့ စာတတန်ပေတတန်ရေးသားလိုကြရင် ဧရာဝတီဘလော့ဂ်က ဖိတ်ခေါ်ပါတယ်။ တူသောအမြင်ဖြစ်စေ၊ မတူတဲ့ အမြင်ဖြစ်စေ ဆဲဆို ပုတ်ခတ်မှု မပါရင် ကြိုဆိုပါကြောင်း

    ခင်မင်လျက်
    ခက်ထန်
    ဧရာဝတီ ဘလော့ဂ် စီမံသူ

    ReplyDelete
  3. ပြောစရာ ရှိမှတော့ ၀င်ပြောရတော့မှာဘဲ .. သိန်းစိန်ပြောတဲ့ မိန့်ခွန်းတွေကိုဘဲ ပြန်လည် သုံးသပ်ထားတာပါ . ၁။ (ကျွန်တော့အနေနဲ့ ကျွန်တော်တို့ အစိုးရအဖွဲ့အား ပြည်သူများ ရွေးချယ် တာဝန်ပေးအပ်ခဲ့ပြီး ) ဒီလို ပြောထားကတဲက လွဲနေပါပြီ ...ပြီးတော တိုတောင်းတဲ့ ကာလလေးအတွင်းမှာ လုပ်ခဲ့တဲ့ ရည်ရွယ်ချက် နဲ့ လုပ်ငန်းစဉ်တွေကိုလည်း ပြောပါတယ် .. ဒါပေမဲ့ တကယ်လက်တွေ့ မလုပ်ခဲ့ပါဘူး .. တကယ်တန်း စေတနာရှိတယ်ဆိုရင် ဘာကို အရင်လုပ်ရမယ်ဆိုတာ နိုင်ငံရေး နားလည်သူအားလုံး သိပါတယ် .. ပြည်ပရောက်နေတဲ့ ပြည်သူတွေထဲမှာ အသိပညာရှင် အတတ်ပညာရှင်တွေ ရှိတယ်ဆိုတာ အစောကတဲက သူတို့သိပေမဲ့ စစ်တွေး တွေးပြီး ထည့်မတွက်ခဲ့ကြဘူး.. ဒါပေမဲ့ ဒီကနေ့ခေတ်မှာ သိပ်ကို လိုအပ်နေပြီ ဆိုတာ သိလာကြပြီ .. စစ်သားနဲ့ နိုင်ငံရေး ဘာမှမဆိုင်ဘဲ ၀င်လုပ်ခဲ့လုပ် ခုလို ဆင်းရဲမွဲတေကုန်တာပါ ..ရှင်းရှင်းပြောမယ် .. သူတို့တွေ ပြောတဲ့ စကားတွေ ဘယ်လောက်ဘဲ လှလှ လက်တွေ့မကျတဲ့ စကားလုံးတွေအတွက်တော့ ကျုပ်တို့က မယုံဘူးဆိုတာဘဲ ... စကားတွေ ပြောပြီး အောက်ခြေထိ ကိုယ်တိုင်ကိုယ်ကျ ဆင်းပြီး လေ့လာရဲတဲ့ သတ္တိ မရှိသ၍တော့ ဘာမှ ဖြစ်မလာပါဘူး .. ဒါတောင်မှ အမှန်ကို အမှန်အတိုင်း ပြောဆိုမှုတွေကို နားထောင် လိုအပ်တာကို ဖြည့်ဆည်း ပြုပြင်ပါမှ ခင်ဗျားတို့ ပြောတာကို နဲနဲ အာရုံစိုက်လိုက်မှာပါ ... သမ္မတအဖွဲ့ကို ဒီအဖွဲ့က ကြိုးကိုင် ကြိုးကိုင်ထားတဲ့ အဖွဲ့ကို ဟိုဘက်က ပြန်ထိန်း... ဘယ်မှာလဲ သူလမ်းစဉ်နဲ့သူ လုပ်ပိုင်ခွင့် ..အင်း .. ရင်လေးပါတယ် ..နောက်မှဘဲ ဆောင်းပါးရှည်ရေးပြီးတော့ ပို့လိုက်တော့မယ် ကိုခက်ထန်ရေ ...

    ReplyDelete
  4. I want to ask U Thein Sein about his gov. IF he wants a clean gov, his gov also need to check whether they are guilty how many people did they kill in the past? How many innocence people do they put in Jail?? How many monk and people do they torture??

    ReplyDelete
  5. ဘာပဲဖြစ်ဖြစ် တချိန်ကျရင် မြန်မာနိုင်ငံသားဆိုတာ..အာရှမှာ ဥရောပမှာပါ..
    ဒီလိုစိတ်ဓါတ်ကောင်းတာ...
    ဒီလိုကူညီရိုင်းပင်းတတ်တာ...
    ဒီလို ထက်မြက်ကြတယ်ဆိုတ....
    ဒီလို ဘာသာတရားကိုင်းရှိုင်းတာ...
    ဒီလို မြတ်စွာဘုရားစကားကို တသွေမတိန်း လိုက်နာတယ်ဆိုတာ.....
    သိလာကြပြီဆိုရင်...
    လူဖြစ်ရကြိုး...မြန်မာနိုင်ငံသား ဖြစ်ရကြိုး နပ်ပါပြီ...

    Royal Dear
    (Singapore)

    ReplyDelete