နောက် ၂ ပွဲလုပ်ဦးမယ် ... ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဖိတ်မယ်
နေပြည်တော် မြို့တော်ခန်းမ
(Credit to မြစ်မခ မီဒီယာ)
သြဂုတ်လ ၁၈ ရက်နှင့် ၁၉ ရက်နေ့၊ နေပြည်တော်တွင် ပြုလုပ်ကျင်းပမည့် စီးပွားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲအား တက်ရောက်ရန် သမ္မတ ဦးသိန်းစိန်မှ ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားထားကြောင်း သိရပါသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တက်ရောက်မည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။
ပြည်တွင်းမှ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ စီးပွားရေးပညာရှင်များကလည်း တက်ရောက်ကြမည်ဖြစ်ပြီး သမ္မတ၏ စီးပွားရေး အကြံပေးပညာရှင်များလည်း တက်ရောက်မည် ဖြစ်ကြောင်း ကြားသိရသည်။
ပြည်တွင်းမီဒီယာများမှ အချို့ကိုလည်း ဖိတ်ကြားထားသည်ဟု ဆိုသည်။
၂၀၁၁ ရဲ့ မျက်နှာညီစုံညီပွဲတော်ကြီးတွေ ကျင်းပနေကြပြီး ထူးမခြားနားဆိုရင်တော့ အန်တီစုလဲ အလကားနေရင်း ဂွမ်းမယ်နော် ၊ ဒီ အရည်ခွံအသစ်လဲအစိုးရက စပြောကထဲက သူတို့လက်သုံးစကား " အစိုးရသစ် အစိုးရသစ် အရင်အစိုးရမဟုတ်တော့ဘူး ပြည်သူတွေတရားဝင်ရွေးကောက်တင်မမြှောက်ထားတဲ့ အစိုးရ " ဆိုတာတော့ အရမ်းကို တွင်တွင်ကျယ်ကျယ်သုံးနေတယ်နော့၊ ပြီးတော့ ကချင်ကိုလဲ အဲ့ဒါနဲ့အစချီ သွားလိမ်နေတော့ ဟိုက အယုံအကြည်ကိုမရှိတော့တာ သတိလဲ ထားကြပါအုန်း အရပ်ကတို့
ReplyDeleteဒီလုပ်ရပ်တွေအားလုံးဟာ အာဏာစက်တည်ပြီးတဲ့နောက် အာဏာစက်ပြန့်အောင်၊ အာဏာစက်ခိုင်မြဲအောင် (ပြည်ပနိုင်ငံတကာထောက်ခံအသိအမှတ်ပြုမှုပါရအောင်) လုပ်တယ်လို့ခေါ်တယ်ဗျ။ နွေလယ်ခေါင်အိပ်မက်တွေ မက်မနေကြနဲ့ နောက်မှနိုးထလာချိန် ဟင်.. ဘာတွေဖြစ်ကုန်ပါလိမ့်? ဆိုတဲ့အခြေအနေမျိုး ရောက်နေလိမ့်မယ်။ ထိပ်ပြောင်တယ်ဆိုတာ ပေါ့သေးသေးအတွေးလေးတွေကြောင့်မဟုတ်ဘူး၊ ဉာဏ်နီဉာဏ်နက်တွေ ဘယ်လောက်များခဲ့လို့ အမြစ်တွေခမ်းခြောက်ပြီး ပြောင်နေတာလဲဆိုတာ ခန့်မှန်းကြည့်ရင်သိလိမ့်မယ်။
ReplyDeleteဘာပဲဖြစ်ဖြစ် ၂ဦး၂ဖက် ပေါင်းပြီး တိုင်ပြည်အမြန်ဆုံးတိုးတက်အောင် လုပ်နိုင်ကြပါစေ ။
ReplyDeleteအဟတ် အ ဟတ်.. ဟွတ် ဟွတ်... အကျဉ်း သား လွှတ် မပေး... နစ် နာ မှု တွေ အတွက် တာဝန် ရှိ သူ တွေ ကို အ ရေး မယူ နဲ့ 
ReplyDeleteချီး တုန်း ရွှေချ.. ပုဂံ ပြား ပေါ် တင် မလှိုင် အုပ် . သကြား ဖြူး.. ရေ မွှေး ဖြန်း.....
ဒီ က လဲ ကြို က် နေ ပြီ လေ.....
ပြည်ပရောက် ကျွန်တော်တစ်ယောက်တော့ ဒေါ်စုနဲ့ အစိုးရ အရမ်းနီးကပ်သွားမှာ စိုးရိမ်တယ်ဗျာ၊ ကျုပ်တို့ရဲ့ ဂွင်လေးတွေ ပျောက်ကုန်တော့မှာမို့....
ReplyDeleteခင်ဗျားတို့က အကုန်မကောင်းပဲမြင်နေတာပဲဗျာ။
ReplyDeleteဒေါ်အောင်ဆန်းစုကြည်ကိုလည်းဖိတ်မယ်လို.ပြောတော့
ReplyDeleteလည်းမကျေနပ်ကြဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရနဲ့. နီးကပ်တော့လည်းမကျေနပ်ကြဘူး။ ခက်တယ်
ခက်တယ် ဒီလူတွေနဲ့တော့။ အစိုးရမကောင်းတာလုပ်တာ၊ မကောင်းတာပြောတာဘဲ ဒီလူတွေ မြင်ချင်ကြားချင် နေကြတာ။