Pages

Friday, August 5, 2011

အံ့ရော ...


ပြီးခဲ့တဲ့လ အတွင်းမှာ ကြံ့ဖွံ့ပါတီ အပါအဝင် ပါတီတချို့က အဖွဲ့ဝင်တွေ ဂျပန်ကို လေ့လာရေးခရီး သွားကြတယ်။ ကြံ့ဖွံ့ကိုယ်စားပြုပြီး ဗိုလ်ချုပ်ဟောင်းသမီး တချို့လည်း ပါသတဲ့။ ပြန်ရောက်တော့ သတင်းစာရှင်းလင်းပွဲမှာ သူ့အတွေ့အကြုံတွေအရ မြန်မာပြည်မှာ ပြည်သူတွေ အသုံးမကျလို့၊ စည်းကမ်းမရှိလို့ ဆိုပြီးပြောလို့ ကြံ့ဖွံ့အတွင်းရေးမှူး ဦးဌေးဦးက မနည်းဖုံးဖိပြီး ဂျာနယ်လစ်တွေကိုလည်း နှုတ်ပိတ်လိုက်ပါရတယ်လို့ သိရပါတယ်။

အဲဒါကို ကြားတဲ့ ကိုဟန်လေးက ကာတွန်းဆွဲပေးလိုက်တာပါ။ ခုနလိုပြောတဲ့ ရဲချုပ်ဟောင်း ခင်ရီ့သမီး၊ ကြံ့ဖွံ့ပါတီဝင်ကို သူမမြင်ဖူးလို့ ထင်သလိုပဲ ဆွဲပေးလိုက်ပါတယ် တဲ့။

4 comments:

  1. မောင်ကောင်းAugust 5, 2011 at 3:47 PM

    ဆရာဟန့် အတွေးစိတ်ကူးပုံဖေါ်ချက်ကတော့ အံ့ရောဗျာ၊ ဖအေတူသမီး ပီသအောင်ကို ပုံဖေါ်ထားတာ၊ ခင့်ရီသမီးဆိုမှတော့ ခင့်ရီ့ ခြေရာနင်းတော့မပေါ့

    ReplyDelete
  2. ကောင်မလေးကတော်ရှာပါတယ်။
    သှူုခင်ဗျာရိုးရိုးသားသားပြောတာပါ။
ူသူ့အဖေတွေ၊ပထွေးတွေကအဲ့ဒီလို
    အခြေအနေရောက်အောင်လုပ်ထား
    တယ်ဆိုတာသူ့ခင်ဗျာမသိပါဘူး။
    ထမင်းဘယ်ကရလဲလို့သူ့ကိုမေးကြည့်
    ရင်ထမင်းအိုးထဲကပါလို့တောင်မသိပါ
    ဘူး။ပြည်သူတွေခင်ဗျာသူတို့လိုပဲအခွင့်
    ထူးတွေရနေတယ်ထင်လို့ပါ။

    ReplyDelete
  3. ရုရှားနိုင်ငံမှာ ဇာဘုရင်ခေတ်က ပြည်သူတွေ ငတ်လို့ ပေါင်မုန့်ပေးပါ လမ်းမပေါ်မှာ အော်ကြတော့ ဘုရင်ကြီးက ပေါင်မုန့် မရှိရင် ကိတ်မုန့် စားကြပါလား လို့ ပြောတယ်ဆိုတာ ကြားဖူးတယ်။ ဒါမျိုးတွေ ရှိနိုင်တယ် ဆိုတာ အစက မယုံဘူး။ ခုတော့ ယုံသွားပြီ။

    ReplyDelete
  4. အို ချစ်သမီး သမီးခင်ရီ
    ဘဇာကြောင့်ဂျပန်အထိသွားပြီး ပြည်သူတွေ
    အမနာပကိုပြောပါဘိသနည်း၊ ပြည်သူ ကိုယ်စား ၊ပါတီကိုယ်စားသွားပြီး ပြည်သူကိုမကောင်းပြောတော့ သမီးပထွေးတော်တွေကငါ့သမီးလေး
    တော်လှတော်လှ လို့ အပြောခံချင်သည် ဟုတ်စ ၊ သင့် မိခင်ဖခင်တို့ကိုသာမသွန်သင်မဆုံးတတ်
    စွဟု အပြစ်တော်ဖို့လိုသည်။
    နောင်အခါများ အမေရိကားသွားခဲ့ရင် ပြည်သူတွေဒီလိုဆင်းရဲကြ
    တယ်ဆိုပြီးတော့ ဖင်လှန်မပြလာပါလေနှင့်

    ReplyDelete