Pages

Wednesday, August 24, 2011

စိုးရိမ်မိတယ် ဧရာဝတီ

-


ဆရာဝန်၊ လူနာနဲ့ ဟောလစ်ပုလင်း ကို တုံ့ပြန်ခြင်း
သိန်းမြင့်

ခေါင်းစဉ်မြင်လိုက်တာနဲ့ လာပြန်ပြီ ဧရာဝတီကယ်တင်ရှင် တစ်ယောက်လို့ မထင်လိုက်ကြပါနဲ့။ ဧရာဝတီဆိုတာ ပြည်ပအခြေစိုက် ဧရာဝတီသတင်းဌာနကိုဆိုလိုတာပါ။
ဘာလို့ဒီလိုခေါင်းစဉ်တပ်ရသလဲဆိုတော့ ဆရာဝန်၊လူနာနဲ့ ဟောလစ်ပုလင်း လို့ခေါင်းစီးနဲ့ ရေးထားတဲ့ ဘလော့တစ်ခုကို ဖတ်မိလို့ဖြစ်ပါတယ်။ ဘလော့ရေးသားသူက စည်သူလို့ ဖတ်လိုက်ရပါတယ်။
သူကဘယ်လိုရေးထားလဲဆိုတော့ လူနာက ဗိုက်အောင့်လို့ဆေးရုံတက်တယ်။ ဆရာဝန်ကခွဲခ သုံးသိန်းတောင်းလို့ အိမ်ကိုဖုန်းဆက်ပြီး ပိုက်ဆံမှာရမယ်ပြောပါတယ်။
ဆရာဝန်ကမရဘူး၊ ရော့ပတ္တမြား၊ ရော့နဂါးပဲလို့ ပြောပြီးလူနာခန်းက ထွက်သွားတယ်။ အဲဒါကိုလူနာ မကျေနပ်လို့ ဟောလစ်ပုလင်းနဲ့ လိုက်ထုတယ်ဆိုပဲ။
သတင်းအတိအကျမသိပဲ အဲဒီအလော့ကိုဖတ်မိရင်တော့ ဆရာဝန်ကို ဘယ်လောက်အော်ကလီဆန်လိုက်မယ်ဖြစ် ခြင်း။
ရေးတဲ့သူက တကယ်ကိုပီပီပြင်ပြင် လူနာနာမည်နဲ့ ဆရာဝန်နာမည်ကိုရေးပြီး ဇာတ်လမ်းလုပ်ထားတယ်။
ဘေးကသူနာပြုရဲ့ အပြောနဲ့ ကျန်းမာရေးဝန်ကြီးညွန်ကြားချက်ကို သတင်းထဲရေးပြီး အပီအပြင် ရေးဆွဲထားတဲ့ ဘလော့ဟာ သတင်းအတိအကျ လို့မပြောယုံတမယ်ပေါ့ဗျာ။
ဒါပေမယ့် တကယ်သတင်းအတိအကျသိတဲ့ သူတွေဖတ်မိမယ်လို့ သူမတွေးထားတော့ သူ ၀က်ဝက်ကွဲ ကလိမ်စေ့ငြမ်းဆင်ထားတဲ့ သတင်းဟာ ဘူးပေါ်သလို ပေါ်လာရတာပေါ့။

တကယ့်တော့ဒီသတင်းကို ကျနော်ကြားတာ ကြာလှပါပြီ။ ကြာဆိုကျနော်က နေပြည်တော်မှာ တာဝန်ကျနေတဲ့ လက်ထောက်ဆရာဝန်လေ။
ဖြစ်စဉ်ကို မပြောချင်ပေမယ့် ခုတော့မဖြစ်မနေ ပြောလိုက်ပါတော့မယ်။ မသိရှိသေးသူများသိအောင် နဲ့ မီဒီယာတွေရဲ့ တစ်ချို့လွဲနေတဲ့လုပ်ရပ်ကို မီမောင်းထိုးချင်တာကြောင့် ရေးရခြင်းဖြစ်ပါတယ်။
လူနာက ဆရာဝန်ကို ဟောလစ်ပုလင်းနဲ့ ရိုက်တဲ့နေ့က တိုက်တိုက်ဆိုင်ဆိုင် ဇူလိုင်19 အာဇာနည်နေ့မှာပါ။
ရိုက်ရတဲ့ အကြောင်းအရင်းကို အသိအကျမသိပေမယ့် ဖြစ်နိုင်ခြေကတော့ သူ့လိုဘမပြည့်လို့ပဲလို့ ယူဆရတယ်။
ဘာလို့ဆို လူနာက အခင်းမဖြစ်ခင် လွန်ခဲ့တဲ့နှစ်ရက် ညနေက ဗိုက်အောင့်ရောဂါနဲ့ ဆေးရုံလာတက်ပါတယ်။ လာတုန်းကတော့ အသည်းအသန်ပေါ့ဗျာ။
အရက်ကြောင့် အစာအိမ်ရောင်ရမ်းလို့ နာတဲ့ ရောဂါဖြစ်ပါတယ်။
ဆေးရုံမှာ နှစ်ရက်ကုလိုက်တော့ ဗိုက်အောင့်သက်သာလာတာနဲ့ အဲဒီပြဿနာဖြစ်တဲ့နေ့ မနက်ပိုင်း စောစောမှာ တာဝန်ကျ ဆရာဝန်ဆီ ဆင်းခွင့်တောင်းပါတယ်။
ဆရာဝန်ကလည်း ဆေးရုံဆင်းခွင့်လိုချင်ရင် ဆရာဝန်ကြီး မနက်လူနာလာကြည့်ချိန်ကျမှ ဆင်းခွင့်တောင်း၊ သင့်တော်ရင်ဆင်းခွင့်ပြုမယ်လို့ ပြောပြီး နားနေခန်းထဲဝင်လိုက်ပါတယ်။
အဲဒီအချိန်မှာ အခန်းထဲဘယ်သူမှ မရှိပါဘူး။ သူနာပြုတွေလည်း မနက်လူနာဆေးထိုး၊ ဆေးစစ်လုပ်နေကြတော့ အခန်းထဲမှာ ဆရာဝန်တစ်ယောက်ထဲ ရှိနေပါတယ်။

ဒါကိုလူနာမကျေနပ်လို့လား၊ ဘာလားတော့ မသိဘူး နားနေခန်းထိလိုက်ပြီး လက်တစ်ဘက်က ကိုင်ထားတဲ့ဟောလစ်ပုလင်းနဲ့ ဆရာဝန်ကို လှမ်းထုပါတယ်။
လူနာအခန်းထဲထိလိုက်လာတာကို သတိထားမိတဲ့ ဆရာဝန်က လက်နဲ့ကာလိုက်လို့ လက်ဖျံမှာ ပုလင်းရှဒဏ်ရာရသွားခဲ့တယ်။
ဒါကိုလူနာက မကျေနပ်သေးဘဲ ကျန်လက်တစ်ဘက်မှာ ကိုင်ထားတဲ့ ကျိုင့်နဲ့ ခေါင်းကိုထပ်ရိုက်ပါတယ်။
ဆရာဝန်လည်း လက်နဲ့ ထပ်ကာပြီး အခန်းထဲက ထွက်ပြေးပြီး ကပ်ရက်က minor room (ထိခိုက်ရှနာ ဒဏ်ရာအသေးတွေ ဆေးထည့်တဲ့ ခွဲစိတ်ခန်းငယ်) ထဲဝင်ပုန်းနေရပါတယ်။
လူနာကတော့ ဟောလစ်ပုလင်းကွဲစကိုင်ပြီး ဆရာဝန်ကိုမမြင်တော့ မြင်တဲ့ တစ်ခြားကျန်းမာရေးဝန်ထမ်းတွေကို ဆက်ပြီးရန်ရှာပါတယ်။ ဒါကို မခံနိုင်တဲ့ လူနာစောင့်တစ်ချို့က အဲဒီလူနာကို ၀ိုင်းဝန်းထိုးကြိတ်ပြီး ဖမ်းချုပ်လိုက်ပါတယ်။ ပြီးမှ ဆေးရုံကရဲစခန်းကို အကြောင်းကြားပြီး အဲဒီရမ်းကားတဲ့ လူနာကို ဖမ်းခေါ်သွားပါတယ်။
ဒီပြဿနာကို အမြန်ဆုံးထိရောက်စွာ ဖြေရှင်းဖို့ နေပြည်တော်ကောင်စီက အမိန့်ချပါတယ်။ မှားတဲ့သူ ဘယ်သူဆိုတာ အဆင့်ဆင့် အကြောင်းကြားထားတော့ နေပြည်တော်ကောင်စီကလည်း သိရှိထားပြီးဖြစ်ပါတယ်။ ဒီလိုသတင်းမျိုးကို စည်သူဆိုတဲ့ပုဂ္ဂိုလ်က ဧရာဝတီဘလော့မှာ ဒီလိုရေးထားတော့ ဆရာဝန်တွေကို ရည်ရွယ်ချက်ရှိရှိပုတ်ခတ်ထားမှန်း သိပ်သိတာပါတယ်။
ကျနော်ဟာ နိုင်ငံရေးတွေ၊ ဘာတွေကိုနားမလည်ပါဘူး။ ၀ါဒဖြန့်တာတွေ၊ဘာတွေလည်း မသိပါဘူး။

ဒါပေမယ့် ဒီဘလော့ကိုဖတ်ပြီး သတင်းတစ်ခုကို လိုရာပုံသွင်းပြီးရေးလို့ ရပါလားလို့ သိလိုက်ရတော့ သတင်းဆိုတိုင်း မယုံရဲတော့တာ အမှန်ပါခင်ဗျား။
ကျနော်တို့ဆရာဝန်တွေကို မီဒီယာသမားတွေ ကြည့်မရတဲ့ တစ်ချို့လူတန်းစားတွေနဲ့ တစ်တန်းတည်းထဲ့ထားပြီလားလို့ စိုးရိမ်မိတာကတော့ အဓိကပါ။
တကယ်တော့ ဆရာဝန်ဟာ ပြည်သူထဲကပေါက်ဖွားလာတဲ့ ပြည်သူပါပဲ။ သူဟာ လူနာတွေရဲ့ ကျန်းမာရေးကိုစောင့်ရှောက်ရတဲ့ အလုပ်ကလွဲရင် ကျန်တာမသိပါဘူး။
ခုတော့ လူနာကျန်းမာရေးလည်း စောင့်ရှောက်ရတယ်။ မီဒီယာရဲ့စော်ကားမှုတင်မကဘူး၊ လူနာကိုယ်တိုင်ရဲ့စော်ကားမှုတောင်ခံနေရပါလားလို့ တွေးပြီး ၀မ်းနည်းမိပါတယ်။
မြန်မာပြည်မှာ ဆရာဝန်လုပ်ရတာ မိအေးနှစ်ခါနာများ ဖြစ်နေပြီလားလို့ သံသယရှိလာပါတယ်။ သူကဆေးရုံဆင်းချင်တာ မပေးလို့ဒီလိုလုပ်တယ်ဆိုလည်း ဆေးရုံဆိုတာ လူနာတိုင်းကြိုက်သလိုနေလို့ရတဲ့ဌာနတစ်ခုပါ။ သူဆက်ပြီးမနေချင်ရင် ခိုးဆင်းသွားနိုင်ပါတယ်။
ဒါမှမဟုတ် ယဉ်ယဉ်ကျေးကျေးလေးနဲ့ လက်မှတ်ထိုးဆင်းသွားနိုင်ပါတယ်။ ဒီလိုတုန့်ပြန်စရာမလိုပါဘူး။ ခုတော့ ဥပဒေတိုင်းသွားရင် သူပဲနစ်နာသွားပြီလေ။ ဒါကို ကျနော်တို့ စိတ်မကောင်းပါဘူး။ ဒီသတင်းကိုလည်း အရသာရှိရှိ မရေးချင်တာအမှန်ပါပဲ။ ဒါပေမယ့် သိသိကြီးနဲ့ လစ်လျူရှုလိုက်ရင် ပိုဆိုးသွားမယ်လို့ ယုံကြည်တာကြောင့် ရေးသားဖော်ပြလိုက်ရပါတယ်။

တကယ်တော့ စော်ကားတဲ့လူနာကို ကျနော်တို့ နားလည်ခွင့်လွှတ်ပေးနိုင်ပါတယ်။ ကျနော်တို့နားမလည်တာကတော့ မီဒီယာရဲ့သတင်းဖော်ပြချက်ပါပဲ။
မီဒီယာသမားတိုင်းအဆိုးမြင်သမားတွေလို့ ကျနော်တို့မသတ်မှတ်ပါဘူး။ ဆရာဝန်ဆေးကုနေသည်။ ကျောင်းဆရာစာသင်နေသည်။ နိုင်ငံရေးသမားနိုင်ငံရေးလုပ်ပါ သည်လို့ပဲ ရေးရမှာ မဆိုလိုပါဘူး။ watchdog ဆိုတဲ့အတိုင်း အမှားတွေလုပ်ရင်ထောက်ပြရမှာပါ။
ဒါပေမယ့် ဆရာဝန်တွေအမှားကို တခမ်းတနား စာဖွဲ့တတ်ပြီး ဆရာဝန်တွေ ဘလိုင်းစော်ကားခံရတဲ့ခါ အသံတိတ်နေတတ်တာဆိုတော့ မီဒီယာဟာဘယ်လိုလဲလို့ စိုးထိတ်မိတာ အမှန်ပါပဲဗျာ။

12 comments:

  1. """"ကျနော်ဟာ နိုင်ငံရေးတွေ၊ ဘာတွေကိုနားမလည်ပါဘူး။ ၀ါဒဖြန့်တာတွေ၊ဘာတွေလည်း မသိပါဘူး။ """

    Those words say... Mr Writer, you are idiot doctor.....

    ReplyDelete
  2. ကေကေအိုAugust 24, 2011 at 4:20 PM

    ပထမအတင်း၊ အဲ ပထမသတင်းကို ဖတ်လိုက်ရတုန်းက လူနာကို သနားပြီး ဆရာဝန်ကို မေတ္တာပို့ဖူးတယ်။ အခုအတင်း၊ အဲ အခုသတင်း ဖတ်လိုက်ရတော့ ဆရာဝန်ကို သနားပြီး လူနာကို မေတ္တာပို့ရတယ်။ တတ်လဲတတ်နိုင်ကြပါတယ် အတင်း၊ အဲ သတင်းဆရာတို့ရယ်။

    ReplyDelete
  3. လက်ထောက်ဆရာဝန်လေးခင်ဗျား။ လက်သည်းဆိတ်တော့ လက်ထိတ်နာ ဆိုတာလို ဆရာဝန်တယောက် မကောင်းတာကိုပြောတော့ ကျန်တဲ့ဆရာဝန်က လက်မခံနိုင်ဘူး ဖြစ်တာ နားလည်နိုင်ပါတယ်။ ကျနော်အနေနဲ့ကတော့ ဆရာဝန်တိုင်းမကောင်းဘူးလို့ မဆိုလိုပါ။ ဆန့်ကျင်ဖက်အနေနဲ့ ဆရာဝန်တိုင်း ကောင်းတယ်ဆိုတာလဲ လက်မခံပါ။ ဆရာဝန်လေးသာ အဲ့ဒီလူနာနေရာမှာဆို ပေးမဆင်းရုံနဲ့ ပုလင်းနဲ့ထရိုက်မလား စဉ်းစားပါ။ ကျနော်ဆိုရင်တော့ ပေးမဆင်းရုံနဲ့ မရိုက်ပါဘူး။ လူနာအနေနဲ့ ဆေးရုံကနေဆင်းဖို့မခက်ဘူးဆိုတာ ကျနော်လဲ သိသလို ပြည်သူတွေလဲသိပါတယ်။ ဒီတော့ ပေးမဆင်းလို့ရိုက်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ရိုက်တဲ့လူနာ မှားတယ်ဆိုတာလက်ခံပါတယ်။ ဆရာဝန် ဘာမှမပြောဘူး၊ မလုပ်ဘူးဆိုတာကတော့ ဆရာဝန်လေး အရေးအသားအရ ဆရာဝန်လေး အာမခံပေးနိုင်တာ သေချာပါတယ်။ ကျနော့အတွေ့အကြုံတခုကို ပြောပြချင်ပါတယ်။ ဆေးရုံတရုံမှာ ရေသန့်စက်တလုံးလာလှူတုန်းက လှူတဲ့သူက ရေသန့်စက်တင်မကဘူး တပ်ဆင်တာ မီးကြိုးသွယ်တာ အပြင် ရေဖိုးပါလှူမှ ရေသန့်စက်အလှူကိုလက်ခံမယ်ဆိုလို့ လှူတဲ့သူက ပိုတောင်ကုသိုလ်ရတယ်ဆိုပြီး ဝမ်းသာအားရ ရေပါလစဉ်လှူဖို့ တာဝန်ယူသွားပါတယ်။ ဆေးရုံကဘယ်လိုစဉ်းစားလဲတော့ မသိဘူး လှူတဲ့ပြည်သူကတော့လှူချင်လွန်းလို့သာ ဖြစ်အောင်လှူရတာ။ စဉ်းစားကြည့်ပါ။ ဆရာဝန်လေးတို့မှာ အခက်အခဲရှိတာ နားလည်ပါတယ်။ ဆရာအောင်သင်းပြောသလို ဆရာဝန်ဖြစ်မှတော့ လူနာနဲ့ဆက်ဆံရတာ အနဲနဲ့အများ ပင်ပန်းမှာပဲလေ။ ဒါဟာတာဝန်ယူ တတ်မှု တာဝန်သိမှုပါ။ သေသေချာချာ ဆက်စပ်ကြည့်ပါ ဆရာဝန်လေးတို့ရဲ့ ပြဿနာဟာ လူနာမဟုတ်ပါဘူး။ ကျန်းမာရေးဝန်ကြီးဌာန သာဖြစ်တယ်ဆိုတာ မြင်စေချင်ပါတယ်။
    လူနာ ၉၉ ရာခိုင်နှုန်းဟာ ဆရာဝန်လေးတို့လို ဆရာဝန်တွေထက် ပညာနည်းပါးပြီး ဆင်းရဲနွမ်းပါးလွန်းလို့ပါ။ လူနာဆိုတာ သာမန်ပြည်သူအများစုပါ။ ပြည်သူတွေနိမ့်ပါးလာတာ မကောင်းတာဟာ နိုင်ငံခေါင်းဆောင်တွေအားနည်းချက်ကြောင့်ဆိုတာ မြင်စေချင်ပါတယ်။ ပြည်သူတွေမှားတယ်ချည်း လက်ညှိုးမထိုးစေချင်ဘူး။ ကျနော်ကိုယ်တိုင်လဲ ဆရာဝန်မိသားစုဝင်ပါ။ ဆရာဝန်တွေရဲ့အခက်အခဲ နဲ့ခံစားချက်ကို နက်နက်ရှိုင်းရှိုင်းနားလည်ပါတယ်။ အခုပြဿနာက ဆရာဝန်အပေါင်းသူတော်ကောင်းတွေနဲ့ ပညာတတ်ပညာရှိပညာရှင်တွေရဲ့ တာဝန်ယူတတ်မှု အားနည်းလို့ပါ။ မလှုပ်မရှုပ်မပြုတ် ဆိုတဲ့ထုံး နှလုံးမူနေလို့ပါ။ media ကိစ္စတော့ ကျနော်ဝင်မပြောချင်ပါဘူး။ ကျနော်ကိုယ်တိုင်မသိလို့ပါ။ သိတဲ့လူတွေ ဖြေပါလိမ့်မယ်။

    ReplyDelete
  4. မောင်မေတ္တာAugust 24, 2011 at 7:04 PM

    ဆရာသိန်းမြင့်ခင်ဗျား-
    တလောတုန်းက ကျနော်အသိမိတ်ဆွေတစ်ယောက် သူ့အမေ နေမကောင်းလို့ ဆေးခန်းသွားပြပါတယ်။ သူ့ အမေက ဆီးချို သွေးတိုး နှလုံး ရောဂါစုံပါတယ်။ အိမ်မှာ ရုတ်တရက် ဆောင့်တက်သလိုဖြစ်ပြီး လည်ပင်းက မခံနိုင်အောင် နာကျဉ်းလာလို့ အိမ်သူအိမ်သားတွေ ၀ိုင်းပြုစုလိုက်ကြတာနဲ့ တစ်ခဏချင်းပဲ သက်သာသွားပါတယ်။ ပြီးတော့မှ သူ့ပြနေကြ ဆရာဝန်ကို သွားပြတာပါ။ ဆေးခန်းရောက်လို့ ဆရာဝန်က အဖွားဘယ်လိုဖြစ်တာလဲ ဘာလဲ မေးတော့လဲ ကောင်းကောင်းမွန်မွန် ပြန်ဖြေနိုင်ပါသေးတယ်။ ဆရာဝန်က စမ်းသပ်မလို့ အိပ်ရာပေါ် လှဲခိုင်းလိုက်တော့မှဘဲ ချက်ချင်းဆိုသလို လည်ပင်းက နာလာပြီ နာလာပြီ ဆိုပြီ တစ်ခဏအတွင်းမှာဘဲ အသက်ပျောက်သွားပါတယ်။
    ဒီအဖြစ်အပျက်မှာ ဆရာဝန်က ဘာမှဆို ဘာမှ မလုပ်ရသေးပါဘူး။ ဆေးဆိုလို့ တစ်လုံးမှတောင် မထိုးရသေး ဘူး။ စမ်းသပ်မလို့ လုပ်နေတုန်းမှာ ကောက်ကာ ငင်ကာ ဖြစ်သွားတာပါ။ ဒါကို အတူပါသွားတဲ့ ကျနော်မိတ်ဆွေက မွှန်ထွန်ပြီးတော့ ဆရာ ခုနက အကောင်းကြီး၊ ဆရာ အိပ်ခိုင်းလိုက်လို့ ဖြစ်တာ ဆရာပြန်ကောင်းလာအောင် လုပ်ပေးရမယ် ဆိုပြီး ငိုယိုပြီးတော့ ပြောမိ ပြောရာ ဆရာဝန်ကို အပြစ်တင်စကားတွေ ပြောပါတယ်။ ဆရာဝန်ကလဲ ကျနော် ဘာမှ ဘာမှ မလုပ်မိပါဘူး။ ဘာဆေးမှလဲ မထိုးရသေးပါဘူး ဆိုပြီး တောင်းတောင်းပန်ပန် ပြောရှာပါတယ်။ ကျနော်အနေနဲ့ အဒီဆရာဝန်ကို တော်တော်လေး သနားသွားတယ်။ လူနာဟာ သေချိန်ကျလို့ သေတယ် လို့ပဲ ပြောရမယ်ထင်ပါတယ်။ ကံမကောင်းချင်တော့ ဆရာဝန်က စမ်းသပ်မလို့ လုပ်နေတုန်းမှာ တိုက်တိုက်ဆိုင်ဆိုင် သွားဖြစ်လိုက်တော့ မသိရင် ဆရာဝန်ကြောင့် သေရသလိုမျိုးကြီး ဖြစ်နေတယ်။ ဆေးတစ်လုံးလောက် ထိုးပြီးမှ သေများသွားခဲ့ရင် ဆရာဝန်အတွက် မတွေးရဲစရာကြီးပါ။
    ကျနော် မိတ်ဆွေကတော့ သူ ဆရာဝန်ကို မွှန်ထွန်နေတဲ့အချိန်မှာ ပြောမိပြောရာပြောခဲ့တာဟာ မှားကြောင်း ကျနော်ကို လာပြောပြပါတယ်။ ကျနော်ကတော့ ဆရာဝန်ကို သွားတောင်းပန်ဖို့ ပြောလိုက်ပါတယ်။
    ဆရာ့စာထဲမှာပါတဲ့ ဟောလစ်ပုလင်းနဲ့ လိုက်ထုတဲ့ လူနာဟာ ကျနော့်အထင်အရ အရက်ကြောင်တာများ ဖြစ်နေမလားမသိဘူး။

    ReplyDelete
  5. ဘက် ၂ ဘက် က အသံ ကြားရလို့  ၀မ်းသာပါတယ်။
    clinical သမားတွေ ဘာသာ ရှာစားကြ ပေတော့ ဆိုပီး လုပ်သက်၁၃ နှစ်၊ M.Med.Sc.အောင်ပီးသား ဆရာဝန်တွေ A/S ဘ၀ က မတက်တာတွေလဲ သိနေပါတယ်။
    နဂိုကမှ အားငယ်နေတဲ့လူမမာဟာ ဆေးရုံအပေါက်စောင့် ကအစ သဟောက်သဟာလုပ်တာ ခံခဲ့ရတော့ ပိုပီးစိတ်တိုသွားတဲ့
    psychological response ကို စာနာပါ။
    နေပြည်တော်ဆေးရုံ တော့ မသိပါ။ မြောက်ဖျား ပူတာအို ကနေ တောင်ဖျား ကော့သောင် အထိ ဆေးရုံတွေ မှာ ပြည်သူတွေ ဘယ်လိုခံစားနေကြ ရတယ် ဆိုတာ ဆရာ မြင်တတ်ပါစေ။

    ReplyDelete
  6. ကျနော့ အမေ .. ဆရာဝန် အသုံးမကျလို့ မဖြစ်သင့်ဘဲ ဆုံးပါးသွား ခဲ့ပါတယ် ...

    ReplyDelete
  7. This is a good example of that we should not believe what media post. Thank to the writer for exposing the true story. When I read that story, I noticed the exaggerated nature of the story. Now I realize what the media hide about the story. Thanks a lot.

    ReplyDelete
  8. အခုတ‌လောဆရာဝန်‌တွေကိုစစ်အာဏာရှင်လူတန်းစား
    ‌တွေနဲ့တတန်းထဲထားပြီးတိုက်ခိုက်‌နေကြသလိုထင်မိတယ်...တကယ်‌တော့ဆရာဝန်‌တွေ
    ထဲမှာလဲ‌ငွေ‌နောက်လိုက်ပြီးအကျင့်ပျက်‌နေကြတဲ့သူ
    ‌တွေအများကြီးရှိသလို..တကယ့်ကိုစိတ်‌စေတနာ‌ကောင်းမွန်တဲ့..စစ်အစိုးရကိုမကြိုက်တဲ့..ပြည်သူထဲကပြည်သူ့ဆရာဝန်‌တွေအများကြီးပါ..နာ‌ရေးအသင်းတို့။မိဘမဲ့‌ကျောင်းတို့။ဘိုးဘွားရိပ်သာတို့မှာအခမဲ့‌ဆေးကု‌ပေး‌နေတဲ့ဆရာဝန်‌တွေအများကြီးပါ..ေ ပြာချင်တာက‌တော့ဘယ်နယ်ပယ်မှာဘြဲဖစ်ဖြစ်အ‌ကောင်းနဲ့အဆိုးဆိုတာရှိစမြဲမို့..ဝါးလုံး‌ချေးသုတ်ပြီး‌တော့မရမ်းသင့်ဘူး‌ပေါ့ဗျာ..ကျ
    ‌နော်လဲဆရာဝန်မဟုတ်ပါဘူး...။

    ReplyDelete
  9. မီမီဒီရာAugust 25, 2011 at 3:31 AM

    လျှပ်စီးလိုမြန်တဲ့အင်တာနက်ခေတ်ကြီးမှာလူနာဖက်ကပြောတာတင်ပြရသလိုဆရာဝန်ဖက်ကလည်ပြန်ဖြေရှင်လို့ရပါ တယ်..မီဒီယာဆိုတာနာမည်ရအောင်သတင်းထူးဆိုတင် လေ့ရှိတယ်..ဦးနှောက်ကိုဘုရားဖန်ဆင်းတာဘာအတွက်လဲ...

    ReplyDelete
  10. To the guy who has commented above,
    If Irrawaddy was hiding something, why they did post the witness's letter on their own blog. And see.. they did not remove your comment as well. Don't you notice that it is Irrawaddy, not myanmar.com. Thank you Irrawaddy and surely there is no question for us about your professional ethics. Go ahead.. keep doing you job. Cheers!
    Ko Sai.

    ReplyDelete
  11. ကြုံ့လို.ပြောပြချင်တာပါ အဖိုးဆုံးတာလည်းနည်းနည်းတော့ကြာပါပြီ တညနေမှာ အဖိုးကအသက်ရှူကျပ်လာတယ် နှလုံးအားနည်းတာလည်းပါတယ် အဲဒါနဲ. သူ.သားအကြီးကိုဖုန်းဆက်ပြီးဆေးခန်းကိုခေါ်သွားပါတယ် အိပ်နေရင်ပိုကျပ်တယ်ဆိုလို. သူ.ကို မတ်မတ်လေးပဲထားရတယ် ဆေးခန်းရောက်တော့ ဆရာဝန်ကြီးက ECG ဆွဲဖို.ဆိုပြီး လှဲအိပ်ခိုင်းပါတယ် အဲဒီမှာ အဖိုးဟာ ပိုကျပ်လာပြီး အသက်ပါ ထွက်သွားတယ် အလောင်းကိုအိမ်ပြန်သယ်လာပြီး နောက်တနေ. ဆရာဝန်ကြီးဆီမှာ အဖိုးရဲ့တူတစ်ယောက်က သေဆုံးကြောင်းထောက်ခံစာသွားတောင်းတော့ အဲဒီဆရာဝန်က ဘာပြောသလဲဆိုတော့ "မင်းအကိုက အလိုက်မှမသိတတ်တာကိုး" ကဲစဉ်စားကြည့်ကြတော့ `ထောက်ခံစာသွားတောင်းတဲ့အကိုက ကျမကိုပြန်ပြောပြတာ ကြားကြားချင်း သူ ဆရာဝန်ကိုဆွဲထိုးချင်စိတ်ပေါက်သွားတယ်တဲ့ ပြီးမှ စိတ်ကိုထိန်းပြီးပြန်လာခဲ့တယ်တဲ့ အဲဒီစကားကို မိသားစုအရင်းကိုသူမပြောပြခဲ့ဘူး အဖိုးတို.မိသားစုကပိုက်ဆံတတ်နိုင်ပါတယ် ဆေးခန်းကိုေါ်သွားတဲ့ သူ.သားက ၀န်ကြီးဌာနတစ်ခုက လက်ထောက်ညွှန်ကြားရေးမှူးပါ ဒါပေမဲ့ ရိုးသားလွန်းတယ် သူ.အနေနဲ. ဆရာဝန်ကို ပိုက်ဆံအရင်ပေးဖို.မေ့သါားတာဖြစ်မှာ ။ အဖေဇောနဲ. ပူထူနေလို.ပါ ။ သေသွားပြီးမှတော့ ဘာမှမတတ်နိုင်ဘူးလေ ။ အင်းစိန်ကအထူးကုဆေးခန်းတခုမှာပါ။ ကြုံလို.ကိုယ်တွေ.လေး ပြောပြတာပါ ။တချို.
    ဆရာဝန်တွေ အရမ်းတော်ပြီး စေတနာကောင်းကြတယ် ကျမကိုယ်တွေ.ဆိုရင် ဆရာကြိးဦးသန်းဝင်း( မန်း/ဆေး) က ပါချုပ်ကြီးပါ ။ကျမတို.မိသားစု သူ.ကိုအမြဲလေးစား ကျေးဇူးတင်နေတာပါ ။လူနာတွေအပေါ်မှာ စေတနာထားတယ် စိတ်ရှည်တယ်။

    ReplyDelete
  12.္စ္ကဧရာဝတီ ကယ်တင်ရှင်လို့ထင်တော့ရော ဘာဖြစ်လဲဆရာရဲ့ ။ ပိုတောင် ဂုဏ်ယူသင့်သေးရဲ့

    ReplyDelete