Pages

Tuesday, August 16, 2011

ထူးအိမ်သင်ရဲ့ သမီးလေး မိကွန်ထော



-


တုနှိုင်းမဲ့ရတနာ တဲ့။
မြင့်မိုးအောင် ရေးဖွဲ့ပေးတဲ့ သီချင်း။ ကိုယ်ပိုင်သံစဉ်တော့ ဟုတ်ပုံမရပါ။
ဒီသီချင်းကို ဗီစီဒီရိုက်တော့ မြင့်မိုးအောင်က ဒါရိုက်တာ။
သရုပ်ဆောင်က သမီးလေး မိကွန်ထော တဲ့။

စစချင်း ထူးအိမ်သင်ရဲ့ သမီးလေး မိကွန်ထောကို တွေ့ရမှာပါ။
သီချင်းက ၁ မိနစ် ၁၂ စက္ကန့်ကျော်မှ အစပြုပါတယ်။




တုနှိုင်းမဲ့ရတနာ


မနက်ခင်းပွင့်တဲ့ ပန်းလေးထက်ကို ပိုမွှေးတာ
ချစ်သမီးလေးရဲ့ ပါးနုနုလေးတွေမှာ
ငှက်ကလေးများရဲ့ တေးချင်းထက်ကို ချိုမြတာ
ချစ်သမီးလေးရဲ့ စကားလေးများ ကြားစဉ်အခါ

ကမ္ဘာကြီးထဲ ဘယ်သူ ဘယ်အရာမှ နှိုင်းမရ
ရင်ထဲက ရတနာတပါး
အို .. အနက်ရှိုင်းဆုံး ချစ်မေတ္တာတရား
သမီးလေးသာ ဖန်ဆင်းပေးနိုင်ခဲ့တာ
ရင်မှာ စိမ့်စမ်းရေအလား
စီးဆင်းနေ ဒီမေတ္တာ
ထာဝရ သမီးလေး အတွက်ပါ။

အလှဆုံးအပြုံးလေးများ
နှုးညံတဲ့ နှုတ်ခမ်းပေါ်မှာ
ချစ်သမီးလေး အမြဲတမ်း သိမ်းပိုက်ခွင့်ရစေသား

ဘာမဆို ရင်ဆိုင်ကာ တိုက်ခိုက်ဖို့
အသင့်အနေအထား
ပျော်ရွှင်ပါစေ တသက်လုံး
သမီးလေးရဲ့ ကိုယ်မှာ

အို သမီးအတွက်
အရာရာ ခံယူရဲခဲ့ပြီ
အို နှလုံးသား ရတနာတပါး

အို .. အနက်ရှိုင်းဆုံး ချစ်မေတ္တာတရား
သမီးလေးသာ ဖန်ဆင်းပေးနိုင်ခဲ့တာ
ကြည်လင် စိမ့်စမ်းရေအလား
စီးဆင်းနေ ဒီမေတ္တာ
ထာဝရ သမီးလေး အတွက်ပါ။

မနက်ခင်းပွင့်တဲ့ ပန်းလေးထက်ကို ပိုမွှေးတာ
ချစ်သမီးလေးရဲ့ ပါးနုနုလေးတွေမှာ
ငှက်ကလေးများရဲ့ တေးချင်းထက် ပိုချိုမြတာ
ချစ်သမီးလေးရဲ့ စကားလေးများ ကြားစဉ်အခါ


အို
.. သမီးအတွက်
အရာရာ ရင်ဆိုင်ရဲခဲ့ပြီ
အို
.. နှလုံးသား ရတနာတပါး

အို .. အနက်ရှိုင်းဆုံး ချစ်မေတ္တာတရား
သမီးလေးသာ ဖန်ဆင်းပေးနိုင်ခဲ့တာ
ကြည်လင် စိမ့်စမ်းရေအလား
စီးဆင်းနေ ဒီမေတ္တာ
ထာဝရ သမီးလေး အတွက်ပါ။


.. အနက်ရှိုင်းဆုံး ချစ်မေတ္တာတရား
သမီးလေးသာ ဖန်ဆင်းပေးနိုင်ခဲ့တာ
ရင်မှာ စိမ့်စမ်းရေအလား
စီးဆင်းနေ ဒီမေတ္တာ
ထာဝရ သမီးလေး အတွက်ပါ။


ထာဝရ သမီးအတွက်ပါ
ထာဝရ သမီးအတွက်
အဖေ့မေတ္တာ။

ဒီသီချင်းဟာ သူကွယ်လွန်ပြီး တနှစ်အကြာမှာ ထွက်လာတဲ့ ချစ်ခြင်းအားဖြင့် စီးရီးထဲက ဖြစ်ပါတယ်။




-

9 comments:

  1. ‌သြော်..ကိုငှက်သမီး‌လေး‌တောင်ဒီအရွယ်‌ရောက်
    ‌နေပြီဘဲ..ချစ်စရာ‌ကောင်းလိုက်တာ...သမီး‌လေးကို
    မြင်‌တွေ့ခွင့်ရ‌အောင်ရိုက်ကူး‌ပေးတြဲ့မင့်မိုး‌အောင်ကို
    ‌ရော..ကြည့်ရှူခွင့်ရ‌အောင်တင်‌ပေးတဲ့ဧရာဝတီကို‌ရော..‌ကျေးဇူးအထူးတင်ပါတယ်...။

    ReplyDelete
  2. သနားစရာကောင်းတဲ့ ကလေးလေးရေ ----

    အဖေ မရှိတော့တဲ့ခရီးလမ်းထဲ ရဲရဲရင့်ရင့် လျှောက်လှမ်းနိုင်ပါစေလို့ ဦးဆုတောင်းပေးပါတယ်ကွယ်

    ReplyDelete
  3. ကိုချာ(ပင်လယ်ကွေ့)
    တကယ်တော့ ဒီသီချင်း DVD ကသမီးလေး၅တန်း၆တန်းလောက်ကရိုက်ခဲ့တာပါ။ အခုဆို သမီးလေးမိကွန်ထောက တကသိုလ်ဝင်တန်း(၁၀)တန်းလောက်ရောက်နေပါပြီ။ သမီးလေး တကသိုလ်ဝင်တန်းကို အမှတ်ကောင်းကောင်း နဲ့အောင်မြင်ပါစေလို့ ဆုတောင်းရင်း သမီးလေးကို တိုက်တွန်းလိုက်ပါတယ်။

    ReplyDelete
  4. Thanks for ur post! He is my favorite singer

    ReplyDelete
  5. Mi Kun Htaw, May you become a successful person in every field... Don't give up, whatever, keep going on.....

    ReplyDelete
  6. ကိုယ်ပိုင်သံစဉ်တော့ဟုတ်ပုံမရပါ ဆိုတာဘယ်လိုအထောက်ထားနဲ့များပြောတာလဲဗျ. မူရင်းသီချင်းရှိတယ်ဆိုရင်လဲလင်ခ့်လေးတစ်ချက်လောက်ဗျာ. ၂မျိုးစလုံးအားပေးချင်လို့ပါ။

    ReplyDelete
  7. Hi Irrawaddy,

    That's real own tune.

    ReplyDelete
  8. ဒီသီချင်းလေးက မြင့်မိုးအောင် ရေးပေးတဲ့ ကိုယ်ပိုင်သံစဉ်ပါခင်ဗျာ။ ကိုမြင့်မိုးအောင်က မိုဘီဂျီနိုမှာ ပြောသွားပါတယ်။ ကိုမြင့်မိုးအောင် ရေးတယ်ဆိုပေမယ့် ကိုငှက်ကြီးရဲ့ စကားလုံးလေးတွေ သံစဉ်လေးတွေလည်း ပါချင်ပါပေမပေါ့။ ဘာလို့လဲဆိုတော့ စကားလုံးမရှိတဲ့ ကောင်းကင် အခွေကို ကိုမြင့်မိုးအောင် ရေးပေးတယ်ဆိုပေမယ့် ကိုငှက်ကြီးကပဲ တချို့စာသားတွေ အဆင်မချောတာတွေကို ပြင်ဆင်ပေးတာတွေ လုပ်ပေးခဲ့ပါတယ်လို့ ကိုမြင့်မိုးအောင် ကိုယ်တိုင်က တီဗွီအစီအစဉ်တစ်ခုမှာ ပြောပြသွားခဲ့ဖူးပါတယ်။

    ReplyDelete
  9. ကိုမြင့်မိုးအောင် ကိုယ်တိုင်ပြောထားတာ ကြားချင်ရင် BBC က မိုနို ဂျီနို နဲ့ ထူးအိမ်သင် အစီအစဉ်မှာ သွားနားထောင် လို့ရပါတယ်။ ကိုမြင့်မိုးက.... "ဌက်ကြီးဘ၀နဲ့ လည်း လိုက်ဖက်တဲ့ ကိုယ်ပိုင်သံစဉ် သီချင်းလေး လဲဖြစ်လို့ ကျွန်တော်အကြိုက်ဆုံး ပါတဲ့။

    ReplyDelete