~
ကျွန်တော် က တော့ ယဉ်မောင်းတစ်ဦး ပါ ...ပြောစရာလေး တွေ ရှိလာလို့ ဒီစာလေးကိုပို့လိုက်ရပါတယ် ... ကျွန်တော်တို့ မြန်မာပြည်က လမ်းတွေ တံတားတွေ ကြံ့ခိုင်ရေး...ရေရှည်အသုံးပြုနိုင်ရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ (အာဆီယံ စံနှုန်းများနဲ့ အညီလို့ပြောပါတယ်)အညီ ...၆ဘီး ...၈ဘီး... ၁၀ဘီး... စတဲ့စတဲ့ ကားတွေ အတွက် ကုန်ချိန်များသတ်မှတ်ပေးခဲ့ပါတယ် ပြီးတော့တန်ပိုတင်ရင် လည်း အရေးယူပါတယ်...တကယ်ကိုလုပ်ခဲ့ပါတယ်
အဲ...သိပ်မကြာပါဘူးဗျာ... ပြန်ပြီးပျက်သွားပြီးတော့ တင်ချင်သလိုတင်တော့လို့လုပ်ပြန်ပါတယ် သိပ်မကြာပါဘူး ...စံနှုန်းနဲ့ဆိုပြန်ဖြစ်သွားပြန်ပါတယ်
အဲ့မှာ တစ်ခုမေးစရာရှိတာက အာစီယံ စံနှုန်း ဆိုရင် ကျန်တဲ့ အာစီယံ နိုင်ငံတွေ ကရော ဒီလိုပဲလား ...ဒီလိုပဲဆိုရင်ကျန်တဲ့ အာစီယံ နိုင်ငံတွေ ရော အဲ့လို ဥပဒေ ထုတ်လိုက် ပြန်ပြင်လိုက်ပဲလားခင်ဗျ မသိလို့ပါ ...
ဘယ်လိုကြောင့်ဖြစ်ဖြစ် ကျွန်တော်တို့ ကားသမားတွေမှာ အတော်လေးကို ဒုက္ခရောက်ကြရပါတယ် ...ကုန်တွေတင်သွားကြ တင်လို့မရတော့ဘူးဆိုပြီးဒဏ်ငွေ ဆောင်လိုက်ကြရ ...နောက်တစ်ခါ ကျတော့ တင်လို့ရတယ်ပြောလိုက်ကြနဲ့ဗျာ ... လုပ်မယ် ဖမ်းမယ်ဆိုလည်း အကုန်ဖမ်းပေါ့ ...ခုဟာ က ဖမ်းတဲ့ကားကျတော့ ဖမ်းတယ် ...လွှတ်ပေးတဲ့ကားကျတော့လွှတ်ပေးတယ်ဗျာ...ကျွန်တော်တို့ တော်တော်လေးကို ဒုက္ခရောက်ပါတယ် ...
ပြီးတော့ ကြားရတာက မြန်မာ နိုင်ငံက အာစီယံ ဥက္ကဋ္ဌ နေရာ ကို လျှောက်ထားတယ်ဆို ... ဒီလို ဖြုတ်လိုက်တတ်လိုက် ဥပဒေနဲ့ နိုင်ငံလက်ထဲ ကို အာစီယံ ဆယ်နိုင်ငံ အရောက်ခံ လိုက်ရင် ကျွန်တော်တို့ကားသမားတွေ ဘယ်လို ဥပဒေနဲ့မောင်းရ တင်ရမလဲ...ပြီးတော့ ရော သူတို့လွှတ်ပေးတဲ့လူလွှတ်ပေးဆိုရင် ဒုက္ခပဲဗျာ ...ခုလည်း အဲ့ဒီလိုလုပ်နေတယ်ဆိုတာ နိုင်ငံတော် သမ္မတ ကြီး လည်းဒီ ကနေတစ်ဆင့် သိစေချင်ပါတယ်ခင်ဗျာ...
~

ဗိုချုပ်အေးသောင် လက်ထက် ကတော့ ကားဖရိမ် ကိုပါ ဖြတ်ခိုင်းခဲ့ဘူးပါ သဗျ။
ReplyDeleteအာစီယံ စံ မပေါ်ခင် က သမိုင်းလေးပါ။
တင်ချင် သလိုတင် ရင်တော့ တံတား ဘယ်လို လုပ်ခံနိုင် မှာဘည်း ဗျာ .. လူတွေ ကတော့ လုပ်ချင်သလို လုပ်နေကြတော့တာပါဘဲ
ReplyDeleteအာဆီယံစံ ဆိုပြီးနေရာကွက်ပြီး သတ်မှတ်တော့ဘာကောင်းလာမှာလဲ ဂွင်တွေပိုထွင်လာတာဘဲအဖတ်တင်တယ်။ လမ်းတွေမှာရောအာဆီယံစံမရှိဘူးလား။လူတွေလဲအာဆီယံစံ နဲ့ဘောင်ဝင်လုပ်၊အုပ်ချုပ်ရေး၊တရားစီရင်ရေး၊ပညာရေး၊ကျန်းမာရေး၊လူ့အခွင့်အရေးတွေလဲအာဆီယံစံလေးလုပ်ပါဦးမောင်ရင်တို့ရယ်
ReplyDeleteအာစီယံ စံအတိုင်းဖြစ်ချင်ရင် အာစီယံစံနှုန်းနဲ့ညီတဲ့ လမ်းတွေ တံတားတွေ နဲ့ အာစီယံနိုင်ငံတွေကရရှိနေတဲ့ ဈေးနှုန်းတွေကို တချက်လောက်လေ့လာသင့်ပါတယ်။သူတို့နိုင်ငံတွေမှာ စက်သုံးဆီကို လိုတဲ့အချိန် လိုတဲ့နေရာမှာအလွယ်တကူဝယ်ယူနိုင်ပါတယ်။ toll feeမှလွဲ၍အခြားမည်သည့်ကောက်ခံမှုများမရှိပါ။လမ်းတံတားကောင်းမွန်မှုကြောင့် ယာဉ်ပျက်စီးမှုနည်းပါးပါတယ်။
ReplyDelete